Home » » အိမ်ဖော်များ နေထိုင်ခွင့် ဟောင်ကောင် သဘောထားကွဲ

အိမ်ဖော်များ နေထိုင်ခွင့် ဟောင်ကောင် သဘောထားကွဲ

Written By မောင်စေတနာ on Sunday, October 23, 2011 | 5:31:00 AM



စိုးလွင်။ (ဂျာကာတာပို့စ်) တနင်္ဂနွေနေ့တိုင်း ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံများမှ အိမ်ဖော်များက ၎င်းတို့၏ အားလပ်ရက်ကို သူငယ်ချင်းများ၊ တနိုင်ငံ တည်းသားများနှင့် တွေ့ဆုံခြင်းကြောင့် ဟောင်ကောင်ရှိ လူအများသွားလာသည့်နေရာများ ပြည့်ကျပ်လျက်ရှိသည်။

ဟောင်ကောင် မြို့လယ်ရှိ အိပ်ဂ်ျအက်စ် ဘီစီ အဆောက်အဦးအောက်တွင် နိုင်ငံခြားသား အလုပ်သမား အများဆုံး တွေ့ဆုံကြသည်။

တရားရုံးက ၎င်းတို့အား အမြဲတမ်းနေထိုင်ခွင့် လျောက်ထားပိုင့်ခွင် ချမှတ်ပေးခဲ့သည်။ သို့သော်လည်း ယင်းဆုံးဖြတ်ချက်သည် အိမ်ဖော်များ အကြား၌ပင် ကွဲပြားသည့် တုံ့ပြန်မှုများဖြင့် မြင့်တက်လျက်ရှိသည်။

တောက်ပနေတဲ့ မိုးထိ တိုက်တွေနဲ့ စီးပွားရေး အချက်အချာကျသည့် နေရာက ၎င်းတို့လာရောက်ခဲ့သည့် အိမ်နီးနားချင်း နိုင်ငံများထက် သာလွန်လျက်ရှိသည်။

သတင်းစာများတွင်လည်း ဆန့်ကျင်သည့် ငြင်းခုံမှုများ ထည့်သွင်းခဲ့ကြပြီး ပြိုင်ဘက်များကလည်း ယင်းအမှုကြားနာရာတွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

လူပေါင်း ၅၀၀ ခန့်ကလည်း တရားရုံး စီရင်ချက်ကို ဆန္ဒပြခဲ့ကြသည်။

တချို့သော အိမ်ဖော်များအတွက် ဆုံးဖြတ်ချက်က ကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးသကဲ့သို့ဖြစ်သည်။

၁၉၈၈ ခုနှစ်ကတည်းက ဟောင်ကောင်တွေနေထိုင်လာခဲ့သည့် အသက် ၄၅ နှစ်အရွယ် လန်နီးဟတ်ဘက်က အမြဲတမ်း နေထိုင်ခွင့်လျောက်ထားရေးကို စဉ်းစားမည်ဖြစ်ကြောင်း ပြောသည်။

“တကယ်လို့ ကျမရခဲ့မယ်ဆိုရင် ဖိလစ်ပိုင်က ယောက်ကျာ်းနဲ့ ကလေး၂ ယောက်က ဟောင်ကောင်ကို လာနိုင်တဲ့ အတွက် ကျမကြိုးစားကြည့်ချင်တယ်၊ ကျမသမီးတွေလည်း ပိုကောင်းတဲ့ ပညာရေး ရနိုင်တာပေါ့၊ ခွဲခြားခံရမှုကို ဖျက်သိမ်းလိုက်တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ပျော်ရွင်မိပါတယ်” ဟု သူမက ပြောသည်။

ကုန်ကျစရိတ်နှင့် မိသားစု ချည်နှောင်မှုသည် တခြားသူများအတွက် အနှောင့်အယှက် ဖြစ်နေကြောင်းဆိုသည်။

“ကျမပြန်ချင်တယ်” လို့ နှောင့်နှေးမနေဘဲ အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံသူ အက်စ်ရီယာသွန်းက သူ့ဘာသာဖြင့် ပြောသည်။



ဟောင်ကောင်တွင် ၇ နှစ်ကြာအမြဲနေထိုင်ပြီးပါက အမြဲနေထိုင်ခွင့်ကို လျောက်ထားနိုင်ပြီဖြစ်ပြီး မဲပေးခွင့်နှင့် အလုပ်လုပ်ခွင့် မလိုဘဲ နေထိုင်ခွင့်ရှိမည်ဖြစ်သည်။

