Home » , » ပခုက္ကူမှာ ဒီလိုတွေဖြစ်နေတယ်

ပခုက္ကူမှာ ဒီလိုတွေဖြစ်နေတယ်

Written By မောင်စေတနာ on Friday, July 20, 2012 | 2:08:00 PM



မကွေးတိုင်း ပခုက္ကူမြို့မှာ အထူးရဲသတင်းတပ်ဖွဲ့ အက်စ်ဘီတွေရဲ့ အပြုအမူတွေဟာ ထောက်လှမ်းရေး ခေတ်တုန်းကလို ဖြစ်နေတယ်လို့ ပေးပို့လာတဲ့ စာပါ။ ပေးပို့လာတဲ့ မူရင်းအတိုင်း တင်ပြလိုက်ပါတယ်။

(ဓာတ်ပုံ - YanNaing@facebook)


လေးစားရပါတဲ့ ဧရာဝတီ ခင်များ


ကျနော်ဟာ မြို့ပေါ် ၁၅ ရပ်ကွက်ရှိတဲ့ထဲက အုပ်ချုပ်ရေးမှူးတယောက်ဖြစ်ပါတယ်။ ကျနော်တို့ ပခုက္ကူမြို့မှာ အက်စ်ဘီ အထူးသတင်းရဲတပ်ဖွဲ့ဟာ အရင်က ထောက်လှမ်းရေးခေတ်ကောင်းတုန်းကလို အချိုးမျိုးတွေပြန်ပြီးတော့လုပ်လာနေပါတယ်။ အထူးသတင်းရဲတပ်ဖွဲ့က ဒုရဲအုပ်လင်းမြတ်ကျော်နဲ့ အောင်ညီညီဦး တို့အတွဲဟာ အဆိုးဆုံးဖြစ်ပါတယ်။


ဘုန်းတော်ကြီးကျောင်းတွေထဲကိုလည်း သူတို့ဝင်ချင်သလိုဝင်ပြီး စစ်လားဆေးလားတွေလုပ်တဲ့အတွက် သံဃာထုကြားမှာလည်း စိတ်အနှောင့်အယှက်ဖြစ်နေရပါတယ်။


အဆိုးဆုံးကတော့ ပခုက္ကူ တံတားသစ်ကြီးမှာ လုံခြုံရေးအစောင့်တို့ တံတားဖြတ်ကူးခတို့ စတဲ့ ဂိတ်တွေရှိလျှက်နဲ့ အက်စ်ဘီက ဒုရဲအုပ်လင်းမြတ်ကျော်နဲ့ အောင်ညီညီဦးတို့က ကုန်ကားတွေ ဆိတ်အရောင်းအ၀ယ်လုပ်တဲ့ကားတွေကို အတင်းရပ်တန့်ခိုင်းပြီး ဟိုဟာစစ်ဒီဟာစစ်နဲ့ အထောက်ထားပြည့်စုံပေမယ့်လည်း ငွေကြေးတွေ တောင်းခံလို့ ကားသမားတွေမှာ စိတ်အနှောင့်အယှက် ဖြစ်နေရပါတယ်။


ဝစ်သောက်လို့ခေါ်တဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကိုလည်း သူတို့ကအခကြေးငွေယူပြီး သယ်ဆောင်ပေးတာ တံတားပေါ်ကို ဖြတ်သန်းခွင့်ပေးတာတွေ လုပ်လာလို့ ငွေပေးရသူတွေက ကျနော်တို့ အုပ်ချုပ်ရေးမှူတွေကို လာတိုင်တာတောတာတွေ ရှိပါတယ်။ ကျနော်တို့ အုပ်ချုပ်ရေးမှူးဆိုတာလည်း ဘာပါဝါမှမရှိတော့ ဧရာဝတီကနေ တဆင့် သက်ဆိုင်ရာ လူကြီးမင်းများသိစေရန် စာရေးအကြောင်းကြားလိုက်ပါတယ်။


ကျေးဇူးတင်ပါသည်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။