Home » » ထိုင်းရေကြီးမှုကြောင့် မြန်မာလုပ်သားများ ပြည်တော်ပြန်ဝင်ရမှု ပြဿနာ အရေးတကြီး စောင့်ကြည့်ရန်လို

ထိုင်းရေကြီးမှုကြောင့် မြန်မာလုပ်သားများ ပြည်တော်ပြန်ဝင်ရမှု ပြဿနာ အရေးတကြီး စောင့်ကြည့်ရန်လို

Written By မောင်စေတနာ on Thursday, November 10, 2011 | 6:30:00 PM



ထိုင်းနိုင်ငံတွင်း ရေကြီးမှုကြောင့် အလုပ်သွားရောက် လုပ်ကိုင်နေသည့် မြန်မာများ အလုံး အရင်းနှင့် ပြည်တွင်းသို့ ပြန်ဝင်လာမှု သည် ကြီးမားသည့် ပြဿနာ ဖြစ်သည့် အတွက် ဂရုတစိုက်စောင့် ကြည့်ဖို့ လိုအပ်သည်ဟု ချင်းမိုင် တက္ကသိုလ်မှ ပါမေက္ခဒေါက်တာ ဇော်ဦးက ပြောသည်။

”စီးပွားပျက်မှုနဲ့ ဖြစ်လာတဲ့ ပြဿနာဆိုရင် ကျွန်တော် တို့က ဘယ်လိုပြန်ပြီး ဖြစ်လာနိုင်တယ် ဆိုတဲ့ဟာက စီးပွားရေးက ကျွန်တော်တို့က ပြန်ပြီးတွက်ဆထားလို့ ရတယ်၊ မှန်းဆထားလို့ရတယ်။ ဒါပေမဲ့ သဘာဝ ဘေးကြောင့် ဖြစ်တဲ့ ပြဿနာကျတော့ အခုလောလောဆယ် တာဝန်ယူနေတဲ့ ထိုင်းအစိုးရ တောင်မှ ဒီပြဿနာရဲ့ အတိမ်အနက်ကို သေသေချာချာ မခန့်မှန်း နိုင်သေးတဲ့ အချိန် ဖြစ်တဲ့အတွက် ကြောင့်မို့လို့ အခုချိန်မှာ ဘာလုပ်သင့်တယ် ဆိုတာကို ပြောဖို့ ခက်တယ်” ဟု ဒေါက်တာ ဇော်ဦးက ရေကြီး၍ ပြန်လာကြသည့် မြန်မာတို့၏ ဝင်ငွေလျော့ ကျ၍ ငွေကြေး စီးဆင်းမှုလျော့ကျ လာနိုင်မည့် အကျိုးဆက်ကို ပြောသည်။

လွန်ခဲ့သည့် ၁ဝ ရက်ခန့်မှစ၍ ထိုင်းတွင်ရေကြီး၍ အလုပ်များ နားကာ ပြည်တွင်းသို့ ပြန်ဝင် လာကြ သူတို့မှာ မုဒုံမြို့နယ်တစ်ခုတည်း မှာ တစ်ရက်လျှင်လူ ၇ဝ ခန့် ရှိနေ ကြောင်း ဒေသခံ ကိုမန်းထိန်ဝင်းက ပြောသည်။ ”ဒီတစ်ပတ် ပိုများလာတယ်။ ရေများကျ မလားလို့ စောင့်ရင်း စောင့်ရင်းနဲ့ ကိုယ့်အလုပ် အဆင်မပြေတော့ တခြားအလုပ်ရှာ၊ အခု ဘာအလုပ်မှ လုပ်လို့မရတော့ စား ဖို့တောင် မရလို့ ပြန်လာကြရတာ” ဟု ၄င်းက
ပြန်လာသူတို့၏ ပြောပြ ချက်များကို ကိုးကား၍ ပြန်ပြောပြသည်။

ထိုပြန်လာသည့် ပုဂ္ဂိုလ်များမှာ အသက် ၃ဝ မှ ၄ဝ ဝန်းကျင် လူလတ်ပိုင်းအများစုပါဝင်ပြီး ထိုင်းတွင် အလုပ်လုပ်နေသည့် လုပ်သက် ၄ နှစ်ကျော်မှ ၇ နှစ်ကျော် ၈ နှစ်ကျော်သမားတို့လည်း ပါဝင်ကြောင်း ၄င်းထံမှ သိရသည်။

