Home » » ပြည်ပတွင်သာမက ပြည်တွင်းလုပ်ငန်းများ၌ပါ မြန်မာလူမျိုးများမှာ အခြားနိုင်ငံသားများနှင့် နှိုင်းယှဉ်ပါက အလုပ်နေရာကောင်းရရန် ခက်ခဲ

ပြည်ပတွင်သာမက ပြည်တွင်းလုပ်ငန်းများ၌ပါ မြန်မာလူမျိုးများမှာ အခြားနိုင်ငံသားများနှင့် နှိုင်းယှဉ်ပါက အလုပ်နေရာကောင်းရရန် ခက်ခဲ

Written By မောင်စေတနာ on Wednesday, August 4, 2010 | 5:33:00 PM



ဒူဘိုင်းရှိ ရှော့ပင်းမောလ် တစ်ခု အတွင်းမြင်ကွင်း

ပြည်ပတွင်သာမက ပြည်တွင်းကုမ္ပဏီ၊ NGO ၊ INGO များရှိ မြန်မာလူမျိုးအလုပ်သမားများမှာ နိုင်ငံခြားသား အလုပ်သမားများနှင့် နှိုင်းယှဉ်ပါက အလုပ်နေရာကောင်းရရန် ခက်ခဲကြောင်း သိရှိရပါသည်။

ပြည်ပတွင် ရောက်ရှိနေကြသော မြန်မာအလုပ်သမားအချို့၏ အရည်အသွေးသည် အခြားနိုင်ငံသားများနှင့် နှိုင်းယှဉ်ပါက သာလွန်သူအချို့ ရှိကြသည်။ သို့သော် ထိုသူများ လုပ်ကိုင်နေကြသော ကုမ္ပဏီများရှိ ဌာနအကြီးအကဲမှာ မြန်မာနိုင်ငံသား မဟုတ်၍ ၎င်းင်းနှင့်လူမျိုးတူ နိုင်ငံသား အချင်းချင်းကိုသာ အရေးပေးပြီး ရာထူးတိုးမြှင့်ပေးခြင်းတို့ကြောင့် မြန်မာဝန်ထမ်းများမှာ ရာထူးနေရာကောင်းရရန် အရေးပေးခံရလေ့မရှိကြောင်း ဒူဘိုင်းရှိ ရှော့ပင်းစင်တာ တစ်ခု၌ အရောင်းမြှင့်တင်ရေး ၀န်ထမ်းအဖြစ် ထမ်းဆောင်နေသူ မြန်မာတစ်ဦးက မြန်မာနိုင်ငံသို့ ခဏတာအလည်အပတ် လာရောက်စဉ် ပြောပြခဲ့သည်။"ရှော့ပင်းစင်တာတွေမှာ ကြီးကြပ်ရေးမှူး အဆင့်လောက်ကို မြန်မာနိုင်ငံသား မတွေ့ရဘူး။ မြန်မာတွေကကျိုးနွံပြီး အလုပ်လုပ်တတ်တာကလွဲရင် ရာထူးနေရာကောင်းရဖို့ အတော်လေး ရုန်းကန်ကြရတယ်။ အချိန်တန် ရာထူးတိုးပေးဖို့ဌာနက ရာထူးစာမေးပွဲတွေဖြေရင် သူတို့နိုင်ငံသားတွေကိုပဲ ဦး စားပေးကြတယ်" ဟု၎င်းကပြောပါသည်။

