Home » » လတ်တလောဖြစ်ပေါ်နေသော စိတ်ဆန္ဒများ (တဂ်)

လတ်တလောဖြစ်ပေါ်နေသော စိတ်ဆန္ဒများ (တဂ်)

Written By မောင်စေတနာ on Thursday, May 19, 2011 | 8:32:00 PM



လတ်တလောဖြစ်ပေါ်နေသော စိတ်ဆန္ဒများ ... ဒီပိုစ့်လေးတွေကို ဘာလော့ဂါ တော်တော်များများ ရေးပြီးနေပါပြီ။ အခု ကျွန်တော်အလှည့်ပေါ့ဗျာ။ ဒီအကြောင်းကို စပြောရမယ်ဆိုရင် ကိုကိုးအိမ် ကစပြောရမှာပါ။ သူဆိုက်ကနေ အားလုံးကို (တဂ်) လိုက်တာလေ ... သူအရင်ဆုံး စရေးကတည်းက ကျွန်တော့်ကို ရေးခိုင်းနေတာ ရေးပေးမယ်လို့သာ ပြောထားတယ်။ သိတယ် မလား ကျွန်တော်က ပိုက်ဆံသာ မရတာ အွန်လိုင်းမှာ အလုပ်က ခပ်များများရယ်။

အခု ဦးဦးလေမိုး ကပါ။ ကျွန်တော့်ကို (တဂ်) လိုက်တယ်ဆိုတော့ ရေးပေးရတာပေါ့ဗျာ။ ဝါသနာတူ ဘလော့ဂ်ဂါ ညီအစ်ကိုတွေ ပဲလေ ... ကိုယ့်အကြောင်းကိုလည်း သိပ်မပြောချင်ပါဘူး ၊ ကိုယ့်အကြောင်းတွေ လူတွေသိမှာလည်း စိုးရသေးတယ်ဗျာ။

ဒါပေမဲ့ မပြောမဖြစ် ပြောရဦးမယ် ။ မဟုတ်တာတွေရော ဟုတ်တာတွေပါ နည်းနည်းလေးပေါ့ ကိုသားစိုး သီချင်းထဲကလို ရေသမမွေ လိုက်ဦးမယ်။


(1) အစားချင်ဆုံးအစားအစာ - ထိုင်းမှာ စားဖူးတဲ့ ကြက်သားနဲ့ ကောက်ညှင်းကို စားချင်တာ ၊ ပြီးတော့ သဘောင်္သီးထောင်း ရေခဲမုန့် (စားချင်တာနော်)


(2) နေ့တိုင်းစားဖြစ်တဲ့အစား -ထမင်းပဲ စားတယ်။ တစ်ခါတစ်လေ ထမင်းကြော် ၊ ( အခုလ 23 ရက်နေ့ ဦးဦးလေမိုးနဲ့ တွေ့ရင် ထမင်းကြော်ဝယ်ကျွေးခိုင်းရမယ်)


(3) အလိုချင်ဆုံးရေမွှေး - ဒါကတော့ သိပ်ပြီးမရွေးဘူး ၊ အခုလောလေဆယ်တော့ မွေးနေ့တုန်းက ဦးဇော် ပေးထားတဲ့ ရေမွှေးကိုသုံးနေတာ ( ထပ်လိုချင်လို့ )


(4) သုံးဖြစ်နေတဲ့ရေမွှေး - အပေါ်မှာ ပြောပြီးနေပြီလေ ၊ ဦးဇော် လက်ဆောင်ပေးတာ ( သိချင်ရင် ဦးဇော် ကို မေးပေါ့ )


(5) အလိုချင်ဆုံး မွေးနေ့လက်ဆောင် - မွေးနေ့တုန်းက ချစ်သူဆီက စာလိုချင်တာ ၊ စာပို့လိုက်တယ်ဆိုလို့ စောင့်နေတာ အခုထိ မရောက်သေးပါဘူး .... (ချစ်သူရှိတယ်ဆိုတာ ကြွားထားမှ)

(6) အလိုချင်ဆုံးဖုန်း - အိုင်ဖုန်းလေး တစ်လုံးလောက် လိုချင်တာ ... (ပေးသူမရှိသေးဘူး)


