Home » » ရွှေမြန်မာများ သတိပြုစေ လို ၃

ရွှေမြန်မာများ သတိပြုစေ လို ၃

Written By မောင်စေတနာ on Monday, August 2, 2010 | 3:45:00 PM



မလေးရှားနိုင်ငံ၏ နေရာအနှံတွင် မြန်မာနိုင်ငံသားများသည် ဒုစရိုက်သမား
တို့၏ သားကောင်အဖြစ် လုယက်ခံရခြင်း ၊ ဓားပြတိုက်ခံရခြင်း ၊ ပြန်ပေးဆွဲ
ခံရခြင်း ၊ မုဒိမ်းကျင့် ခံရခြင်း ၊ ရဲအယောင်ဆောင်၍ ငွေညစ်ခြင်း အဌားကား
သမားများ၏ အနိုင်ကျင့် လုယက်ခံရခြင်း ၊ အလိမ်အညာခံရခြင်းများကို
ခံစားနေရပါသည်။

ကိုင်တိုင်ခံရသူများနှင့် မျက်မြင်သူများ ပြောပြချက်များအရ ကွာလာလမ်ပူ
မြို့လယ် ကိုတာရာယာ ပတ်ဝန်းကျင်နှင့် ပူဒူတာရာ အဝေးပြေး ကားဂိတ်
ပတ်ဝန်းကျင်တွင် ဒုစရိုက်သမားများသည် ပုံစံအမျိုးမျိုးဖြင့် အမဲလိုက်နေကြ
သည်။ ဆေးစွဲသူတို့က မိမိတွင် AIDS ရောဂါရှိကြောင်း သွေးစွန်း နေသော
ဆေးထိုးအပ်ကို ပြပြီး ငွေမပေးလျှင် ဆေးထိုးအပ်နဲ့ ထိုးမည်ဟု ခြိမ်းခြောက်
၍ငွေတောင်းခံခြင်း ဘဏ်တွင်ငွေထုပ်သူများကို အနောက်မှ လိုက်၍ဓားဖြင့်
ထောက်၍ ငွေတောင်းခံခြင်း ရဲအယောင်ဆောင်၍ ငွေညစ်ခြင်း စသည်တို့
ယခု တစ်ပတ်အတွင်း ၂ ကြိမ်ဖြစ်ပွားခဲ့သည်။

တစ်ကြိမ်တွင် ဗလကောင်းကောင်း လူ ၂ ဦးက သူငယ်ချင်းနှင့် လူစုကွဲသွား
၍ ယောင်လည်လည်ဖြစ်နေသော သူအား ဖမ်းဆီး၍ လူရှင်သော နောက်ဖေး
လမ်းကြားသို့ ခေါ်ဆောင်သွားပြီး ပါလာသောငွေနှင့် ဟမ်းဖုန်းများကို ယူသွား
သည်။ နောက်တစ်ကြိမ်တွင် ဆိုင်တစ်ခု၏ လှေကားမှ ဆင်းလာသောမြန်မာ
လူငယ်အား အသက် ၃၅ ပတ်ဝန်းကျင် အမျိုးသမီးက သူမရဲ့ လည်ပင်းတွင်
ဆွဲထားသော ကဒ်ပြားကိုပြ၍ လူရှင်းသော နေရာသို့ ခေါ်ဆောင်ပြီးငွေတောင်း
ခံလိုက်ရကြောင်း သိရသည်။


ဂိမ်းဆိုင်တွင် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးလေးအား ဂိမ်းဆိုင်သို့
ဓားပြလာတိုက်သောအခါ လူဆိုးများက ဖမ်းဆီးခေါ်ဆောင်သွားရာ ပြန်တွေ့
သောအခါ သေဆုံးနေကြောင်း သိရသည်။

ဂျိုဟိုးပြည်နယ် ၊ ဘတူးဘဟက် ကားဂိတ်တွင် အသက် ၁၇ နှစ်အရွှယ်ရှိ
အမျိုးသမီးလေး ပျောက်ဆုံးနေသည်မှာ ၅ ရက်ရှိပြီ ဖြစ်ကြောင်းလည်း သိ
ရှိရပါသည်။

ထို့ကြောင့် ဒုစရိုက်သမားများ၏ အန္တရာယ်မှ ကာကွယ်နိုင်ရန် အပြင်ထွက်
ဈေးဝယ်လျှင်ပဲဖြစ်ဖြစ် ၊ ခရီးထွက်ရင်ပဲဖြစ်ဖြစ် ၊ အပေါင်းအသင်း များနှင့်
စုစု စည်းစည်း သတိနှင့် သွားလာရန် သတိပေးလိုပါသည်။

