Home » , » မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ လုပ်ဆောင်ချက်များ

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ လုပ်ဆောင်ချက်များ

Written By မောင်စေတနာ on Saturday, August 15, 2015 | 11:21:00 AM


မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ Lang Kap လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများအား သွားရောက်တွေ့ဆုံခဲ့ခြင်း

၁။ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံရုံးဝန်ထမ်းများသည် သက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းများသို့ သွားရောက်၍ လူတွေ့စစ်ဆေးမေးမြန်းခြင်းများပြုလုပ်ကာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။

၂။ ၂၈-၇-၂၀၁၅ ရက်နေ့တွင်လည်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ရှိ သံရုံးအရာထမ်းများမှ Lang Kap Camp သို့ သွားရောက်၍ ထိန်းသိမ်းခံထားရသည့် အမျိုးသား (၄၆) ဦး၊ အမျိုးသမီး (၁၃၂) ဦး၊ ကလေး(ကျား) (၁) ဦး၊ စုစုပေါင်း (၁၇၉) ဦးတို့အား တွေ့ဆုံကာ ၎င်းတို့၏ အခက်အခဲများ၊ ကျန်းမာရေးအခြေအနေများကို မေးမြန်း၍ မြန်မာနိုင်ငံသားဖြစ်ကြောင်း မှန်ကန်မှုရှိ/မရှိ လိုအပ်သည့်အချက်များကို စိစစ်မေးမြန်းခဲ့ပါသည်။

၃။ ယင်းသို့ လူတွေ့ တွေ့ဆုံမေးမြန်းခဲ့ရာတွင် ကလေး(၁) ဦး၊ နာမကျန်းသူ (၃၀) ဦး၊ ခွဲစိတ်ထားသည့် အမျိုးသမီး (၁) ဦး၊ အခြားအမျိုးသမီး (၄၅) ဦးနှင့် သက်ကြီးရွယ်အိုအချို့တို့ပါဝင်ကြောင်း တွေ့ရှိရပြီး ကျန်ရှိသူအများစုမှာ လူငယ်လူလတ်ပိုင်းအရွယ် အမျိုးသားများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ၎င်းတို့အနက် အမျိုးသမီးရောဂါဖြင့် ခွဲစိတ်ထားသည့် မသန်းအေး၊ ခြေထောက်သေးသိမ်ကာ အသည်းရောင်ရောဂါဖြစ်နေသည့် ကိုခင်ဝင်း၊ ငှက်ဖျားရောဂါခံစားနေရသည့် ကိုညီညီနိုင်နှင့် ကိုလွင်မိုး၊ သွေးကြောပိတ်၍ နာမကျန်းဖြစ်နေသူ ကိုဂျွန်ဘာ၊ အားနည်း၍ နာမကျန်းဖြစ်နေသူ ကိုကျော်နိုင်ထွန်း၊ ခြေထောက်သွေးကြောပိတ်၍ နာမကျန်းဖြစ်နေသူ ကိုခိုင်စွမ်းလျံ၊ လမ်းမလျှောက်နိုင်၍ တွန်းလှည့်ဖြင့်သွားလာနေရသည့် ကိုဝင်းဝင်းထူးနှင့် ကိုထွန်းခန်ပြင်၊ ကိုယ်ခံအားနည်း၍ နာမကျန်းဖြစ်နေသူ ကိုမင်းမင်းနှင့် ဇင်မင်းသူတို့မှာ ဒုက္ခဝေဒနာ ခံစားနေရကာ မိမိနိုင်ငံသို့ မဖြစ်မနေ အမြန်ပြန်ရန် လိုအပ်နေသူများဖြစ်သောကြောင့် မြန်မာသံရုံးအနေဖြင့် ၎င်းတို့အား ဦးစားပေးအနေဖြင့် လိုအပ်သည်များကို အမြန်ဆုံး စီစဉ်ဆောင်ရွက်၍ (၁၁-၈-၂၀၁၅) ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း MAI ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။ ၎င်းတို့အနက် မောင်ကျော်နိုင်ထွန်းနှင့် မောင်မင်းမင်းတို့အား သံရုံးအစီအစဉ်ဖြင့် လေယာဉ်လက်မှတ် စိုက်ထုတ်ကျခံပေးခဲ့ခြင်း ဖြစ်ပါသည်။

၎။ အလားတူ မြန်မာသံရုံးမှ ယခုကဲ့သို့ လူတွေ့ တွေ့ဆုံမေးမြန်းကာ စနစ်တကျ စိစစ်ပြီးနောက် အချက်အလက်ပြည့်စုံစွာ တင်ပြနိုင်သည့် မြန်မာနိုင်ငံသား မှန်ကန်သူများ၊ မြန်မာနိုင်ငံသို့ ပြန်လိုသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ C of I အမြန်ဆုံး ထုတ်ပေး၍ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး အချက်အလက် ပြည့်စုံစွာ မတင်ပြနိုင်သဖြင့် လတ်တလော နိုင်ငံသား မှန်ကန်ကြောင်း စိစစ်နိုင်ခြင်း မရှိသူများအတွက်လည်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း၍ အတည်ပြုချက် ဆောလျင်စွာရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

၅။ ထို့အတူ ယခင်က Lang Kap Camp သို့ သွားရောက်စိစစ်ခဲ့ကာ သက်ဆိုင်ရာသို့ ဆက်လက် တင်ပြပေးခဲ့ရာ ခွင့်ပြုချက်ရရှိသဖြင့် C of I ထုတ်ပေးထားသူ (၁၃၀) ဦး ရှိသည့်အနက် (၇၀) ဦးအား ၁-၈-၂၀၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် ဆောင်ရွက်ပြီး ဖြစ်ပါသည်။ ကျန်ရှိသည့် (၆၀) ဦးကိုလည်း မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

လေးစားစွာဖြင့်
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့။

မူရင်းသတင်း - Myanmar Embassy in Kuala Lumpur, Malaysia
https://www.facebook.com/pages/Myanmar-Embassy-in-Kuala-Lumpur-Malaysia/1532321607022165

NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (ALL IN ONE)
Followed Facebook - www.facebook.com/nay.zawlin1
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Acc - www.facebook.com/nay.zawlin1
Free Health Facebook Page - www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။