(7) သုံးဖြစ်နေတဲ့ဖုန်- Nokia 5300 နဲ့ N 95 ၊ Nokia N 95 ၊ Nokia N 1200 အခုလက်ရှိကိုင်နေတာက Csl blueberry @9500 ... (ကြွားတာတော့ မဟုတ်ပါဘူး၊ ရှိတယ်ဆိုတာ ပြောပြတာပါဂျာ)


(8) အရူးသွပ်ဆုံးအရာ - သီချင်းတွေ ဆိုတာ ၊ နားထောင်ရတာ


(9) အနီးစပ်ဆုံးဂီတ - ကြိုက်တဲ့ သီချင်းတွေ ဖွင့်တိုင်း ခေါင်းလှုပ်နေတတ်တယ်။ (စိုင်းစိုင်း စတိုင်လိုပေါ့)


(10) အလိုချင်ဆုံးစာအုပ် - စာရေးဆရာ ကောင်းသန့် ရဲ့စာအုပ်များအားလုံး လိုချင်တာ
(လက်ဆောင်ပေးနိုင်ပါတယ်)


(11) အခုဖတ်ဖြစ်နေတဲ့စာအုပ် - အရှင်ဆန္ဒာဓိက စာအုပ်တော့ ဝယ်ထားတယ် မဖတ်ဖြစ်သေးဘူး ... လောလောဆယ် ဆိုင်မှာတော့ တရုတ်သတင်းစာထဲက ပုံတွေ လျှောက်ကြည့်ဖြစ်တာ ( ဖတ်လို့မတတ်လို့ )


(12) အကြားချင်ဆုံးစကား - အမြဲချစ်နေတယ် ဆိုတဲ့ ချစ်သူဆီက စကားလေး ကြားချင်တာ ၊ (ချစ်သူနဲ့တွေ့ရင် အမြဲမေးတတ်တယ်)


(13) အဖြစ်ချင်ဆုံးဆန္ဒ - လူ့ဘဝလေးကို လူသားတိုင်း အဆင်ပြေပြေ ဖြတ်သန်းနေတာ မြင်ချင်ပါတယ်။


(14) အလိုချင်ဆုံးဆု - မြန်မာပြည်ကို ပြန်ချင်တာ ... (အခုလောလာဆယ်နော် ခဏနေ စိတ် ပြောင်းချင်ပြောင်းမယ်)


(15) အသွားချင်ဆုံးနေရာ - မရောက်ဖူးသေးတဲ့ နိုင်ငံတွေ ရောက်ဖူးချင်တယ်။


(16) သွားဖြစ်နေတဲ့နေရာတွေ - ကေအယ် ၊ ကလန်း ၊ ပြီးတော့ ရွှေတောင် စားသောက်ဆိုင်


(17) အကြည့်ချင်ဆုံးရုပ်ရှင် - တရုတ်သရဲကား ၊ မှော်ပညာကား ပြီးတော့ ကြောင် နဲ့ ကြွက်


(18) အပြောချင်ဆုံးစကား - ဒါတော့ မရှိဘူး စကားကို (မပြောရလေ ကြိုက်လေပဲ)


(19) အယုံကြည်ဆုံးလူသား - ဂေါတမ နွယ်ဖွား သိဒ္ဓိတ္ထမင်းသား။


(20) မယုံကြည်ဆုံးအရာ - တကယ်မရှိပဲ လိမ်နေတာကို မယုံကြည်တာ။


(21) အမုန်းဆုံးအရာ - လူတွေနဲ့ စကားများရတွေ အဆင်မပြေဖြစ်တာတွေ။


(22) အသောက်ဖြစ်ဆုံးအအေး - ကိုကာကိုလာ ပဲ။


(23) လတ်တလော အထိတွေ့ဆုံးအရာ - ကွန်ပျူတာ ကီးဘုတ် ၊ မောက် အင်တာနက် စာမျက်နှာ။


(24) မကောင်းတဲ့ကျန်းမာရေး - နှာစေးနေတတ်။ (မိုးရွှာရင် မိုးရေချိုးတတ်လို့)


