Home » » ရေဘေးသင့်စခန်း အကူအညီလိုအပ်

ရေဘေးသင့်စခန်း အကူအညီလိုအပ်

Written By မောင်စေတနာ on Tuesday, August 9, 2011 | 3:53:00 PM

http://www.irrawaddy.org/bur/images/stories/8_8_2011_Karen_NEWs_THOO_01.jpg
ရေဘေးဒဏ်ခံခဲ့ရသော မယ်ရာမို ဒုက္ခသည် စခန်း တနေရာ (ဓာတ်ပုံ - KRC)

ယခင်တပတ်က ရေကြီးမှုဒဏ် ခံခဲ့ရသော ထိုင်း မြန်မာ နယ်စပ်ရှိ မယ်ရာမို ဒုက္ခသည် စခန်းတွင် လူဦးရေ ၁၀၀၀ ကျော် ယာယီ နေထိုင်ရန် အမိုး အကာများ အရေးတကြီး လိုအပ်နေ သည်ဟု သိရသည်။

“အကူအညီတွေ အားလုံး အလုံအလောက် မရဘူး၊ ကျောင်းတွေကတော့ အားလုံး ပိတ်ထားတယ်၊ ဘယ်တော့ ပြန်ဖွင့်မလဲ မသိဘူး” ဟု ကရင် ဒုက္ခသည် ကော်မတီ (KRC) မှ ၀န်ထမ်းတဦးဖြစ်သူ စောကျော်ပွေက ဧရာဝတီသို့ ပြောသည်။

ကယ်ဆယ် ကူညီရေး အဖွဲ့ တို့က ဒုက္ခသည်စခန်းသို့ ယနေ့ သွားရောက်နေကြောင်း၊ ဒုက္ခသည်များအတွက် အမိုးအကာ၊ အ၀တ်အစား တို့ကို ကား ၆ စီးဖြင့် တင်ဆောင်သွားကြောင်း စောကျော်ပွေက ဆက်ပြောသည်။

မယ်ရာမို စခန်း တာဝန်ရှိသူများက ဆေးဝါး အကူအညီများ ထောက်ပံ့ပေးထားသောကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ရခြင်း မရှိဟု သူက ဆိုသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မယ့်စရီယမ်မြို့နယ်တွင် တည်ရှိသော ထိုစခန်း၌ ရေဘေးသင့် မိသားစုဝင်များကို ရေလွတ် ရာ စာသင်ကျောင်း၊ ဘာသာရေး ဆိုင်ရာ အဆောက်အအုံ တို့တွင် နေရာချထားပေးသည်ဟု သိရသည်။

ပြီးခဲ့သည့် တပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုစခန်းမှ ဆန်ဂိုဒေါင် ၃ ခု နှင့် နေအိမ် ၄၀၆ လုံး ရေနစ်မြုပ်သွားသည်။ ဆုံးရှုံးမှုများထဲတွင် ဆန်အိတ် ၂၉၇၀ အိတ်၊ မူလတန်းကျောင်း နှင့် စာကြည့်တိုက်ရှိ ပစ္စည်းများလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

http://www.irrawaddy.org/bur/images/stories/8_8_2011_Karen_NEWs_THOO_02.jpg
ရေဘေးဒဏ်ခံရသော မယ်ရာမို ဒုက္ခသည် စခန်း (ဓာတ်ပုံ - KRC)

ထိုစဉ်က သံလွင်မြစ်ဘေးရှိ ထိုင်းကျေးရွာ တရွာတွင် အိမ်ခြေ ၅၀ ခန့် နစ်မြုပ်သွားပြီး ဒေသခံ ၇ ဦး သေဆုံးသွားသည်ဟု သိရသည်။

မယ်စရီယမ်မြို့နှင့် ထိုကျေးရွာကို ဆက်သွယ်ထားသော ကားလမ်းများလည်း ပျက်စီးသွားကြောင်း ကြားသိရသည်။

ဒုက္ခသည်များသည် ၁၉၈၃ နောက်ပိုင်း ကရင်ပြည်နယ်နှင့် အနီးတ၀ိုက်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက် သို့ ထွက်ပြေးကြသူများ ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်း ၉ ခုတွင် ဒုက္ခသည် တသိန်း ခြောက်သောင်းခန့် ခိုလှုံနေသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။