Home » » အမှတ်တရ နေ့လေး တစ်နေ့ ....

အမှတ်တရ နေ့လေး တစ်နေ့ ....

Written By မောင်စေတနာ on Monday, October 25, 2010 | 10:57:00 PM




22.10.2010
5:30 AM
မနက်အစောကြီး ဖုန်းသံထမြည်လာပါတယ်။ ဖုန်းဆက်လာတာ တော့ မဟုတ်ပါ။
ဖုန်းမှနှိုးစက် ထမည်ခြင်းပင်။ ကျွန်တော်ဒီနေ့ အလုပ်နားပြီး နံနက် ၈ နာရီအရောက်
အင်တာဗျူးဖြေသွားမည့်နေ့လေးမို့ အပျင်းကြီးသော ကျွန်တော်အိပ်ရာက စောစော
လေးထပြီး ရေချိုး အဝတ် အစားလဲပြီး Bus stop ရှိရာသို့ ထွက်လာခဲ့ပါတယ်။

Bus stop ကိုရောက်တော့ ကိုဇော် ဆီကိုဖုန်းဆက်လိုက်တယ်။
ဟယ်လို ....
အစ်ကိုရေ မောနင်းပါဗျာ...

မောနင်းညီ
အလုပ်သွားနေပြီလားညီလေး

ဒီနေ့ မသွားရဘူး အစ်ကို
ညီလေး ဒီနေ့အင်တာဗျူး ဖြေဖို့ ရှိနေလို့ အလုပ်နားတယ်အစ်ကို
အခု ညီ kl တက်လာဖို့ ကားစောင့်နေတယ် ...
ဒါနဲ့ အစ်ကို ဒီနေ့ ကိုမိုးယံ ကိုအုပ်ကြီး တို့နဲ့ တွေ့မယ်ဆို ...

ဟုတ်တယ်လေ ညီ ...
ညီလည်းလာခဲ့လေညီ

ညီလာချင်ပါတယ် အစ်ကို
ဒါပေမဲ့ ညီလေးမှာ အင်တာဗျူး ကဘယ်အချိန်ပြီးမှာလဲ
ညီလည်း မသိဘူး အစ်ကိုရ ...
အစ်ကိုတို့ ဘယ်အချိန်တွေ့မှာလဲ အကို ...

မနက်ပိုင်း ၁၀ ၊ ၁၁ နာရီလောက်တွေ့ဖြစ်မယ် ညီလေး
ညီလည်း ညီကိစ္စတွေ ပြီးတာနဲ့ လာခဲ့လေ ညီ

ဟုတ်ကဲ့ပါ ...
အစ်ကို ညီလေး အင်တာဗျူး ဖြေပြီးတာနဲ့ လာခဲ့မယ် အစ်ကို

အင်း ညီလေး ...
အဆင်ပြေ ပါ စေ ကွ ....

ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ် အစ်ကို ...

ဒီနေ့ကျွန်တော် ဘလော့ကာ အစ်ကိုတွေနဲ့လည်း ကေအယ်မှာ တွေဆုံဖို့ အစီအစဉ်
ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ စိတ်ထဲမှာ အရမ်းကိုပျော်နေမိတယ်။ နေ့လည်
11:30 ခွဲတာနဲ့ ကျွန်တော်လည်း အင်တာဗျူးဖြေပြီးတာမို့ ကေအယ်ကို ပြန်ဖို့ကားဌား
ပြီးလိုက်တယ်။ ကားပေါ်ရောက်တာနဲ့ ကိုမိုးယံ ကိုဖုန်းဆက်ပြီးလှမ်း မေးလိုက်တယ်။



ဟယ်လို ...
ကိုမိုးယံ လား

မဟုတ်ဘူးဗျာ

ဗျာ...
ဒါဆို ဘယ်သူလဲဗျာ

ကျွန်တော် သူ့ငယ်ချင်းပါ
ဟုတ်လား
ဒါဆို Sorry ဗျာ
ကျွန်တော်က ကိုမိုးယံ ထင်လို့ဗျာ

ဟေ့ကောင်

ဗျာ..