(25) အကောင်းဆုံးအဖော် - သီချင်းတွေ ၊ စာအုပ်တွေဟာ ကျွန်တော်အတွက် အဖော်ပါပဲ။


(26) လက်ရှိအကြိုက်ဆုံးသီချင်း - ဘန်နီဖြိုး ရဲ့ မချစ်လို့မှ မဟုတ်တာ ( အခု နားထောင်ဖြစ်တာ)


(27) အကြောက်ဆုံးအလုပ် - တစ်ယောက်နဲ့တစ်ယောက် သေချာမသိပဲ အထင်လွဲတာမျိုးပေါ့။


(28) တန်ဖိုးအထားဆုံးအရာ - အမှတ်တရ ပေးထားတာတွေကို တန်ဖိုးထားတယ်။


(29) အကြောက်ဆုံးတိရိစ္ဆာန် - မြွေကိုကြောက်တယ်။ ငယ်ငယ်က မြွေနဲ့ အမြဲ တွေ့တယ်။ လမ်းသွားရင်လည်း မြွေကို နင်းမိတတ်တယ်ဂျာ။


(30) တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - ဦးဇော်၊ ဦးဦးလေမိုး ၊ ကိုအုပ်ကြီး ၊ ကိုမျိုး ၊ ကိုလတ် ၊ ကိုဝဏ္ဏထွန်း ၊ စံလင်းထွန်း ၊ ဦးလေး ရဲထွန်းဇော် ၊ ထားဝယ်နေမျိုး ၊ Craton ပြီးတော့ မကြီး မခိုင်နုငယ် ၊ မမလေး ဇင်မာ


(31) အပြင်သွားတိုင်းပါတဲ့ပစ္စည်း - နာရီ ၊ လက်စွပ် ၊ (ချစ်သူပေးထားတာ) ဖုန်း ၊ ပိုက်ဆံအိတ် နဲ့ လက်တော့ ကျောပိုးအိပ် ပြီးတော့ ဘောပင် (ကောင်မလေးတွေက အော်တိုရေးခိုင်းတတ်လို့)


(32) သွားဖြစ်နေတဲ့နေရာတွေ - အပေါ်မှာ ဖြေပြီးနေပြီလေ ၊ (ထပ်မမေးပါနဲ့ ချိန်းတွေ့နေတာတွေ ပေါ်ကုန်မယ်)


(33) စိတ်အညစ်ဆုံးအချိန် - သူများက အပြစ်တာလာတင်တွေ ၊ ရှင်းပြတာတွေ နားမလည်တာတွေဆို စိတ်ညစ်တတ်တယ်။


(34) အနေချင်ဆုံးနေရာ - ရေတံခွန်လေးနဲ့ နီးတဲ့နေရာလေးတွေ


(35) ကြားလိုက်မိတဲ့ ဟာသလေးတစ်ခု - ဟိုနေကလေ ဂူးဂဲလ်နှင့် ဖေ့ဘွတ် ရန်ဖြစ်တာ ဘလော့တွေ ရပ်တန့်သွားလို့ ဘလော့ကာတွေ အိပ်ရေးဝဝ အိပ်ရတယ်တဲ့ ....


(36) ပေးချင်တဲ့သတင်းတစ်ခု - ဘလော့ကာ ဦးဇော် ၊ ဦးအုပ် ၊ ဦးဦးလေမိုး တို့ မိန်းမယူဖို့ တိုင်ပင် နေတယ်တဲ့ ဂျာ ...(ဟဟ ... တားကို ...မဆူရဘူးနော်)

(37) အပျော်ဆုံးဖြစ်မယ့်အချိန် -တစ်လကို မလေးငွေ 5000 လောက်ရရင် ပျော်ဖြစ်မယ် ထင်တယ်။


ဟူး .... ပြီးသွားပြီနော် ... လတ်တလော အဖြေကတော့ ဒါပဲဗျာ။ နောက်ထပ် ပြောင်းစိတ်ပြောင်းရင် တစ်ခါ ဆက်ရေးပေးမယ်။ အခုတော့ ကျေနပ်ပါလို့ ... အရှုပ် တွေလုပ်နေပီ .... အဲ .... အလုပ်တွေ ရှုပ်နေပြီပြောတာ ...

