Home » » မဟာချိုင် ရေဘေး ဒုက္ခသည် အကူအညီ

မဟာချိုင် ရေဘေး ဒုက္ခသည် အကူအညီ

Written By မောင်စေတနာ on Monday, November 14, 2011 | 1:30:00 PM



ယမန်နေ့ နေ့ လည် (၂) နာရီခွှဲ အချိန်၌ ထိုင်းနိုင်ငံ မဟာချိုင်တွင် ရေဘေးဒုက္ခသည် ဖြစ်နေသော အုန်းလက်သဲာငန်း အောနွမ်းအော့ မရိုင် အရပ်ရှိ ရွေ့ပြောင်းမြန်မာ အလုပ်သမား (၁၀၀၀) ခန့်အား မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) အဖွဲ့က ဆန်၊ ရေ၊ မာမာ၊ ငါးသေတ္တာဗူးများ သွားရောက် ကူညီ ပေးခဲ့သည်ဟု FTUB ၏ ကူညီ ကယ်ဆယ်ရေး အဖွဲ့ဝင် တဦးဖြစ်သူ ကိုဖိုးခွားက ပြောပါသည်။

“အုန်းလက်သဲာငန်း အောနွမ်း အော့မရိုင်ဘက်မှာ သိထားတဲ့ စာရင်းအရဆိုရင် ရေဘေး ဒုက္ခသည်တွေက (၁) ထောင်ကျော်လောက် ရှိနေပြီး အဲဒါကို ကျနော်တို့က သွားပြီးတော့ အကူအညီ ပေးနေတာပါ။ ရေကလည်း ကြီးတက်လာနေပြီး မြန်မာ ဒုက္ခသည်လည်း တဖြည်းဖြည်း များလာ နေတယ်။ ထိုင်း ကယ်ဆယ်ရေး တွေကလည်း တခြား နေရာတွေကို အကူအညီ ပေးနေတယ်။ ကျနော်တို့ မြန်မာ အလုပ်သမားတွေဆီ မရောက်သေးပါဘူး။ အခု အခြေအနေအတိုင်း ဆိုရင်တော့ စားစရာတွေ မလောက်မငှ ဖြစ်လာမှာကို စိုးရိမ် နေရတယ်”ဟု ကိုဖိုးခွားက ပြောပါသည်။

မြန်မာ အလုပ်သမားတွေဟာ ရေဘေးအတွက် ပြင်ဆင် ထားကြဟန် မရှိပါ။ စက်ရုံကလည်း အလုပ် ပိတ်ပစ်လိုက်သဖြင့် ၀င်ငွေ မရှိတော့ပေ။ အလုပ်ရှင် တစ်ချို့ လာရောက် အကူအညီ ပေးသော်လည်း ထိရောက်မှု မရှိပါဘူး။ ဤသို့ကြောင့် ရေဘေး ဒုက္ခသည် စခန်းများ တိုးလာနေပါသည်။ အနည်းဆုံး စခန်း (၄) ခု ထက်မနည်း ရှိလာသဖြင့် ဒုက္ခသည်ပေါင်း (၃) ထောင်ကျော် နေပြီးဖြစ်ပါသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ကတော့ အလုပ်သမားတွေရဲ့ ဆန္ဒ အတိုင်းပါဘဲ တစ်ချို့က အိမ်ပြန်မယ်ဆိုရင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ အကူအညီ ပေးပါတယ်။ ဒါပေမယ့် လူ (၁၀၀၀) မှာ (၂၀၀) လောက်ဘဲ အိမ်ကို ပြန်ကြတယ်။ မပြန်ဘဲနဲ့ ဒုက္ခသည် စခန်းမှာ နေချင်ရင်လည်း နေရာ ချပေးပါတယ်။ တစ်ချို့ကတော့ ထိုင်းနိုင်ငံထဲမှာ ရှိတဲ့ သူတို့ ဆွေမျိုးထံကို သွားချင်တဲ့ သူတွေကိုလည်း ကျနော်တို့ ပို့ပေးပါတယ်။ တစ်ချို့ မြန်မာ အလုပ်သမား တွေကတော့ အလုပ်ရှင်က ငွေမရှင်း ရသေးတဲ့အတွက် စောင့်နေရင်းနဲ့ဘဲ ရိက္ခာ ပြတ်တောက် သွားတဲ့အတွက် ရေးဘေး အခက်အခဲနဲ့ ကြုံခဲ့ရတာလည်း ရှိပါတယ်”

