Home » , » ၂၀၁၂ အတွက် ကမ္ဘာ့ဆန်ထုတ်လုပ်မှု ခန့်မှန်းချက်ကို FAO က လျှော့ချ

၂၀၁၂ အတွက် ကမ္ဘာ့ဆန်ထုတ်လုပ်မှု ခန့်မှန်းချက်ကို FAO က လျှော့ချ

Written By မောင်စေတနာ on Sunday, August 19, 2012 | 7:56:00 PM



၂၀၁၂ အတွက် ကမ္ဘာ့ဆန်ထုတ်လုပ်မှု ခန့်မှန်းချက်ကို FAO က လျှော့ချFAO က ၂၀၁၂ အတွက် ကမ္ဘာ့ဆန် ထုတ်လုပ်မှု ခန့်မှန်း ချက်ကို လျှော့ချ ခန့်မှန်း ထားပါတယ်။ ဒါပေမဲ့ ရောင်းအားက ၀ယ်လိုအား ထက်ကျော်လွန်နေ ဦးမှာဖြစ်ပြီး၊ ဆန်တင်ပို့တဲ့ နိုင်ငံ များက ပြည်ပတင်ပို့မှု ပိတ်ပင်ဖွယ်မရှိတာကြောင့် စားနပ် ရိက္ခာ အကျပ်အတည်း တိုးလာဖို့ မရှိဘူးလို့ ဆိုပါတယ်။

အိန္ဒိယ နိုင်ငံမှာ ပျမ်းမျှ မုတ်သုန်မိုး ရွာသွန်းမှုအောက်ရောက်ရှိနေ တာကြောင့် ကမ္ဘာ့စပါးထုတ်လုပ်မှု အလားအလာကို တန်ချိန် ၇ ဒသမ ၈ သန်းလျှော့ချပြီးတန်ချိန် ၇၂၄ ဒသမ ၅ သန်းသာ ရှိမယ်လို့ သြဂုတ်လ ၆ ရက်မှာ FAO က ခန့်မှန်းထားပါ တယ်။

ဒါပေမဲ့ အဲဒီပမာဏက ယခင်နှစ်ထွက်ရှိမှုထက် အနည်း ငယ်ပိုမိုနေပါသေးတယ်လို့ FAO က ဆိုပါတယ်။ ဆန် ထွက် ရှိမှုအနေနဲ့ဆိုရင် ၂၀၁၂-၁၃ မှာ သုံးစွဲမှုခန့်မှန်းတန်ချိန် ၄၇၄ သန်းအထက်ပိုမိုပြီး တန်ချိန် ၄၈၃ ဒသမ ၁ သန်းအထိ ရှိ မယ်လို့ဆိုပါတယ်။

ဒီအခြေအနေက ဆန်အနေနဲ့ရောင်းချမှု ပိုမိုနေဦးမှာပါလို့င်္ဗဥ ၀ါရင့်စီးပွားရေးပညာရှင် Conce-pcion Calpe မှ ပြောကြားပါတယ်။ မုတ်သုံမိုး အခြေ အနေဆိုးနေတဲ့ အိန္ဒိယပင်လျှင် နိုင်ငံရဲ့ လိုအပ်ချက်ထက် ထုတ်လုပ်မှုက ပိုမိုနေဦးမှာဖြစ်ပြီး ပြည်ပတင်ပို့ဖို့လည်း ပိုလျှံ နေဦးမယ်လို့ဆိုပါတယ်။

ဇူလိုင်လအတွင်းမှာ သီးနှံဈေးတွေ မြင့်တက်တဲ့တိုင် ၂၀၀၇-၂၀၀၈ ခုနှစ်ကလို ကမ္ဘာ့ဈေးကွက်မှာ စားနပ် ရိက္ခာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရခြင်းမရှိတဲ့ အကြောင်းရင်းတစ်ခု မှာ ဆန်ရောင်းချမှုများနေတာကြောင့်လို့ FAO ကဆိုပါ တယ်။ မုတ်သုံမိုးနည်းတာကြောင့် ၂၀၀၇ ခုနှစ်ကလို အိန္ဒိယ က ဆန်တင်ပို့မှုပိတ်ပင်ခြင်းမရှိတာကြောင့်လည်း ၂၀၀၇-၀၈ အခြေအနေမျိုး ထပ်ဖြစ်လာဖွယ်မရှိဘူးလို့ Calpe မှ ပြော ကြားတာဖြစ်ပါတယ်။

ဇူလိုင်လ လယ်တိုင်အောင် အိန္ဒိယမုတ်သုံမိုးရွာသွန်းမှုက ပျမ်းမျှအောက် ၂၂ ရာခိုင်နှုန်းသာရှိလို့ ယခု ရာသီမှာ နိုင်ငံရဲ့ထွက်ရှိမှုလျော့ကျဖွယ်ရှိပါတယ်။ စပါးထုတ်လုပ်မှု လျော့ကျမယ့် နိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားနဲ့ နီပေါလည်း အပါအ၀င်ဖြစ်ပါတယ်။ လာမယ့်လတွေမှာ ဆန်ဈေးပြန်ခိုင် မာလာဖွယ်ရှိပေမဲ့ အနာဂတ်အတွက်တော့ ဆန်ဈေး ဆက်ပြီး ငြိမ်နိုင်ပါတယ်လို့ FAO မှဆိုပါတယ်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။