lannthit

ဒီနေရာမှ ကျွန်တော်ရဲ့ မျက်မြင်နည်းနည်း ပြောပါရစေဗျာ။
မလေးရှားမှာ အရမ်းစည်တဲ့ ကေအယ် ကွာလာလမ်မြို့လယ်မှာပေါ့
တစ်နေ့ ကျွန်တော် ကိစ္စရှိလို့ မြို့ထဲသွားတော့ မြန်မာတစ်ယောက်ပါပဲ
ကျွန်တော်ရှေ့မှာတင်ပဲ ... လူငယ်လေးက အစ်ကိုက မြန်မာနော်ဗျာ
ကျွန်တော်ကို နည်းနည်းကူညီပါဗျာ ကျွန်တော် သူငယ်ချင်းတွေနဲ့ဒီလာတာ
ဒီရောက်တော့လူစုကွဲသွားလို့ ပိုက်ဆံအိပ်ကလည်း ကုလားလုခံရလို့ဗျာ ....
ကျွန်တော်ကို ပိုက်ဆံနည်းနည်းလေး ကူညီပေးပါ အစ်ကိုရာ
ကျွန်တော်မှာ ကားခတောင် မကျန်တော့လို့ပါ .....
ဒီတော့ အပြောခံရသူ မြန်မာ အစ်ကိုကလည်း သနားလို့ ကူညီပေးမယ်လို့
သူ့ပိုက်ဆံအိပ်ကိုထုပ်ပြီး ပေးမည်အလုပ်မှာ အကူညီတောင်းတဲ့ လူငယ်က
သူ့ပိုက်ဆံကို လုပြီးပြေးရော ......... ဘာမှလည်း မတတ်နိုင်ပါ။
ကျွန်တော်ရှေ့မှာတင်ပါ ဒါက မြန်မာ အချင်းချင်းနော် ...
အကူညီပေးနေတာတောင် လုပ်ရက်တယ်ဗျာ ....
ကျွန်တော်လည်း မနေသာတော့ပဲ အဲဒီအလုခံတဲ့ အစ်ကိုကြီးကို
ပြောပြ ဖျောင်းဖျပြီး ကားခကို ကျွန်တော်ပဲ ပေးလိုက်ပါတယ်ဗျာ။

နောက်တစ်ခုက ကျွန်တော်ရဲ့ သူငယ်ချင်းနေတဲ့အိမ်ကို ဓားပြ
ဝင်တိုက်တယ်ဗျာ ... ရှိသမျှ ပိုက်ဆံ ကွန်ပျူတာတွေ ပါသွားတယ်တဲ့
ကျွန်တော်က မေးတယ်။ ဘေးအိမ်တွေက မသိဘူးလားလို့
သူက ပြန်ပြောတယ် လူတွေတော့ရှိတယ်တဲ့ ဒါပေမဲ့ အားလုံး
ရပ်ကြည့်နေကြတာတဲ့ ဗျာ ....
မလေးရှားမှာက ဒီလိုပဲဗျာ သူတို့အရှေ့မှာ ဘာပဲဖြစ်ဖြစ်
ဝင်မပါတတ်ဘူး ရပ်ကြည့်နေတာပဲ .....


နောက်ထပ်တစ်ခုက ကျွန်တော်ရဲ့ သူငယ်ချင်းပါ ပီနန်ကနေ
ကွာလာလမ်ပူ ( kl ) ကိုတက်လာတာပါ ....
ညကတည်းက တက်လာတာ မနက် ၆ နာရီရောက်တယ်။
kl ရောက်တော့ ကားပေါ်ကဆင်းပြီး ကျွန်တော်ဆီဖုန်းဆက်တယ်
သူ့ကိုလာခေါ်ဖို့ပေါ့ ....
ကျွန်တော်ကလည်း ခဏနော် ငါလာခဲ့မယ်ပြောလိုက်တယ်။
သူကျွန်တော်ဆီ ဖုန်းဆက်ပြီး ခဏအကြာမှာ ...
မြန်မာတစ်ယောက်က ( အသက် ၂၇ ဝန်းကျင် ) အစ်ကိုရေ
ကျွန်တော်ကို နည်းနည်း ကူညီပါဗျာ .... ကျွန်တော် အရေးကြီးနေလို့
ဖုန်းဖုန်း နည်းနည်း ပေးဆက်နော် အစ်ကို ပြောလိုက်တော့ ...

ကျွန်တော့် သူငယ်ချင်းကလည်း ဟုတ်ကဲ့ ရပါတယ်ဗျာ ဆက်ပါ ဟု
ဖုန်းကိုပေးလိုက်တော့ အရင်ဖုန်းနံပတ်နှိပ်ပြီး ပြေးသွားတယ်တဲ့ဗျာ
ဖုန်းလေး လည်း ပါသွားရော့ဗျာ ...
နောက် ကျွန်တော်ကို လမ်းဘေးဖုန်းကနေ ဖုန်းလာတယ်။
ငါ့ဖုန်း အလုခံလိုက် ရပီတဲ့ .......
တော်သေးတာပေါ့ဗျာ ...
ကျွန်တော်နဲ့ သိနေတဲ့ သူငယ်ချင်းမို့ မသိတဲ့ လူဆို
ကျွန်တော် ဘယ်လိုသွားခေါ်မလဲ .... လူကိုမှ မမြင်ဖူးတာလေဗျာ ...

ဒါတွေက မလေးရှားမှာ လုယက်မှုတွေဟာ နေရာအနှံ့ ရှိနေပါတယ်ဗျာ။
ရဲလည်း ကြောက်ရ ကုလားတွေ ဒုစရိုက်သမားတွေ ကြောက်ရနဲ့ မလေးရှားမှာ
အလုပ်လုပ်ရင်း သွားလာနေရတာပဲဗျာ .... စာဖတ်သူ မိတ်ဆွေတွေလည်း
မလေးကမှန်ရင် ဂရုစိုက်ပြီး သွားလာကြဖို့သတိပေးလိုပါတယ်ခင်ဗျား ။

လေးစားစွာဖြင့်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။