ငါ ကိုဇော် လေကွ

အော် .....
အကိုက နောက်တယ်ဗျာ...
ညီက အခု ကေအယ်မှာ အကိုတို့
ရှိသေးလား မေးမလို့ဗျာ ....

ရှိတယ်ညီ ...
မြန်မြန်လာ အကိုတို့ မာဒေးကားကွင်း
ကိုသွားမလို့ ညီလိုက်မယ် မဟုတ်လား
ဟုတ်ကဲ့ အကို
လိုက်မယ် ......

အခု အစ်ကိုတို့ ကေအယ် ဇေယျာ
မှာ စောင့်နေမယ် ညီလာခဲ့နော် ..

ဟုတ်ကဲ့ပါ အစ်ကို ......
စကားပြောပြီး ခဏကြာလေးတာနဲ့ ကေအယ်ကို ရောက်တော့ တရုတ်တန်းရှေမှာ
ကားရပ်ခိုင်းပြီး ဇေယျာဆိုင်ကို သွားလိုက်တယ်။ အဆင်သင့်ပါပဲ ကျွန်တော်ဆိုင်ရှေ့
ရောက်တော့ စာရေးဆရာကိုဇော် ရယ် ကဗျာဆရာ ကိုအုပ်ကြီး ရယ် နောက် .....
ဆိုင်ထဲမှာ အလုပ်ရှပ်နေတဲ့ မော်ဒန်စာရေးဆရာ ကိုမိုးယံ ရယ် ပေါ့ ။

ဒါနဲ့ ကျွန်တော်တို့ ၄ ယောက်လူစုံနေပြီမို့ မာဒေးကား ကွင်းကိုလမ်းလျှောက်သွားလိုက်တယ်။
အချိန်က နေ့လည် 12 နာရီထိုးနေပြီ အရမ်းလည်းပူနေပြီ။ ဒါနဲ့ ကိုဇော် က ဓာတ်ပုံရိုက်မယ်
အားလုံးစတိုင် လုပ်ပါတဲ့ ..... ဒါနဲ့ စတိုင်လေးကို ထုပ်လိုက်တယ်ဗျာ ......... ဟား ဟား .....



ဒီနေရာလေးက မာဒေးကား အရှေ့ဖက်က မြင်ကွင်းလေးပါ။



ဒီနေရာလေးက မာဒေးကား ကျင်းပတဲ့နေရာလေးပေါ့ .........



မာဒေးကား နေရာလေးမှ နေရာလေး တစ်ခု



ပန်းခြံလေး .......

အရင်ကဆို ရေတွေထွက်နေတာ ဒီနေ့ကရေလည်း မကျဘူးဂျာ......

နောက် ... မာဒေးကား ကနေပြန်လာတော့ ဗိုက်လည်းဆာနေပြီ။ ဒါနဲ့ရွှေတောင် စားသောက်ဆိုင်
အပေါ်ထပ်ကိုတက်သွားလိုက်တယ်။ ဒါနဲ့ တစ်လက်စတည်း ကြော်ငြာပေးရဦးမယ်။



ဒါက မလေးရှားက စာပေဟောပြောပွဲအစီအစဉ်လေးနော် ......
ဖတ်ကြည့် ...





ရွှေတောင် စားသောက်ဆိုင်လေးရဲ့ အလှ .......



ဗိုက်ဆာနေလို့ ခဏနော် စားလိုက်ဦးမယ် ........
ကိုဇော်နဲ့ ကိုမိုးယံတို့နှစ်ယောက်က ရှမ်းခေါက်ဆွဲ ကိုအုပ်ကြီး က အအေးပဲသောက်မယ်တဲ့
ကျွန်တော်ကတော့ ထမင်းကြော် ပေါ့ .........



ရွှေတောင် စားသောက်ဆိုင် လေး ......