”မြို့ကနေ ထွက်သွားတဲ့ လူ အားလုံး ပြန်လာ တာတော့ မဟုတ် ပါဘူး” ဟု ပြောလာသည့် မန်းထိန်ဝင်းက ရာဘာအစေးခြစ် နေသည့် လုပ်သားများမှာ ပြန် မလာဘဲ ဘန်ကောက်အနီးတစ်ဝိုက် စားသောက်ဆိုင်၊ အရောင်းဆိုင်၊ အလုပ်ရုံများတွင် အလုပ်လုပ်နေသူ များသာ ပြန်လာကြခြင်းဖြစ်ကြောင်း ထပ်ဆင့်ရှင်းပြသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုက ရေစီပါတီမှ မွန်ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးကမူ ”ရေကြီးတဲ့ ပြဿနာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ တော်တော် ပျောက်ဆုံးသွားပြီ”ဟုသုံးသပ်သည်။

မြန်မာငွေ တန်ဖိုးမြင့်သွား၍ ထိုင်းသို့ သွားရောက်အလုပ်လုပ်နေ သူတို့ ပြည်တွင်းသို့ ငွေပြန်လွှဲရာ တွင် တန်ဖိုးငွေလျော့ကာ ရရှိနှုန်း မှာ အလွန်နည်းသွားခဲ့ကြောင်း၊ ထိုအချိန်တွင် ရေကြီးသည့် ပြဿနာ ထပ်ဖြစ်လာ၍ ပိုဆိုးသွား ကြောင်း ဒေါက်တာ အောင်နိုင်ဦး က ပြောသည်။

”တချို့ ပေတေပြီး နေကြတယ်။ မျှော်လင့်ချက်တွေက ပြန် လာတဲ့ လူတွေအတွက် ရေရေ ရာရာမရှိကြဘူး။ အလုပ်အကိုင် အခွင့်အလမ်းကလည်း ဖန်တီးပေး ချင်တယ်။

ပြောင်းလဲမှုက ရေရေရာ ရာမရှိဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က လက်ရှိရင်ဆိုင် နေရသည့် ဒေသ၏ အခြေအနေကို ထောက်ပြသည်။ ဆက်လက်၍၄င်းက ”ဒီနိုင်ငံ မှာ အလုပ်အကိုင်အခွင့်အလမ်းများ များရစေဖို့ အစိုးရသစ် လက်ထက် မှာ ဒါကို စဉ်းစားဖို့ သင့်ပြီလို့ ပြော ချင်ပါတယ်” ဟု သူ၏ သဘော ထားကို ပြောသည်။

ထိုင်းသို့ သွားရောက်အလုပ် လုပ်ကိုင်နေကြသော ဒေသများတွင် မွန်ပြည်နယ်သည် အများဆုံးပါဝင် ပြီး ၄င်းဒေသမှ လူငယ် ၈ဝရာခိုင် နှုန်း သွားရောက်အလုပ်လုပ်လျက် ရှိကြောင်း ဒေသခံ ကိုမန်းထိန်ဝင်း ထံမှ သိရသည်။ ထိုသို့ မိခင်နိုင်ငံသို့ ပြန်လာခြင်းမျိုးသည် ၂ဝဝ၈ စီးပွားပျက်ကပ် ဆိုက်ချိန်က ရှိခဲ့ဖူးသည်။ ဒေါက်တာဇော်ဦးက ထိုသို့ ပြန်လာသည့်အကြောင်းအရာတို့၏ အခြေခံမတူညီမှု အပေါ်တွင် ယခုကဲ့ သို့သုံးသပ်သည်။

”အခုလိုပဲ လုပ်သားတွေ ပြန်လာခဲ့ဖူးတယ်၊ ဒါကတော့ စီးပွားရေးနဲ့ ဆိုင်တာပါ၊ အခုဟာက သဘာဝဘေးနဲ့ ဆိုင်တဲ့ အတွက်ကြောင့် မို့လို့ ဒီသဘာဝဘေး ကြောင့် ဖြစ်လာမယ့် နောက်ဆက် တွဲ ပြဿနာတွေ ဘယ်လောက် ထိ အချိန်ယူမယ်၊ ဘယ်လောက် ထိ ဒါကို ပြန်ပြီးတော့ ပုံမှန်အတိုင်း ဖြစ် လာ အောင် လုပ်နိုင်မယ့်ကိစ္စ ကတော့ ကျွန်တော်တို့ သေချာခန့် မှန်းလို့မရနိုင်တဲ့ ကိစ္စတွေ၊ ဒါကြောင့် စောင့်ကြည့်မှုက ပိုပြီးတော့ အရေး ကြီးတယ်လို့ ပြောလို့ရပါတယ်” ဟု ဆိုသည်

Source by : တင်ဇာဇော် - Popular News
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။