Home » , » တရုတ်နှစ်သစ်ကူးကာလအတွင်း အရက်သောက်သုံးကြရာမှ အဆိပ်အတောက်ဖြစ်ပြီး ရခိုင်(၃)ဦး ဗမာတစ်ဦး၊ မလေးဆာဘားတစ်ဦး အသက်ဆုံးရှုံးခဲ့ရ

တရုတ်နှစ်သစ်ကူးကာလအတွင်း အရက်သောက်သုံးကြရာမှ အဆိပ်အတောက်ဖြစ်ပြီး ရခိုင်(၃)ဦး ဗမာတစ်ဦး၊ မလေးဆာဘားတစ်ဦး အသက်ဆုံးရှုံးခဲ့ရ

Written By မောင်စေတနာ on Sunday, February 17, 2013 | 4:49:00 PM



မလေးရှားတွင် တရုတ်နှစ်သစ်ကူး ကာလအတွင်း မြန်မာ ဝီစကီ အရက်သောက်သုံးကြရာမှ အဆိပ်အတောက်ဖြစ်ပြီး ရခိုင်(၃) ဦး ၊ ဗမာ တစ်ဦး၊ မလေး ဆာဘား တစ်ဦး အသက်ဆုံးရှုံးခဲ့ရ၊ မြန်မာ နှစ်ဦးမှာ အရေးပေါ်ဆေးကုသခံနေရကြောင်း သိရှိရသည်။

မကြာသေးမီရက်အနည်းငယ်က ကျရောက်ခဲ့သော တရုတ်နှစ်သစ်ကူး ကာလအတွင်း မလေးသျှား နိုင်ငံ စာတန်း (Serdang) ၌ ရခိုင်လူမျိုး သူငယ်ချင်း(၃)ယောက်မှာ အပျော်လွန်ကြူး၍ မြန်မာနိုင်ငံမှ တင်သွင်းသည့် (Grand Royal Whisky) အမျိုးအစားအရက်အပါဝင် မျိုးစုံသော ဘီယာအရက်များကို စည်းမဲ့ကင်းမဲ့ (၃) ရက်ဆက် တိုက် သောက်သုံးခဲ့ကြရာမှ သတိမေ့မျှောသွားခဲ့သဖြင့် စာတန်းဆေးရုံသို့ တင်ပို့ ခဲ့ရာ (၁) ဦးမှာ အရက် အဆိပ် အတောက်ဖြစ်ပြီး ထို နေ့ မှာပင် သေဆုံးသွားခဲ့ပြီး နောက်ထပ် (၂)ရက်ခန့် အကြာ ကျန်(၂)ဦးမှာလည်း ဆေးရုံ၌ ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါသေဆုံးသွားသည့် သူများမှာ. (၁) သန်းထွေး (၂၈)နှစ် (ဘ)ဦးထွန်းမောင် ၊ (မိ) ဒေါ်လှအေးနု၊ ဘူးရေမျက်ရွာ . မာန်အောင်မြို့ နယ် (၂) ကျော်နေမင်း (ခ) ညီစိတ် (၃၂) နှစ်၊ (ဘ)ဦးကျော်စိန် (မိ) ဒေါ်တင်ရွှေ. ကျွဲခတ်ပြားရွာ . မာန်အောင်မြို့ နယ် (၃) ဇာနီလှိုင် (၂၉)နှစ် (ဘ) ဦးမောင်ရွေအေး. သစ်ပုံအုပ်စု၊ ကွမ်းသီးတောရွာ ၊ မာန်အောင်မြို့ နယ် (၄) ဆာဘားလူမျိုး (၁) ဦး(အမည်မသိ) (၅) ဗမာတစ်ဦး (အမည်မသိ) အဆိုပါဖြစ်စဉ် အား စုံစမ်းရာ မြန်မာဝီစကီ အရက်များ ဘီယာဗူးများ ၊ ကျွဲရိုင်း(ခ) Red Bull အချိုရည်များကို မလေးသျှား နိုင်ငံအတွင်း တရားမဝင် အတုများပြုလုပ်နေကြ၍ အဆိုပါ အရက်၊ဘီယာ အချိုရည်အတုများကို သောက်သုံးမိကြရာမှ အဆိပ် အတောက် ဖြစ်ကာ သေဆုံးခဲ့ရကြောင်း ကျန်နှစ်ဦးမှာ ဆေးရုံ၌ပင် အခြေနေဆိုး ရွားစွာ ဆေးကု သမှု့ ခံယူလျှက် ရှိပါသည်။ 

ယင်းနှစ်ဦးမှာ . (၁) ဆာတန်း ဆေးရုံ၌ မြန်မာတစ်ဦး အရေးပေါ်လူနာအဖြစ် ဆေးကုသခံယူလျှက်ရှိပြီး ၊ (၂) ရခိုင်တစ်ဦး ကွာလာလန်ပူဆေးရုံ၌ မျက်လုံး ကွယ်သွားကာ ဆေးကုသခံယူလျှက်ရှိပါသည်။ သို့ ဖြစ်ပါ၍ မလေးသျှားရောက် မြန်မာများအနေဖြင့် အပျော်ကြူးလွန်၍ အရက် သောက်သုံးကြရာ တွင်လည်း အရက်၊ဘီယာ အချိုရည် များကို အစစ်၊ အတု၊ အပ ခွဲခြား၍ ည်းကောင်း သတ်မှတ်ရက်လွန် (Expired Date) ကို ကြည်ရှု့ စစ်ဆေး၍ လည်းကောင်း ၊ ဆင်ခြင်သုံးသပ်ပြီးမှ သောက်သုံး သင့်ကြောင်း ဖော်ပြအပ် ပါသည်။ 

Source by :Arrc Malay
Sia ARRC-Unhcr
Malaysia http://www.myanmardailynews.org/2013/02/blog-post_9326.html
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။