

ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရ သည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ထွက်ခွာခြင်း
ထိန်းသိမ်းရေးစခန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးမှ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုနိုင်သူများကို ကာယကံရှင်၏ ကုန်ကျစရိတ်ဖြင့် လည်းကောင်း၊ သံရုံး၏ စီစဉ်ပေးမှုဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသို့ အမြန်ထွက်ခွာနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် KLIA Camp, Ajil Camp, Juru Camp, Melaka Camp, Belantik Camp, Lenggeng Camp စုစုပေါင်း Camp (၆)ခုမှ မ(၂၄)ဦး၊ကျား(၁၀၀)ဦး စုစုပေါင်း (၁၂၄) ဦးတို့အား မြန်မာနိုင်ငံသို့ (၂၉-၇-၂၀၁၅) ရက်နေ့ ယနေ့ မလေးရှားစံတော်ချိန် (၁၂း၅၀)အချိန်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းခရီးစဉ်အမှတ် 8M 502 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပြီးဖြစ်ပါသည်။ အဆိုပါခရီးစဉ်နှင့်အတူ ကိုယ်ဝန်ဆောင်သည်(၁)ဦးနှင့် ကျန်းမာရေးချို့တဲ့နေသူ (၄) ဦးအတွက် လေယာဉ်လက်မှတ်စရိတ်ကို သံရုံးမှ စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဆက်လက်၍လည်း ကူညီဆောင်ရွက်သွားရန် မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ထွက်ခွာရာတွင် မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဆောင်သော သံအရာရှိများမှ လေဆိပ်တွင် လိုသည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး ပို့ဆောင်နှုတ်ဆက်ခဲ့ပါကြောင်းနှင့် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြအပ်ပါသည်။
လေးစားစွာဖြင့်
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့
မူရင်းသတင်း = Myanmar Embassy in Kuala Lumpur, Malaysia
https://www.facebook.com/pages/Myanmar-Embassy-in-Kuala-Lumpur-Malaysia/1532321607022165
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (ALL IN ONE)
Followed Facebook - www.facebook.com/nay.zawlin1
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Acc - www.facebook.com/nay.zawlin1
Free Health Facebook Page - www.facebook.com/nayzawlin4
ထိန်းသိမ်းရေးစခန်းများတွင်
ယင်းသို့ ဆောင်ရွက်ရာတွင် KLIA Camp, Ajil Camp, Juru Camp, Melaka Camp, Belantik Camp, Lenggeng Camp စုစုပေါင်း Camp (၆)ခုမှ မ(၂၄)ဦး၊ကျား(၁၀၀)ဦး စုစုပေါင်း (၁၂၄) ဦးတို့အား မြန်မာနိုင်ငံသို့ (၂၉-၇-၂၀၁၅) ရက်နေ့ ယနေ့ မလေးရှားစံတော်ချိန် (၁၂း၅၀)အချိန်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလြေေ
ထိုသို့ ထွက်ခွာရာတွင် မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဆောင်သော သံအရာရှိများမှ လေဆိပ်တွင် လိုသည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး ပို့ဆောင်နှုတ်ဆက်ခဲ့ပါကြော
လေးစားစွာဖြင့်
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့
မူရင်းသတင်း = Myanmar Embassy in Kuala Lumpur, Malaysia
https://www.facebook.com/
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (ALL IN ONE)
Followed Facebook - www.facebook.com/
Free Media Website - www.malaysiaonlineradiomed
Free Facebook Acc - www.facebook.com/
Free Health Facebook Page - www.facebook.com/
0 comments:
Post a Comment