အခု ဆက်ပြီး ဆိုက်လေးတွေကို (တဂ်) လုပ်ပီဂျာ ။

ကို ချမ်းလင်းနေ
ကို ဘသားချော
ဦးဦး မောင်(စွယ်စုံကျမ်း)
မမ Angelhlaing
တီလေး jasmine

အဆင်ပြေမယ် ဆိုရင်တော့ ရေးပေးစေချင်တာ ဆန္ဒအမှန်ပါဗျာ။ ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင် ရေးပေးဖို့တောင်းဆိုပါတယ်ဂျာ။

ခင်မင် လေးစား လျှက်

နေဇော်လင်း
19.5.2011
10:25 PM

Share this article :

11 comments:

Anonymous said...

ဘလော့ဂါများ မြွေကြောက်၏....

ဇင်အောင် said...

ဘန်နီဖြိုး ရဲ့ မချစ်လို့မှ မဟုတ်တာ ( အခု နားထောင်ဖြစ်တာ)

အင်း ... ဒီသီချင်းကို အစ်ကိုလည်း ကြိုက်တယ်ညီ။
လာဖတ်သွားပါတယ်။

နောက်မှတွေ့မယ်နော်

Angelhlaing(May everybody be happy and healthy! said...

မောင်လေးရေ ဆန္ဒလေးဖတ်ရင်း သဘောတကျ ပြုံးမိတယ်။ မောင်လေးလဲ အရှုပ်တွေလုပ်...အဲ အလုပ်တွေ ရှုပ်နေတယ် မမလိုပဲ...:):)

မိုးယံ said...

ဦးဦးလေမိုးနဲ့ တွေ့ရင် ညီလေးကို ထမင်းကြော်ဝယ်ကျွေးဖို့ အစ်ကိုပြောလိုက်မယ်.. ဒီကောင်က ကပ်စေးနည်းချင်ယောင်ဆောင်နေတာ..(ကောင်မလေးတွေအတွက်ကျတော့သုံးတယ်) ။ ဒီကောင်ကို အစ်ကိုနိုင်တယ်.. တစ်ခွန်းဆိုတစ်ခွန်းပဲ။

ဒီပုံစံ အတိုင်းဆို ဦးအုပ် မိန်းမယူဖို့က သေချာနေပြီပေါ့။

ညယံ said...

နံပါတ် ၃၇ သဘောကျတှာ :D

An Asian Tour Operator said...

မွေးနေ့တုန်းက လာချင်ပါတယ်ကွယ်။ ပြောကာမှ စိတ်တောင် မကောင်းဖြစ်သွားတယ်။ နောက်တစ်နှစ် ပေါ့။ လက်ဆောင် အကြီးကြီးပေးမယ်။

စံပယ်ချို said...

နောက်တစ်ခါကောက်ညင်းပေါင်းစားရင်ကြွေးမယ်
တိုဟူးကြော်နဲ့....

စံပယ်ချို said...

နောင်ကောင်ညင်းပေါင်းရင်ခေါ်ကျွေးမယ်နော်

မိုးမိုး said...

ဖြစ်ချင်တာလေးတွေ လာဖတ်သွားပါတယ်
မောင်လေးရေ ... အဆင်ပြေပါစေနော်

KMC@ချင်းလေး said...

မြွေကြောက်တာတော့တူတူပဲကိုနေဇော်လင်းရေ.. ကျနော်ကတစ်ခုပိုတယ်..ခွေးလဲသိပ်ကြောက်တတ်တာဗျ..ဟီးဟီးး

ကိုဇော် said...

ဘာလို့ ကိုယ့်အကြောင်း လူသိမှာ ကြောက်ရတာလဲ။ မဟုတ်တာတွေ လုပ်ထားလို့လား။ ကိုယ်က မှန်တာတွေ လုပ်ရင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး ထင်တာပါပဲ။ ဟုတ်တယ်ဟုတ်။ ( ဟုတ်တာတွေရော မဟုတ်တာတွေရော ရောသမမွှေမယ် ဆိုတော့ ငါ့ညီရယ်။ မင်းကတော့ မဟုတ်တော့ဘူး။ ဘဝဆိုတာ ရိုးသားမှုကို အခြေခံတာကွ။ ) ပြောရတာ မောသထှာ။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။