Home » » MAI လေကြောင်းလိုင်းမှ ဘန်ကောက်-စင်ကာပူ ခရီးစဉ်ကို ပထမဦးဆုံးအကြိမ် စတင်ပြေးဆွဲမည်

MAI လေကြောင်းလိုင်းမှ ဘန်ကောက်-စင်ကာပူ ခရီးစဉ်ကို ပထမဦးဆုံးအကြိမ် စတင်ပြေးဆွဲမည်

Written By မောင်စေတနာ on Tuesday, September 21, 2010 | 5:52:00 PM


MAI လေကြောင်းလိုင်းပိုင်လေယာဉ်နှစ်စင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်

MAI လေကြောင်းလိုင်းက အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ ခရီးစဉ် ခေါက်ရေများ တိုးချဲ့ပြေးဆွဲမှုနှင့်အတူ ဘန်ကောက်-စင်ကာပူ ခရီးစဉ် ကို ပထမဦးဆုံးအကြိမ် စတင်ပြေးဆွဲမည်။

MAI လေကြောင်းလိုင်းက ၂၀၁၀ပြည့်နှစ် အောက်တိုဘာ ၃၁ ရက် နေ့မှစ၍ လက်ရှိပြေးဆွဲနေသော ခရီးစဉ်အချို့၏ ခေါက်ရေများတိုးချဲ့ ပြေးဆွဲမှုနှင့်အတူ ဘန်ကောက်- စင်ကာပူခရီးစဉ်ကိုလည်း ပထမဦး ဆုံးအကြိမ် စတင်ပြေးဆွဲသွားမည် ဖြစ်ကြောင်း MAI ၏ Marketing မန်နေဂျာ မအေးမရသာ ထံမှသတင်း ရရှိပါသည်။

MAI လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက်၊ ရန်ကုန်-စင်ကာပူနှင့်ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်များ ပြေးဆွဲလျက်ရှိပြီး အောက်တိုဘာ ၃၁ ရက်နေ့မှစ၍ နေ့ စဉ်ပျံသန်းနေသော ဘန်ကောက် ခရီးစဉ်ကို တစ်ပတ်လျှင် ၁၄ကြိမ်၊ တစ်ပတ်လျှင်ငါးရက်ပျံသန်းနေသော ကွာလာလမ်ပူခရီးစဉ်ကို စနေနေ့မှ လွဲ၍ တစ်ပတ်လျှင် ခြောက်ကြိမ် ခေါက်ရေများတိုးချဲ့ပျံသန်းသွားမည် ဖြစ်ကြောင်းသိရသည်။

ရန်ကုန်-စင်ကာပူခရီးစဉ်မှာမူပုံမှန်အတိုင်းနေ့ စဉ်ပျံသန်းပြေးဆွဲမည်ဖြစ်ကာ ခေတ္တ ရပ်နားထားသည့် ရန်ကုန်-ဂယာ ခရီးစဉ်ကိုလည်းတစ်ပတ်လျှင်တစ်ရက် စနေနေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဟု ဆိုပါသည်။


ထိုသို့သော ခရီးစဉ်များအား ခေါက်ရေတိုးချဲ့ပြေးဆွဲမှုအပြင် ဘန် ကောက်-စင်ကာပူခရီးစဉ် တစ်ခုကို လည်း ပထမဦးဆုံးအကြိမ်အဖြစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

"sector တစ်ခုအနေနဲ့ ဘန်ကောက်-စင်ကာပူခရီးစဉ်ကို စပြီး တိုးချဲ့ပြေးသွားမှာပါ။ ဘန်ကောက်ကနေ စင်ကာပူ၊ စင်ကာပူကနေ ဘန်ကောက် အပြန်အလှန်ပြေးဆွဲ မယ့် ခရီးစဉ်ပါ။ အဲဒီနိုင်ငံတွေမှာ အလည်အပတ် ခရီးသည်တွေ အပြင်ကို စီးပွားရေးကိစ္စတွေ၊ ပညာ သင်တဲ့ကိစ္စတွေ၊ အလုပ်လုပ်ဖို့ ကိစ္စရပ်တွေအတွက်ပါ။ အများကြီး သွားလာမှုရှိတဲ့အတွက် ဒီခရီးစဉ်ကို တိုးပြီးပြေးဆွဲမှာဖြစ်ပါတယ်။ ဒီ ခရီးစဉ်ကိုလည်း MAIအနေနဲ့ အောင်မြင်မှုရှိလိမ့်မယ်လို့ မျှော်မှန်း ပါတယ်" ဟု မအေးမရသာက ရှင်းပြခဲ့သည်။

MAI လေကြောင်းလိုင်းသည် ခရီးသည် ၁၆၂ဦးဆံ့ Air Bus A 319 လေယာဉ်နှစ်စင်းပိုင်ဆိုင်ထားပြီး လေယာဉ်တစ်စင်းကိုလည်း ထပ်မံဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်-ကွမ်ကျိုးခရီးစဉ်ကိုလည်း တိုးချဲ့ပြေးဆွဲ သွားရန် စီစဉ်မှုများရှိကြောင်း သိရှိ ရပါသည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။