ပြည်ပနိုင်ငံများ၌ အများအား ဖြင့်တတိယနိုင်ငံမှလာရောက်ကြသူ များအား အခြားသောနိုင်ငံသားများ ထက် အရေးပေးမှုနည်းခြင်း၊ ခွဲခြား ဆက်ဆံခြင်းများ ရှိကြကြောင်းနှင့် အချို့သော ဥရောပရှိတက္ကသိုလ်ကြီး များတွင်ပင် လူမျိုးရေးခွဲခြားမှုများ ယနေ့တိုင်ရှိနေဆဲပင် ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံ၌ ယခုအခါ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာခြင်း၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ အကောင်အထည်ဖော်ရန် စတင်နေမှုများ နှင့် နိုင်ငံ၌ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ များစွာရှိလာခဲ့ရာ ယင်း ဌာနများ၌ နိုင်ငံစုံမှ ပြည်ပနိုင်ငံသား အမြောက်အမြားလည်း တရားဝင်နေထိုင်မှုများဖြင့် အလုပ်အကိုင်များ ရရှိလာကြသည်။


သို့သော် အခြားနိုင်ငံသားများ အား ရာထူးအမြင့်ပိုင်းများတွင်သာ ပိုမိုတွေ့ရှိရပြီး မြန်မာလူမျိုးများမှာ ၎င်းတို့ဌာနတွင်း ၀န်ထမ်းများအဖြစ်သာ လုပ်ကိုင်နေရသေးကြောင်း တွေ့ရှိရသည်။

ပြည်ပတွင်သာမက ပြည်တွင်းကုမ္ပဏီများ၌ နိုင်ငံခြားသားဦးရေမှာ ရာထူးအမြင့်ပိုင်းများ၌ တွေ့မြင်မှု များနေသေးသော်လည်း မြန်မာများအနေဖြင့် မိမိတို့ ၏အရည်အသွေးအား နိုင်ငံတကာ နှင့် တန်းဝင်ဖြစ်စေရန်မြှင့်တင်ခြင်း၊ ပြည်ပတွင်ပညာသင်သွား၍ ပြန်လာသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖန်တီးပေးခြင်း၊ နိုင်ငံတကာအဆင့်မီ ပညာရေး ၀န်းကျင်ကောင်းများ ဖန်တီးပေးခြင်းဖြင့် အချိန်ကာလတစ်ခု၌

စင်စစ်အားဖြင့် အဆိုပါရာထူး နေရာများ၌ မြန်မာလူမျိုးများ လုပ်ကိုင်နိုင်ကြသော်လည်း နိုင်ငံတကာ အတွေ့အကြုံပိုင်း၊ ငယ်စဉ်မှသင်ယူမှု ပတ်ဝန်းကျင်ကွာဟချက်များကြောင့် နိုင်ငံခြားသားများကို မြန်မာများ ထက် ရာထူးအမြင့်ပိုင်းများ၌ ပိုမို မြင်တွေ့ရခြင်းဖြစ်ကြောင်း အငြိမ်းစား ဒုတိယ ပါမောက္ခချုပ်တစ်ဦးက ပြောကြားခဲ့သည်။

"ပြည်တွင်းမှာတော့ ကိုယ့်မြန်မာအချင်းချင်းကို နှိမ်ပြီး နိုင်ငံခြားသားကို ရာထူးအမြင့်မှာ ထားတယ်လို့တော့ မဟုတ်ပါဘူး။ Expert Level လောက်မှာ နည်းပညာကျွမ်းကျင်မှု၊ နိုင်ငံတကာ အတွေ့အကြုံပိုင်းတွေမှာ မြန်မာတွေ သူတို့ကို မယှဉ်နိုင်ကြတဲ့အတွက် ရာထူးအမြင့်တွေရနေတာ မငြင်းနိုင်ပါဘူး။ ဒါက ငယ်စဉ်ကတည်းက သူတို့သင်ယူလာခဲ့ရတဲ့ သင်ယူမှုပတ်ဝန်းကျင်က မြန်မာတွေနဲ့ ကွာခြားနေခဲ့လို့ပါ။ ပြီးတော့ နည်းပညာပိုင်း အားသာချက် တွေမှာတော့ သူတို့ကပိုကြတယ်လို့ ပြောလို့ရတယ်"ဟု ၎င်းကဆက်လက် ပြောပြခဲ့သည်။

