Home » » ထိုင်းနိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် အဓမ္မအလုပ် ခိုင်းစေခံထားရသူ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ကျော် ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ကယ်တင်

ထိုင်းနိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် အဓမ္မအလုပ် ခိုင်းစေခံထားရသူ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ကျော် ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ကယ်တင်

Written By မောင်စေတနာ on Tuesday, May 3, 2011 | 11:30:00 AM



ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အထည်ချုပ်စက်ရုံတွင် လုပ်ခလစာ အနည်းငယ်ဖြင့် စက်ရုံအတွင်း၌ လှောင်ပိတ်ကာ အဓမ္မအလုပ်ခိုင်း စေခံထားရသူ မြန်မာရွှေ့ပြောင်း လုပ်သား ၆၀ ကျော်ခန့်မှာ ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ ၏ ကယ်တင်နိုင်ခဲ့မှုကြောင့် ပြီးခဲ့သည့်ဧပြီလ ၁၉ ရက်နေ့က လွတ် မြောက်လာခဲ့ကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒင်းဒန်းဒေသရှိ အထည်ချုပ်အလုပ် ရုံသည် တရုတ်လူမျိုး အမျိုးသား Dalong Wu နှင့် သူ၏အမျိုးသမီး ဖြစ်သူ Namee Sae Lee တို့မှ ဆောင်ရွက်နေသည့် စက်ရုံတစ်ခု ဖြစ်ပြီး မဖြစ်စလောက်သော လုပ်ခလစာ အနည်းငယ်လောက်ဖြင့် လုပ်သားများအား အလုပ်ချိန်ထက် ပိုမိုကာ အဓမ္မလုပ်အားခိုင်းစေခြင်းကို ခံနေရသည်ဟု သိရှိရသည်။

လွတ်မြောက်လာသော မြန်မာ ရွှေ့ပြောင်းလုပ်သားများတွင် အများစုမှာ အမျိုးသမီးများ ဖြစ်သည်ဟု သိရ သည်။ လွန်ခဲ့သည့် လပိုင်းက ယင်းစက်ရုံမှ လွတ်မြောက်ခဲ့သည့် မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ ဆက် သွယ်တိုင်ကြားမှုများမှ တစ်ဆင့် အစပြုကာ ဒင်းဒန်းရဲစခန်းနှင့် ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လွတ်မြောက်လာသော မြန်မာ ရွှေ့ပြောင်းလုပ်သားများတွင် အများစုမှာ အမျိုးသမီးများ ဖြစ်သည်ဟု သိရ သည်။ လွန်ခဲ့သည့် လပိုင်းက ယင်းစက်ရုံမှ လွတ်မြောက်ခဲ့သည့် မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ ဆက် သွယ်တိုင်ကြားမှုများမှ တစ်ဆင့် အစပြုကာ .....

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ် သားများသည် အထပ်လေးထပ်ရှိသော အလုပ်ရုံတွင် လုပ်ကိုင်ကြရပြီး ပြင်ပသို့ထွက်ခွင့်မပေးခြင်း၊ တယ်လီဖုန်းဆက်သွယ်ခွင့်မပြုခြင်း၊ လုပ်ခ လစာ အနည်းငယ်သာ ရရှိကြခြင်း၊ အချို့မှာအကြွေးနှင့် နှိမ်သောကြောင့် လုံးဝမရရှိကြခြင်း၊ အလုပ်ချိန်မှာလည်း တစ်ရက်လျှင် ၁၆ နာရီဝန်းကျင် လုပ်ကိုင်ရခြင်း၊ အပြင်မထွက်ရဲအောင် ခြောက်လှန့်ထား၍ တံခါးပိတ်စေခိုင်းခံ ခဲ့ကြရသည်ဟု သိရှိရပါ သည်။

အလုပ်ရုံအတွင်း တံခါးပိတ် အဓမ္မစေခိုင်းခဲ့သူ တရုတ်အမျိုးသား နှင့် သူ၏ဇနီးတို့အား အလုပ်သမား ဥပဒေချိုးဖောက်မှု၊ ခေါင်းပုံဖြတ်ကာ လူကုန်ကူးမှု ကျူးလွန်မှုတို့ကြောင့် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ယင်းအလုပ်ရုံတွင် လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားများမှ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်နိုင်သည်ဟု ဆိုသော ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ မြန်မာ- ထိုင်းနယ်စပ်မြို့ မဲဆောက်မှတစ်ဆင့် ၀င်ရောက်ကာ လာရောက် အလုပ်လုပ်ကိုင်ကြခြင်း ဖြစ်သည်ဟု သိရသည်။

စားဝတ်နေရေး အဆင်မပြေမှု၊ မိသားစုနေထိုင်မှု ခက်ခဲခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင်းမှ ထိုင်းနိုင်ငံမြို့များ ရှိစက်ရုံ၊ အလုပ်ရုံများသို့ ရွှေ့ပြောင်း သွားရောက် အလုပ်လုပ်ကိုင်ကြရာမှ မတရား ခေါင်းပုံဖြတ်ခံရကာ လူကုန်ကူးခံနေကြရကြောင်း သိရသည်။ တရားမ၀င်သွားရောက် အလုပ်လုပ် ကိုင်နေမှုများကြောင့်လည်း တရားဝင် လုပ်သားများကဲ့သို့ လုပ်ခလစာ အခွင့်အရေးများ မရရှိကြသည့်အပြင် သက်ဆိုင်ရာသို့လည်း မတိုင်ကြားရဲသောကြောင့် ဒုက္ခရောက်နေကြရသည့် မြန်မာလုပ်သားများစွာ ရှိနေသည်ဟု သိရသည်။

ယင်းကြောင့် လူကုန်ကူးမှုများ ပပျောက်ရေး၊ မြန်မာလုပ်သားများ ထိုင်းလုပ်သားများနည်းတူ အလုပ်သမား အခွင့်အရေး အပြည့်အ၀ရစေရေးအတွက် နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများ နားလည်မှုစာချွန်လွှာ ချုပ်ဆိုကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။ နှစ်နိုင်ငံ ပုံမှန်အစည်းအဝေးများ ပြုလုပ်ကာ၊ နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည် မှု စာချွန်လွှာ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေး၊ လူကုန် ကူးခံရသူများအား ပြန်လည်လက်ခံ ရေးတို့ကိုလည်း ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သန်းဝန်းကျင် ခန့်ရှိကြောင်း သိရသည်။ ယင်းအပြင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် လူကုန်ကူးမှုများ အဓိက ဦးတည်ရာ နိုင်ငံတစ်ခုလည်း ဖြစ်သည်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။