စကားပြောနေရင်း ဆိုင်က အစ်ကို တစ်ယောက်ရောက် လာတာနဲ့
ရွှေတောင် ဆိုင်လေးကို ကြော်ငြာတင်ပေးလိုက်ပါတယ်။ကျွန်တော်တို့ ရွှေတောင်ဆိုင်မှာ
စားသောက်ကြရင်းစကားပြောရင်း ကျွန်တော်တို့က လူငယ်တွေဆိုတော့ ဘာသာရေး
အကြောင်းလေးတွေ ပြောဖြစ်တယ်။( မှတ်ချက် ။ ရည်းစားမရှိသေးလို့ မပြောကြတာခင်ဗျား)



ဒီပုံလေးက ကျွန်တော်တို့ရဲ့ ခင်မင်မှု ဆုံမှတ်လေး တစ်ခုပေါ့ .....
မိုက်တယ်နော် .... အလည်က စတိုင်များများနဲ့ မျက်လုံးမှေးနေသူက
ကိုကြီးမိုးယံ ပါခင်ဗျား( ညက အိပ်ရေးပျက်ထားလို့တဲ့ ) ဟီး... ဟီး....
လန်းတယ်နော် ... ပုံလေးက ဒါနဲ့ ကြော်ငြာပေးရဦးမယ် အားလုံးလူပျိုတွေပဲနော် ....

စကားကောင်းနေတာနဲ့ ညနေ 5:30 ခွဲနေပြီ။ အိပ်ပြန်ဖို့ အချိန်ကလည်း နီးနေပြီ ဒါနဲ့ လမ်းခွဲဖို့ နှုတ်ဆက်လိုက်တယ်။ ကိုအုပ်ကြီး ကတော့ မြန်မာရွှာကို သွားလိုက်ပြီ။ ကျွန်တော်နဲ့ ကိုမိုးယံ က
ကိုဇော် ကို ကားဂိတ်လိုက်ပို့လိုက်တယ် ကိုဇော် က ပြောသေးတယ်။ " လိုက်မပို့နဲ့ ရပါတယ်တဲ့"
ကျွန်တော်က ပြန်ပြောလိုက်တယ်။ " မပို့လို့မရဘူးလို့ အစ်ကိုက မိန်းမ ရသေးတော့ ညီတို့ဂရုစိုက်
ရမယ်လို့ ..... တော်ကြာနေ မလေးသူတွေက ကိုဇော့် လို လူချောလေးကို မသွားမှဖြင့် "
ဟီး ဟီး ....... ဟား .. ဟား .... ပြိုင်တူ ရီမောရင်း .........

( အပေါ်မှ ဓာတ်ပုံများဟာ ကိုဇော် လက်ရာများသာ ဖြစ်ပါတယ်ဗျာ။ နောက် သူငယ်ချင်းတို့
ဓာတ်ပုံရိုက်ချင်ရင် ခေါ်လို့လည်း ရပါတယ်။ မှက်ချက် ၊ အာလကားနော် ... ) ဟိ .... ဟိ ...

ဒီနေ့လေးမှာ ကျွန်တော် လေးစားရသော ကျွန်တော်ခင်မင်ရသော အစ်ကိုတွေနဲ့ အမှတ်မထင်
တွေ့ဆုံရသော နေ့လေး တစ်နေ့ဖြစ်ပါကြောင်း .... မှတ်တမ်း တင်လိုက် ပါရစေဗျာ.......

ခင်မင်လျှက်
ညီငယ်
ေ န ေ ဇာ် လ င်း

Share this article :

10 comments:

မင်းမင်း said...

ညီလေး နေဇော်လင်း ရေ ...
အစ်ကိုတို့ကိုလည်း မခေါ်ဘူးနော် .....
သူတို့ပဲ တွေ့တယ် .....

စတာနော် ညီလေး

ပျော်ရွှင်ပါစေ ညီလေးရေ

ခင်မင်လျှက်

မင်းမင်း

Anonymous said...