ထိုင်းနိုင်ငံ မဟာချိုင် ဒေသသည်၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမား (၄)သိန်း ကျော် ရှိပါသည်။ အထူးသဖြင့် မွန်လူမျိုး အများစု ရှိပါသည်။ ရေဘေးသည် မကြာခင် မဟာချိုင် ဒေသကို ရောက်မည်ဟု အာဏာပိုင် များက အကြိမ်ကြိမ် အသိပေး ထားသော်လည်း၊ ဤသတင်းကို မယုံနိုင် သူများနှင့် ကြိုတင်ပြင်ဆင်မှု မရှိတာကြောင့် ရေဘေး ဒုက္ခသည်များ ပိုမို တိုးလာဖွယ်ရာ ရှိနေပါသည်။


ရေဘေးဒုက္ခသည်အတွက် နေရာချပေးပုံ (ဓါတ်ပုံ - အင်တာနက်)

“ကျွန်တော်တို့ ကူညီတာက (၈) ကြိမ်လောက် ရှိပြီး သူတို့အတွက် စိုးရိမ်စရာက ပိုများနေတယ်၊ သူတို့က သူတို့ ဒုက္ခရောက်နေတာကို ရောက်နေကြမှန်းတောင် မသိဘူး ဖြစ်နေကြတယ်။ ပိုစိုးရိမ်စရာ ကောင်းတာက အခုဆိုရင် မိချောင်း၊ မြွေတွေလည်း လွတ်လာ နေပြီဆိုတော့ အခုလိုရေဘေး ဒုက္ခသည်များကို ဒီနေရာကနေေ ပြောင်းရွေ့ စေချင်ပါတယ်။ တစ်ခါ ရေဘေးကြောင့် ဒုက္ခရောက် နေသူတွေကို FTUB အဖွဲ့က အကူအညီ ပေးနေသလိုဘဲ အခြား မြန်မာအဖွဲ့ တွေကလည်း အလှူခံပြီးတော့ အကူအညီ ပေးတာလဲ ရှိပါတယ်။ ထိုင်း အကူညီ ပေးရေး အဖွဲ့ တွေကတော့ (၅) ဖွဲ့ လောက်လာမှ (၁) ဖွဲ့လောက်ပဲ အကူအညီ ရခဲ့ကြောင်း” ရေဘေးဒုက္ခသည် တစ်ဦးဖြစ်သည့် နိုင်စိုက်မွန်က ပြောပါသည်။

မည်သို့ပင် ဖြစ်စေ၊ ဤကဲ့သို့ ရေဘေး ဒုက္ခသည်များ ဖြစ်လာပါက မြန်မာနိုင်ငံသား အလုပ်သမားများကို အကူအညီ ပေးနေသည့် မြန်မာ အလှူရှင်များ၏ အောက်ပါ ဖုန်းနံပါတ်နှင့် လူများကို ဆက်သွယ်ကြပါရန်၊ အသိပေးအပ်ပါသည်။ ကိုဖိုးခွာ(၀၈၁ ၁၀၃ ၆၃၇၅)ဖြစ်ပြီး၊ အရှင်ဝါယမ ဖုန်း 0804585128 နှင့် ဦးကျော်သောင်း၊ ဖုန်း 084-670-5727 ကို ဆက်သွယ်နိုင်ပါသည်။

Source by :http://www.phophtaw.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။