Home » » ဆိုင်ကလုန်းမုန်တိုင်းကြီး ရခိုင်ပြည်နယ် အလယ်ပိုင်းကို စတင်ဖြတ်ကျော်ပြီ။ (၂၂-၁၀-၂၀၁၀ ရက် နံနက် (၇;၄၅) နာရီ အချိန် ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းကြီး ရခိုင်ပြည်နယ် အလယ်ပိုင်းကို စတင်ဖြတ်ကျော်ပြီ။ (၂၂-၁၀-၂၀၁၀ ရက် နံနက် (၇;၄၅) နာရီ အချိန် ထုတ်ပြန်ချက်)

Written By မောင်စေတနာ on Friday, October 22, 2010 | 9:19:00 PM


04B GIRI တစ်နာရီမိုင်(၈၀)နှင့်အထက်တိုက်ခတ်တဲ့ Category II အဆင့်ရှိ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး ရခိုင်ပြည်နယ် အလယ်ပိုင်းကို စတင်ဖြတ်ကျော်ပြီ။ (၂၂-၁၀-၂၀၁၀ ရက် နံနက် (၇;၄၅)နာရီ အချိန် ထုတ်ပြန်ချက်)



04B GIRI တစ်နာရီမိုင်(၈၀)ကျော်တိုက်ခတ်တဲ့ Categoey II အဆင့်ရှိ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်သွားပြီ။




ဒီကနေ့မနက်ကဖြစ်နေခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး ဒီနေ့ည(၉)နာရီခွဲအချိန်မှာ မုန်တိုင်းမျက်စိပေါ်တဲ့အဆင့်ရှိတဲ့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်နေပါတယ်။ လေတိုက်နှုန်းတစ်နာရီ (၇၅)မိုင် အထိရှိနိုင်ပါတယ်။



အန္တရာယ်ကြီးတဲ့ အဆင့်ရောက်နေပါပြီ။ လေသာမက အထူးသဖြင့် ရေတက်ပါတော့မယ်။ အခုမုန်တိုင်းကို မနက်ဖန် (၂၂-၁၀-၂၀၁၀)ရက်နေ့ နေ့ခင်းပိုင်းကစပြီး သတိထားရပါ့မယ်။ ညနေ(၃)နာရီလောက်စပြီး ဆိုးလာနိုင်ပါတယ်။ ဖြတ်မယ်လို့ခန့်မှန်းးတဲ့နေရာက ကျောက်ဖြူမြို့အနီးက ဖြစ်ပါ့မယ်။(အမြဲ Update လုပ်ပါ့မယ်။)





ရေက မုန်တိုင်းဖြတ်မယ့်နေရာ(ဆိုပါစို့ လောလောဆယ် ကျောက်ဖြူပေါ့ဗျာ)ရဲ့ အောက်ဖက် (မုန်တိုင်းလမ်းကြောင်းကို မျက်နှာမူရင် ညာဖက်ခြမ်း)မှာ ရေတွေတက်ပါ့မယ်။ မုန်တိုင်းဖြတ်တဲံ နေရာရဲ့အောက် မိုင်(၂၀-၃၀)အတွင်း အဆိုးဆုံးဖြစ်ပါ့မယ်။ လက်ရှိလေတိုက်နှုန်း တစ်နာရီ(၇၅)မိုင် နဲဆိုရင် (၅)ပေမှ (၆)ပေ လောက်အများဆုံးပါဘဲ။ ရေက လေတိုက်နှုန်း မိုင်(၁၀၀)ကျော်မှ အလွန်ဆိုးတာ ဖြစ်ပါတယ်။



နောက်ပြီး ရခိုင်ကကမ်းရိုးတန်း ရေနက်တော့ မြစ်ဝကျွန်းပေါ် လောက်ရေအတက် မကြမ်းပါဘူး။ သတိရှိပါ။ ကြိုတင်ပြင်ဆင်ပါ။ကမ်းပေါ်တွင်နေထိုင်ပါ။ ခိုင်ခံသောအဆောက်အဦတွင်ခိုလှုံပါ။ ၂၂-၁၀-၂၀၁၀ နံနပ်ပိုင်းကစပြီး မုန်တိုင်စက်ကွက်းထဲရောက်ပါလိမ့်မယ်။



လေစတိုက်မယ်။ အပြင်းဆုံးလေက ဗစိုချက်နားရှိတာမို့ ဒီလေကိုတော့ နေ့ခင်းပိုင်းလောက်မှ ကြုံနိုင်ပါလိမ့်မယ်။လှိုင်းကြီးနိုင်တာကြောင့် ရေထဲကိုတော့ ရှောင်စေချင်ပါတယ်။ မုန်တိုင်းဒီရေတက်တာ နည်းနိုင်ပါတယ်။



တစ်နာရီ(၇၅)မိုင်နှုန်းတိုက်တဲ့လေဟာ ရေပြင်၊မြေပြင်တွေအပေါ်မှာ ဘယ်လောက်အထိ ပျက်စီးစေနိုင်တယ် ဆိုတာကို မှန်းဆနိုင်ဖို့ Web Page တစ်ခုတင်ထားပေါးပါတယ်။






တစ်နာရီလေတိုက်နှုန်း(၇၅)မိုင်ဆိုတာ လှိုင်းကြီးနိုင်တယ်၊ အဆောက်အဦတွေပျက်စီးနိုင်တယ်၊ သစ်ပင်တွေဓါတ်တိုင်တွေ ပြိုလဲနိုင်ပါတယ်။ အကောင်းဆုံး အကြံဥာဏ်အနေနဲ့ (၁) ပင်လယ်ထဲကိုရှောင်ပါ။ (၂) မုန်တိုင်းဒီရေဆိုးဆိုးဝါးဝါးမရှိနိုင်လို့ ကမ်းပေါ်မှာနေရင် လုံခြုံနိုင်ပါတယ်။ (၃) ခိုင်ခံ့တဲ့ အဆောက်အဦ တွေမှာ ခိုလှုံနေထိုင်ပါ။



၂၂-၁၀-၂၀၁၀ မနက်ကတည်းက မုန်တိုင်းရဲ့ စက်ကွင်းဖြတ်နေပြီမို့ လေတွေမိုးတွေစပါလိမ့်မယ်။ ဒါပေမယ့် ဗဟိုချက်က ပင်လယ်ထဲမှာဘဲရှိပါလိမ့်မယ်။ တစ်နာရီ (၇၅-၈၀)မိုင်လေတိုက်နှုန်းကလည်း အဲဒီဗဟိုချက်ဖြတ်မှာတိုက်မှာပါ။




နေ့လည်လောက်ဆိုရင် စမယ်လို့မှန်းပါတယ်။ ညနေ(၆)နာရီခွဲလောက် ဆိုရင် ကုန်းထဲေ၇ာက်သွားပါပြီ။ အဲ.. ကုန်းထဲရောက်ပြီးနောက်ထပ်တစ်ရက်လောက် (၂၃-၁၀-၂၀၁၀)ညနေအထိ ရှိနေဦးမှာမို့ ကုန်းတွင်းပိုင်းဒေသတွေ (မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း)မှာ မိုးတော့ရွာဦးမယ်လို့ ခန့်မှန်းကြောင်းပါဗျာ။


MCCW
Updated on 22-10-2010 at 06:00 MST)

Credit ;http://www.tunlwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။