Home » » မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် ပထမဦးဆုံးသော အမျိုးသား အဆင့် ရတနာပုံ Web Portal စတင်လွှင့်တင်

မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် ပထမဦးဆုံးသော အမျိုးသား အဆင့် ရတနာပုံ Web Portal စတင်လွှင့်တင်

Written By မောင်စေတနာ on Friday, October 22, 2010 | 8:31:00 PM



မန္တလေးတိုင်း ဒေသကြီး မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေး ရတနာပုံစီးတီးရှိ Yatanarpon Cyber Hall တွင်အောက်တိုဘာလ ၁၇ ရက်နေ့၌ မြန်မာနိုင်ငံ၏ အကြီးဆုံး နှင့် ပထမဦးဆုံးသော အမျိုးသား အဆင့်ရတနာပုံ Web Portal (www. yatanarpon.com.mm) ဖွင့်ပွဲကို ကျင်းပခဲ့ပြီး ယင်းနေ့တွင် ရတနာပုံ Web Portal ကို တရားဝင် စတင်လွှင့်တင်လိုက်ကြောင်း သိရသည်။



ရတနာပုံ Web Portal တွင် သတင်းကဏ္ဍ၊ အားကစားကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ နည်းပညာကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ နေထိုင်မှုဘ၀ကဏ္ဍနှင့် နိုင်ငံရေးကဏ္ဍ စသည်ဖြင့် ကဏ္ဍကြီးခုနစ်ခုပါရှိပြီး သတင်းကဏ္ဍသည်Web Portal ၏ ၅၀ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။ အဆိုပါ Web Portalတွင် ကဏ္ဍကြီးခုနစ်ခုအပြင် အခြားထူးခြားသည့် စိတ်ဝင်စားဖွယ်ရာကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍ နှင့် အကြောင်းအရာများ ထည့်သွင်းထားကြောင်း၊ အင်တာနက် အသုံးပြုသူများအတွက် အထောက်အကူ ဖြစ်စေမည့် Directory များ၊ ကမ္ဘာတစ်ဝန်းလုံးရှိ အကြောင်းအရာများကို ရှာဖွေနိုင်မည့် Search Engine များ၊ My Ring Tune Service၊ မြန်မာ့ အွန်လိုင်းစွယ်စုံကျမ်းနှင့် ရတနာပုံ Mail ၀န်ဆောင်မှုများကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြထားကြောင်း သိရသည်။




ကမ္ဘာ့တစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသော သတင်းများကို ရတနာပုံ Web Portal အသုံးပြုသူများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် အရုပ်၊ အသံနှင့် ဗီဒီယိုဖိုင်များကို နေ့စဉ်နှင့်အမျှ ပြောင်းလဲဖော်ပြ ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ၀န်ဆောင်မှုကဏ္ဍတွင် ပညာရေး၊ စီးပွားရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုများအပြင် အင်တာနက် အသုံးပြုသူများ၏ လူမှုဘ၀ပုံစံကို ပြောင်းလဲစေမည့် ကဏ္ဍသစ်အဖြစ် ပြည်တွင်းပုဂ္ဂလိကဘဏ် အချို့နှင့် ချိတ်ဆက်၍ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေနိုင်မှုစနစ်၊ အွန်လိုင်းမှ တစ်ဆင့် ဖုန်းဘီလ်ပေးဆောင်နိုင်မည့် ၀န်ဆောင်မှု၊ အွန်လိုင်းလေလံ စနစ်နှင့် အွန်လိုင်းမှ အရောင်းအ၀ယ် ပြုလုပ်နိုင်မည့် ကိစ္စရပ်များအထိ ပါဝင်ကြောင်း သိရသည်။

ပျမ်းမျှကုန်ကျငွေ အမေရိကန် ဒေါ်လာနှစ်သန်းခန့်ရှိသော ရတနာပုံ Web Portal သည် ပြည်ပရှိ www. msn.com နှင့် ဆင်တူကြောင်း၊ စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်၍ စမ်းသပ်လွှင့်တင်ခဲ့ကြောင်း နှင့် အဆိုပါ Web Portal ကို မိုဘိုင်းဗားရှင်း အဖြစ် ဖန်တီးရေးသားလျက်ရှိပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် အင်တာနက် ရရှိသည့်နေရာတိုင်း၌ မိုဘိုင်းဖုန်းများဖြင့် ၀င်ရောက်သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။