ထို့ပြင် ပြည်တွင်းရှိအစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ အသင်း အဖွဲ့များ၌ ရန်ပုံငွေနှင့် ဘတ်ဂျက်ကို ချိန်ဆကာ မြန်မာနိုင်ငံသားများကိုသာ လစာဒေါ်လာဖြင့် ခေါ်ယူခန့်ထားခြင်းလည်း ရှိနေကြောင်းသိရသည်။

"NGO နဲ့တချို့ Foundation အဖွဲ့တွေမှာ နိုင်ငံခြားသားကို ဒေါ်လာ အများကြီးပေးပြီး အလုပ်ခန့်တာထက် မြန်မာထဲက ကျွမ်းကျင်ဝန်ထမ်းတွေကို လစာဒေါ်လာ လေး၊ ငါးခြောက်ရာလောက် ပေးပြီး ခေါ်တယ်။ ဒါပေမယ့် တကယ့်နိုင်ငံခြားသားတွေကို ခေါ်ရင်တော့ လစာဒေါ်လာထောင်ချီ ပေးခန့်ရတယ်"ဟု နိုင်ငံတကာပညာရေး အဖွဲ့အစည်းတွင်း၌ ပါဝင်လုပ်ကိုင်နေသူ အငြိမ်းစား ပါမောက္ခတစ်ဦးက ရှင်းပြခဲ့သည်။

"NGO၊ INGo နဲ့ နိုင်ငံတကာ ပုဂ္ဂလိကပညာရေး စင်တာတွေမှာ အများအားဖြင့် နိုင်ငံခြားသားတွေ တွေ့ရတယ်။ မြန်မာတွေကတော့ ရာထူး အဆင့် အလယ်အလတ်လောက်မှာ လုပ်ကိုင်ကြရတယ်။ နောက်ပိုင်းမှာ နိုင်ငံတကာကို ပညာသင်သွားနေတဲ့ သူတွေထဲက ပြန်လာမယ့်ဦးရေသာ များလာမယ်ဆိုရင် မြန်မာတွေရဲ့လုပ်ဆောင်နိုင်မှုတွေဟာ မြင့်တက်လာမှာပါ။ အဲဒီလို ပြန်လာနိုင်ဖို့လည်း အချိန်အတိုင်းအတာတစ်ခု လိုအပ်သလို သူတို့အတွက် အလုပ်အကိုင်ပတ်ဝန်းကျင်တစ်ခု ပြောင်းလဲဖန်တီးပေးဖို့လိုတယ်"ဟု ပညာရေးလုပ်သက် နှစ်ငါးဆယ်ကျော် အတွေ့အကြုံ ရှိထားသူ ဆရာတစ်ဦးက ပြောပြခဲ့သည်။

ယခုအချိန်အထိ ပြည်ပတွင်သာမက ပြည်တွင်းကုမ္ပဏီများ၌ နိုင်ငံခြားသားဦးရေမှာ ရာထူးအမြင့်ပိုင်းများ၌ တွေ့မြင်မှု များနေသေးသော်လည်း မြန်မာများအနေဖြင့် မိမိတို့ ၏အရည်အသွေးအား နိုင်ငံတကာ နှင့် တန်းဝင်ဖြစ်စေရန်မြှင့်တင်ခြင်း၊ ပြည်ပတွင်ပညာသင်သွား၍ ပြန်လာသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖန်တီးပေးခြင်း၊ နိုင်ငံတကာအဆင့်မီ ပညာရေး ၀န်းကျင်ကောင်းများ ဖန်တီးပေးခြင်းဖြင့် အချိန်ကာလတစ်ခု၌ ပြည်တွင်းတွင် သာမက ပြည်ပနိုင်ငံများ၌ပင် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိလာနိုင်မည်ဖြစ်ကြောင်း လေ့လာသူအချို့ က သုံးသပ်ခဲ့သည်။

http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။