ငါ့မောင်ရေ။
လာဖတ်သွားတယ်။ဓါတ်ပုံတွေလည်း ကြည့်ပြီး
ခံစားချင်သေးပေမဲ့ ကိုယ်က ခံစားလို့ မရတော့
လို့ ကံဆိုးတယ်။အဟီး။ ကိုဇော်ကတော့ ငယ် ဝါသနာ မပျက်ဘူး။တွေ့တဲ့နေရာ ရိုက်မယ်ဆို
တာဘဲ။(ဓါတ်ပုံ) သူငယ်ချင်းများ ခုလိုပျော်ရွှင်
တာမြင်ရတော့ ဝမ်းသာတယ်။ကိုဇော် ကို ကြော်ငြာမထားတော့ ဝင်ပြောလိုက်ဦးမယ်။ ဒို့ ကိုကြီးကိုဇော် က အချောဆုံး အခန့်ဆုံးဘဲ။အဟီး

ထစ်ချုန်း said...

အစ်ကို ရေးထားတာ ပြေ2ပျက်2နဲ့ ဖတ်လို့ကောင်းပါတယ်..နောက်တစ်ခါ ညီ့ကို ခေါ်အုံးနော်...ကြော်ငြာထဲမှာ ပါချင်လို့လေ..အားလုံးက လူပျိုတွေပဲတဲ့.. photo ရိုက်ထားတာလဲ ကောင်းတယ်..ညီဒီနေ့ အစ်ကို့အိမ်လေးမှာ လျှောက်ဖတ်လိုက်အုံးမယ်..တဝကြီးလေ..copy လဲ ယူအုံးမယ်နော်..ချစ်သူကို ပေးချင်လို့လေ..poem လေးတွေလဲ ကောင်းတယ်.. :)

ဆန်းလွင် said...

ပျော်ရွှင်ပါစေ ညီလေးရေ ...

နောက်ကျရင် အကိုတို့ကိုလည်း ခေါ်ဦးနော်
ညီလေး ........

မေပယ်လ် said...

အဲဒီနေရာလေးတွေ
အကိုလဲ ရောက်ခဲ့ဖူးတယ်ကွ
ညီတို့နဲ့ တူတူမသွားရတာတော့
စိတ်မကောင်းဘူးပေါ့
ထပ်တူ ၀မ်းသာပါတယ်ကွာ

အုပ်ကြီး said...

လူပျိုကြီးတွေရမယ် ..
လူပျိုအလတ်တွေရမယ်
လူပျိုပိစိကွေးလေးတွေရမယ် .. :P

ကိုဇော် said...

ဟယ်...
လူချောလေးတွေ ကြည့်စမ်း..

မိုးယံ said...

ဟယ် နာ အိပ်ပေါ် နေတဲ့ အဲ အိပ်ပျော်နေတဲ့ ပုံကြီးကို တင်ထားတာကိုး။ အိုး ဟိုး

အခုလို တစ်ကူးတစ်က တင်ပေးတာ ကျေးဇူးပါ ညီရေ။

လူပျိုသိုး အူးအုပ်ကြီး အဲ ဟုတ်ပါဘူး။ လူပျိုသည် ဦးအုပ်ကြီး .... လာပါဦးရွှင့် တစ်ယောက် ဘယ်လောက်လဲ ။ လူပျိုး အကြီးကြီးကို နည်းနည်းလျော့ ပါဦးလား ၊ အဲဒါကြီးကို ပဲ ကြိုက်လို့။ ရို့ ရို့ အာ ဟ အာ ဟ

myo lay said...

ညီလေး

နေဇော်လင်း ရေ

ပျော်၇ွှင်ပါစေနော်

လာဖတ်သွားပါတယ်
ညီလေး

Anonymous said...

ကိုဇော်နဲ့ ကိုမိုးယံဆိုတာ ခုမှပဲမြင်ဖူးတော့တယ်။ တစ်နေ့ဆုံချင်ပါသေးတယ်။


>>
Craton

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။