Home » » နေမာဟာ မက်စီနဲ့ မာရာဒိုနာတို့လို ကြီးကျယ်တဲ့ ကစားသမား တယောက်ဖြစ်လာမယ့် သူပါ - ပီလီ

နေမာဟာ မက်စီနဲ့ မာရာဒိုနာတို့လို ကြီးကျယ်တဲ့ ကစားသမား တယောက်ဖြစ်လာမယ့် သူပါ - ပီလီ

Written By မောင်စေတနာ on Thursday, November 10, 2011 | 10:20:00 PM


နေမာဟာ မက်စီနဲ့ မာရာဒိုနာတို့လို ကြီးကျယ်တဲ့ ကစားသမားတယောက်ဖြစ်လာမယ့်သူပါ - ပီလီ

ဘရာဇီး ဘောလုံးဂန္ဓ၀င် ပီလီက ဘရာဇီးလက်ရွေးစင် နေမာ ဟာ အာဂျင်တီးနားရဲ့ မက်စီနဲ့ မာရာဒိုနာတို့လို ကြီးကျယ်သည့် ကစားသမားတယောက် ဖြစ်လာမည့်သူဟု ချီးကျူးလိုက်သည်။ ဒီ ၁၉နှစ်အရွယ် ဆန်းတို့စ် ကစားသမားလေးဟာ ဘရာဇီးရဲ့ ထွန်းတောက်မည့် မျိုးဆက်ဖြစ်ကြောင်းကို ပြီးခဲ့သော ရာသီများကတည်းက ကလပ်နှင့် နိုင်ငံလက်ရွေးစင် အသင်းများတွင် ပြသခဲ့ပြီး ဖြစ်သည်။

ပီလီက ဘရာဇီးနှင့် အာဂျင်တီးနားတို့ဟာ ဘောလုံးအားကစားတွင် တောင်အမေရိကရဲ့ အမြဲတမ်း ပြိုင်ဘက်များ ဖြစ်ကြပေမယ့် ဘရာဇီးတွေဟာ ဘယ်သောအခါမှ ပြိုင်ဘက်တွေအပေါ် မနာလိုစိတ်မရှိကြောင်း ပြောကြားခဲ့ကာ နေမာနှင့်ပါတ်သတ်၍ အခုလိုချီးကျူးခဲ့သည်။ “ အာဂျင်တိုင်းတွေက မာရာဒိုနာနဲ့ မက်ဆီအကြောင်းပြောနေကြတယ်။ ကျွန်တော်တို့မှာလည်းပဲ ဘောလုံးကျွမ်းကျင်မှု့တွေနဲ့အတူ ကြီးကျယ်တဲ့ ကစား သမားဖြစ်လာမယ့် နေမာ ရှိနေပါတယ်။

သူဟာ တကယ့်ကို ကျွမ်းကျင်မှု့ ပြည့်ဝသူပါ။ ဆန်းတို့စ်တသင်းလုံးမှာ သူအကောင်းဆုံးပါပဲ။ ဒါကြောင့်တဖက်နောက်တန်းတွေရဲ့ အသေလူကပ် ကစားခြင်းကို ခံလာရနိုင်ပြီး သူ့ကိုယ်သူ ဘယ်လို ကာကွယ်ရမယ်ဆိုတာကို သင်ယူဖို့ လိုအပ်ပါတယ်။

ပြိုင်ပွဲတွေ အကြောင်းကို ကျွန်တော် စဉ်းစားမနေပါဖူး။ ဒါပေမယ့် နောက်တန်း ကစားသမားတွေရဲ့ ပစ်မှတ်ဖြစ်လာမယ့် သူ့အနေနဲ့ ကိုယ့်ကို ကိုယ်ဘယ်လိုကာကွယ်ရမယ်ဆိုတာကို သူနဲ့တွေ့တိုင်း ကျွန်တော်ပြောဖြစ်နေပါတယ်။ ဆန်းတို့စ်အသင်းဟာ တကယ့် စတားပလေယာတွေကို မွေးထုတ်ပေးနေတယ်။ သူတို့ဟာ ကစားသမားတွေကို ဘာတခုမှ အသုံးမပြုပဲ မွေးထုတ်နေတာပါ။ ဒါဟာ အသင်းအတွက် တကယ်ကောင်းတဲ့ အချိန်အခါများပါပဲ။ ”

သတင်းများအရ နေမာဟာ ယခုနှစ် ဘောလုံးရာသီကုန်အထိ ဆန်းတို့စ်အသင်းတွင် ဆက်ရှိနေမှာဖြစ်ပြီး နောက်နှစ် ဇူလိုင်တွင်မှ ရီးရဲမက်ဒရစ်အသင်းသို့ ပေါင် ၅၃သန်းခန့်ဖြင့် ပြောင်းရွှေ့ဖို့ရှိနေကြောင်း သိရသည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။