ဟောင်ကောင်တွင် နိုင်ငံခြား အိမ်ဖော် ၂၉၂၀၀၀ ရှိပြီး ၎င်းတို့သည့် လျောက်ထားပိုင်ခွင့်မရှိသူများ စာရင်းတွင် ထည့်သွင်းခံ ထားသည်။

ယာယီ ပြင်ဆင်ထားမှုညသ်ည ဖွဲ့စည်းပုံနှင့်မညီသော်လည်း ဗဟိုတရားရုံးကယင်းသို့ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမြဲတမ်းနေထိုင်ခွင့်သည် အိမ်ဖော်များအတွက် အလုပ်ရှင်တဦးတယောက်တည်းဖြင့် လုပ်စရာမလိုတော့ဘဲ တခြားသော အလုပ်များလုပ်ပိုင်ခွင့်နှင့် အများသုံးအိမ်များတွင် နေထိုင်ခွင့်စသော အကျိုးများ ခံစားရမည်ဖြစ်သည်။ အစ

နိုင်ငံခြား အိမ်ဖော်များ၏ ကလေး၊ ကြင်ယာများအပါအ၀င် လူပေါင်း ၅ သိန်းခန့်ရောက်ရှိလာမည့် ဖြစ်သည့်အတွက် အထွေထွေ လုံခြုံရေးအတွက် အစိုးရက အမေရိကန် ၃.၂ သန်း ပိုမိုကျန်ကျနိုင်သည်ဟု အစိုးရလိုလားသည့် ပါတီက ဆိုသည်။

အလုပ်လက်မဲ့ဦးရေသည် ၃.၅ မှ ၁၀ ရာခိုင်နှုန်းအထိ တိုးလာသည်ဟု တိုးတက်သည့် ဟောင်ကောင် ဒီမိုကရက်တစ် မဟာမိတ်က ပြောသည်။

လူဦးရေ ၇သန်းရှိသည့် ၀င်ငွေကွာဟမှုများပြားသည် ဟောင်ကောင်သည် တရားရုံး၏ အမိန့် ချမှတ်ခဲ့မှုကြောင့် ၁၁၇၀၀၀ ရှိသော နိုင်ငံခြား အိမ်ဖော်များက လျောက်ထားခွင့်ရရှိမည်ဖြစ်သည်။

“ကျမဟောင်ကောင်ကို ချစ်ပါတယ်၊ တကယ် မြို့တော်ကြီး တခုပါ၊ ဒီမှာရောက်တာ ကျမတို့အတွက် ကောင်းပါတယ်” ဟု အစ္စလာမ်ဘာသာဝင် အင်ဒိုနီးရှား အိမ်ဖော်ဖြစ်သူ အက်စ်ရီယာသွန်းက ပြောသည်။ ဗစ်တိုးရီးယား ပန်းခြံသည် သူတို့အတွက် တနိုင်ငံတည်းကလာသည့် တခြားသော အိမ်ဖော်များနှင့် တွေ့ဆုံသည့်နေရာလည်းဖြစ်သည်။

“နောက်နှစ်မှာ အမြဲတမ်းနေထိုင်ခွင့် ကျမလျောက်ခွင့်ရမယ်ဆိုရင်တောင် လျောက်ဖို့ အစီအစဉ်မရှိပါဘူး၊ ဒီမှာ အလုပ်လုပ်ဖို့ပါ၊ မိသားစုက အင်ဒိုနီးရှားမှာရှိပါတယ်၊ ကျမပြန်ချင်ပါတယ်” ဟု သူမက ပြောသည်။

သူမအုပ်စုအတွင်း တခြားသူများက သဘောတူခဲ့ကြသည်။

သား ၈နှစ်အရွယ်တွင် မိခင်ဖြစ်သူ အက်စ်ရီယာသွန်းက အင်ဒိုနီးရှားကို စွန့်ခွာ၍ စင်္ကာပူတွင် အိမ်ဖော်လာရောက်လုပ် ကိုင်ခဲ့ကာ နောက်ပိုင်း ဟောင်ကောင်သို့ ပြောင်းရွှေ့ခဲ့သည်။ သူမသည် ဂျာမနီ ဘဏ်အလုပ်သမား တဦးအိမ်တွင်အလုပ်လုပ် ကိုင်နေပြီး ၂၀၁၃ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

ယခုအခါ အသက်S ၁၄ နှစ်ရှိပြီ ဖြစ်သော သားဖြစ်သူကို တနှစ်လျှင် တကြိမ် သွားရောက်တွေ့ဆုံသည်။

