အသစ်အသစ်တို့ အားယူ နေသည့် အချိန်ကာလမို့ ဖက်ရှင်ကဏ္ဍအတွက်လည်း မျက်နှာသစ် မော်ဒယ်လ်လေးတစ်ဦးကို ရိုက်ကူးရန် ရွေးချယ်ဖြစ်ခဲ့သည်။ Miss People၊ Miss Tourism 2nd runner up ၊ Miss Ushido 1st runner up ဆုရှင် မော်ဒယ်လ်ဖြူနွယ်ခိုင်ပင် ဖြစ်သည်။ ဖြူနွယ်ခိုင်၏ စိတ်ကြိုက်ဖက်ရှင်အဖြစ် ရွေးချယ်ခဲ့သည်က “ပထမ၀တ်စုံ လေးက ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဒီဇိုင်းလေးပါ။
အနက်ရောင် ဆွဲသားဂါဝန်အရှည်လေးကို ခါးပတ်နီညိုရောင် အပြားအကြီးကြီးနဲ့ တွဲပတ်ထားပါတယ်။ အပေါ်က အနီရောင် ရှပ်အင်္ကျီအကွက် လက်ရှည်လေး ထပ်ဝတ်ထားပါတယ်။ ဖိနပ်ကိုတော့ လည်ရှည်ဒေါက် အမည်းစီး ထားတယ်။ ဒီဝတ်စုံလေးက ဆောင်းရာသီနဲ့ လိုက်ဖက်ပြီး country ဆန်တဲ့ ဖက်ရှင်ဒီဇိုင်းမျိုးလေးပေါ့နော်။
ဒုတိယ၀တ်စုံလေးကလည်း ဆောင်းရာသီမှာ ၀တ်ဆင်နိုင်တဲ့ ဖက်ရှင် ဒီဇိုင်းလေးပါပဲ။ ဒီရက်ပိုင်းတွေမှာ ရန်ကုန်မှာ နည်းနည်းအအေးပိုလာတော့ အေးတဲ့အချိန်နဲ့ လိုက်ဖက်တဲ့ ၀တ်စုံဒီဇိုင်းလေး ရွေးဖြစ်သွားတာ။ လည်ပင်းထောင်အင်္ကျီ အမည်းရောင်လေးပေါ်မှာ ငွေရောင်ဆွယ်တာအပွလေး ထပ်ဝတ်ထားပါတယ်။ စကပ်အတိုပန်းနုရောင် လေးဝတ်ထားပြီး အောက်က အသားကပ်ခြေအိတ် အမည်းအရှည်လေး ၀တ်ထားတယ်။ ဖိနပ်ကတော့ လေဒီရှူးအဖြူရောင်လေး စီးထားဖြစ်ပါတယ်”ဟုရှင်းပြခဲ့သည်။
ထို့အပြင် သရုပ်ဆောင် မော်ဒယ်လ်တစ်ဦး၏ ဖက်ရှင်အတွေး အမြင်များအဖြစ်လည်း “ဖြူနွယ် ငယ်ငယ်ကတည်းက ဖက်ရှင်နဲ့ ပတ်သက်လို့စိတ်ဝင်စားတာ။ တကယ်တမ်း မော်ဒယ်လ်အဖြစ် လှုပ်ရှားဖြစ်တဲ့အချိန်မှာတော့ ဖက်ရှင်က အရေးပါတယ်ဆိုတာ ပိုပြီးသိလာရပါတယ်။ တချို့ယှဉ်ပြိုင်မှုတွေမှာ ကိုယ်ရွေးချယ်တဲ့ အ၀တ်အစားဖက်ရှင်ကြောင့် အမှတ်တက်တာမျိုးရှိသလို အမှတ်ကျသွားတာမျိုးလည်း ရှိပါတယ်။
ပွဲသွားတာတို့၊ ကြော်ငြာရိုက်တာတို့မှာလည်း ကိုယ်ရွေးချယ်တဲ့ အ၀တ်အစားက အရေးကြီးပါတယ်။ ဒါကြောင့် ဖက်ရှင်နဲ့ပတ်သက်လို့ပြည်ပမှာ ဘာတွေခေတ်စားနေလဲ၊ ပြည်တွင်းမှာ ဘာတွေခေတ်စား နေတာလဲ၊ ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်က ဘာလဲဆိုတာ အမြဲလိုလို လေ့လာရွေးချယ်ဖြစ်ပါတယ်”ဟု ဖြူနွယ်ခိုင်က ဆက်လက်ရှင်းပြခဲ့သည်။
အမည်ရင်း - ဖြူနွယ်ခိုင်
မိဘအမည် - ဦးအောင်ခိုင်-ဒေါ်စုစုတင်
မွေးသက္ကရာဇ် - ၁ .၁၀ .၁၉၉၂
ပညာအရည်အချင်း - 2nd year(EPP)
ရရှိပြီးသည့်ဆုများ - Miss People(2011)
Miss Tourism(2nd runner up)
Miss Ushido (1st runner up)
Source by :http://www.news-eleven.com/

0 comments:
Post a Comment