![]() | ![]() | ![]() |
![]() | ![]() | ![]() |
![]() | ![]() | ![]() |
မိတ်ဆွေများ ခင်ဗျား
မိုးလေ၀သ ခန့်မှန်းချက်များကို အသုံးပြုသူများ၏ လိုအပ်ချက်နှင့် အညီ (user oriented system)ဖြင့် ထုတ်ပြန် ပေးနိုင်ရန် ကြိုးပမ်းလျှက် ရှိပါသည်။ လက်ရှိ ကာလမှာ စမ်းသပ် ကာလ ဖြစ်ပါသည်။ မကြာမီ အောက်တိုဘာလ ဆန်းတွင် တရားဝင် လွှင့်တင်ရန် စီစဉ်လျှက် ရှိပါသည်။ မိတ်ဆွေများ၏ အကြုံပြုချက်များကို အမြဲလေးစားစွာ ကြိုဆိုလျှက် ရှိပါသည်။
အခုတလော ရန်ကုန်ကို မုန်တိုင်း ၀င်တော့မယ် ဆိုတဲ့ ကောလဟာလ ကလည်း ကြီးထွား နေပါတယ်။ ဘယ်သူက စမှန်း မသိပေမယ့် အခုအထိ အခြေအမြစ် မရှိသေးတာတော့ သေချာပါတယ်။ ထူးခြားမှု ရှိမယ် ဆိုရင်လည်း www.tunlwin.com နဲ့ www.tunlwinclimatewatch.info ကို ၀င်ကြည့်ကြဖို့ အကြံပြု လိုပါတယ်။ ဒီwebsite official launching ကို (၂၃.၁၀.၂၀၁၀)(သိတင်းကျွတ် လပြည့်နေ့ - စနေနေ့)မှာ မြန်မာ ပြည်သူ ပြည်သားတွေ သဘာဝ ဘေးတွေ ကင်းစေဖို့ အနန္တော အနန္တ ငါးပါးကို ဦးထိပ်ထားပြီး ဗဟန်းမှာ ရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ နေ့ (၂)နာရီမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဖွင့်ပွဲမတိုင်မီ အကြံဥာဏ်များ ပေးစေလိုပါတယ်။
မောင်ထွန်းလွင်(မိုးလေ၀သ)

.jpg?width=750)

0 comments:
Post a Comment