Home » » ဆိုင်ကလုန်းမုန်တိုင်း ဂီရိကြောင့် မြေပုံမြို့တွင် ထိခိုက်ပျက်စီးမှု များပြားခဲ့ ကြောင်းသိရှိရ

ဆိုင်ကလုန်းမုန်တိုင်း ဂီရိကြောင့် မြေပုံမြို့တွင် ထိခိုက်ပျက်စီးမှု များပြားခဲ့ ကြောင်းသိရှိရ

Written By မောင်စေတနာ on Sunday, October 24, 2010 | 2:14:00 PM

ဆိုင်ကလုန်းမုန်တိုင်း ဂီရိကြောင့် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့တွင် ပျက်စီးမှုနည်းပါးခဲ့ပြီး
မြေပုံမြို့တွင်မူ ထိခိုက်ပျက်စီးမှု များပြားခဲ့ ကြောင်းသိရှိရ .........

အောက်တိုဘာလ ၂၂ ရက်နေ့ က မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း ကို စတင်ဖြတ်ကျော်ခဲ့သော အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းဂီရိကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့တွင် ပျက်စီးမှုနည်းပါးခဲ့ပြီး မြေပုံမြို့နယ်တွင်မူ ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း မြေပုံမြို့နယ်မှပေးပို့သော သတင်းများအရ သိရှိရသည်။

"စစ်တွေမှာ သစ်ပင်တွေပဲလဲတယ်။ ထိခိုက်မှုသိပ်မရှိဘူး။ ကျောက်ဖြူကလည်း ထိခိုက်ပျက်စီးမှုနည်းတယ်။ မြေပုံကတော့ ၉၀ ရာခိုင်နှုန်းလောက်ပျက်စီးနေတယ်။ လူနှစ်ဦးသေတယ်"ဟု ဒေသခံတစ်ဦးက အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မင်းပြားတို့တွင် မုန်တိုင်းသက်ရောက်မှုများကို ကြုံတွေ့ခဲ့ရသည်။



ရခိုင်ပြည်နယ်ကို အောက်တိုဘာလ ၂၂ရက်နေ့ကတိုက်ခတ်ခဲ့ပြီးနောက် ယင်းမုန်တိုင်းသည် အောက်တိုဘာလ ၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့ကို ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်ဝင်ရောက်ကာ ယင်းနေ့ညနေပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်မှ အားပျော့ပျက်ပြယ်သွားပြီဖြစ်သည်ဟု သိရှိရသည်။

မုန်တိုင်းသည် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီးသုံးခုကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကာ ၀င်ရောက်ခဲ့သည့်ဒေသများတွင်သာမက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စသောဒေသများတွင်လည်း မိုးရွာသွန်းမှုများကို ကြုံတွေ့ခဲ့ရသည်။

လတ်တလောတွင်မူ မြေပုံမြို့နယ်နှင့် အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ပြီး နောက်ဆက်တွဲရရှိသောသတင်းများကို ဆက်လက်ဖော်ပြပေးမည်ဖြစ်ပါသည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။