“သားရဲ့ ရှေ့ရေးအတွက် ဒီမှာကျမက အလုပ်လာလုပ်တာပါ၊ သူကြီးလာရင် ဘယ်ကိုမှ သွားပြီးအလုပ် လုပ်စရာ မလိုတဲ့အတွက် ကျမလို သူကလေးနဲ့ ခွဲစရာမလိုတော့ဘူးပေါ့” ဟု သူမက ပြောသည်။

နိုင်ငံခြား အိမ်ဖော် ၈၀၀၀ ကို ကိုယ်စားပြုသည့် အာရှ ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်ပေးသည့်အဖွဲ့ Dolores Balladares က “ဖယ်ရှားလိုက်တာက တကယ်ကို အဟန့်အတားတခုပါ၊ ကျနော်တို့ အလိုအလျောက် ဒီအခွင့်အရေးကို ရတယ်လို့ ပြောလို့မရပါဘူး” ဟု ပြောသည်။

“ဒီမှာ လူနေမှုအဆင့်က အရမ်းမြင့်တဲ့အတွက် မလွယ်ပါဘူး၊ ဟောင်ကောင်မှာ အတော်ကြာ အလုပ်လုပ်ပြီးတော့ နိုင်ငံခြားအိမ်ဖော်တွေက မိသားစုနဲ့ ပြန်ပေါင်းဆုံဖို့အတွက် ပြန်ချင်ကြပါတယ်” ဟု ၁၇ နှစ်ခန့် အိမ်ဖော်အလုပ်လုပ်ကိုင်ခဲ့သည့် ဘွဲ့ရ Balladaresက ပြောသည်။

အာရှရှိ တခြားသော နေရာများထက် ဟောင်ကောင်သည် အိမ်ဖော်များအတွက်ပိုမို ကောင်းမွန်သည့် နေရာ တခုဖြစ်ခဲ့သည်။ နိုင်ငံခြား အိမ်ဖော်များအတွက် တပတ်လျှင်တရက်နားခွင့်၊ ဖျားနာခွင့်နှင့် အနိမ့်ဆုံးလစာ အမေရိကန်ဒေါ်လာ ၄၈၀ ရရှိကြသည်။

ခွဲခြားခံနေရပြီး ဥပဒေအရအကာအကွယ် ပေးမှုမဲ့နေသေးကြောင်း၊ အိမ်ဖော်၏ နေထိုင်ခွင့်သည် သတ်မှတ်ထားသည့် အိမ်ရှင်နှင့် ချည်နှောင်ထားသဖြင့် ထိခိုက်လွယ်ကြောင်းအခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

အစိုးရက သောကြာနေ့ စီရင်ချက်ကို စိတ်ပျက်မိကြောင်းနှင့် အယူခံဝင်မည်ဟု ပြောသည်။

အယူခံဝင်နေစဉ်အတွင်း နိုင်ငံခြား အိမ်ဖော်များ နေထိုင်ခွင့် လျောက်ထားခြင်းကို လုပ်ဆောင်ခြင်းမရှိရန် တရားရုံးခွင့်ပြုချက် ရရှိရန် စီစဉ်မည်ဖြစ်သည်။ တချို့သော ဥပဒေ အရာရှိများက ယင်းကိစ္စကို တရုတ်နိုင်ငံကို လွဲပြောင်းပေးရန် တောင်းဆိုခဲ့ သည်။

“ကျနော်တို့ စီးပွားရေးမှာ အိမ်ဖော်တွေရဲ့ ပါဝင်မှု အခန်းကဏ္ဍကို ကျနော်အသိအမှတ်ပြုပါတယ်၊ သူတို့ကြောင့် ဒေသခံ အမျိုးသမီးတွေ အလုပ်လုပ်နိုင်ပါတယ်” ဟု အိမ်ဖော်များ အမြဲနေထိုင်ခွင့်ကို ဆန့်ကျင်သူ စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖ် လန်မ်းက ပြောသည်။

“သူတို့တွေကို အမြဲတမ်းနေထိုင်ခွင့် ပေးဖို့ဆိုတာက ကွဲလွဲနေတဲ့ ပုံပြင်တွေပါဘဲ” ဟု ဖိလစ်ပိုင် အိမ်ဖော်တဦးကို ဌားရမ်းထားသည့် လန်မ်းက ပြောသည်။ (ဂျာကာတာပို့စ်)

သူရိယဂျာနယ်

Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။