Home » , » 23.6.2014 - 1:25 PM - သတိပေးချက် - မလေးရှား သတင်း

23.6.2014 - 1:25 PM - သတိပေးချက် - မလေးရှား သတင်း

Written By မောင်စေတနာ on Monday, June 23, 2014 | 12:30:00 PM

 

ကေအယ် - ကလန်း ဘတ်စ်ကားတွေမှာ ကလန်းဖက်က လာတဲ့ ပထမတိုးဂိတ်မရောက်ခင်မှာ 99 ဘတ်စ်ကားတွေကို ရပ်ခိုင်းပြီး ရဲအုပ်စု ၂၀ လောက်ကနေ ပတ်စပိုစ့်နှင့် အထောက်အထား စစ်ဆေးနေပါတယ်။ 

ဆိုင်ကယ် နှင့် အိမ်စီးကားတွေ အပါအဝင် ရဲ ၊ ရေလာ ၊ ယာဉ်ထိန်းစတဲ့ အရာရှိတွေနဲ့ ပူပေါင်းပြီး စစ်ဆေး ဖမ်းဆီးနေတာကို တွေ့ရပါတယ်။ မျက်မြင်သက်သေ တစ်ယောက်၏ သတင်းပေးချက်အရ အင်ဒို ၊ ဘင်္ဂလား အများစုမှာ အထောက်အထား မရှိတဲ့ သူတွေကိုဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ 

============================ =====================

 ကေအယ်မှာ စနေ့နေ့ ၊ တနင်္ဂနွေနေ့တွေဆို လူစည်ကားတဲ့အတွက် ရဲများ နှင့် လုယက်သူများ ၊ ခါးပိုက်နှိုက် သူများ ၊ လမ်းသွားရင် ဖုန်းတွေကိုပြပြီးဖုန်းရောင်းသူများ နေရာ တော်တော်များများမှာ ရှိပါတယ်။ ကေအယ်တွင် ညပိုင်းအချိန် အပြင်သွားလာခြင်းများကို ရှောင်ကြပါ။ ညပိုင်းအချိန်ဆို ပိုက်ဆံတောင်းတဲ့ ရဲတွေများပါတယ်။ 

မလေးရှားမှာ အထောက်အထား မရှိရင် လူစည်ကားတဲ့ နေရာ ရဲတွေများတဲ့ နေရာတွေကို ရှောင်ပြီး သွားလာကြပါ။ ရဲဖမ်းခံရရင် ငွေနဲ့ရှင်းလို့ ရပေမယ့် တစ်ချို့ဆို ငွေနဲ့ ရှင်းလို့ မရပဲ ထောင်ထဲ ထည့်ထားတာတွေ ရှိပါတယ်။ မိမိတို့ ရှာဖွေထားတဲ့ ပိုက်ဆံတွေဟာ အချိန်ခဏလေး အတွင်းမှာ ကုန်သွားနိုင်ပါတယ်။ ဒါကြောင့် အထောက်အထား မရှိသူများ သတိထားနိုင်ရန် အတွက် အသိပေးလိုက်ပါသည်။ 

 မလေးရှားရောက် ရွှေမြန်မာများ အားလုံး ဘေးရန်ကင်းဝေးပြီး အလုပ်အကိုင်များ အဆင်ပြေကြပါစေ။ 

 နေဇော်လင်း 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။