2014/06/22 - myMetro (Malaysia)
မလေးရှားနိုင်ငံ ပီနန်း ၊ ကူဘန်း ဆယ်မန်း ကန်ပုန် ဘယ်ရပစ်တွင်
ဓါးဖြင့် ထိုးသတ်ခံရသူ တစ်ဦးသေဆုံး (မြန်မာဟု ထင်ရကြောင်း
မလေးရှားသတင်းဌာနမှ သတင်းထုပ်ပြန်ခဲ့)
မလေးရှားနိုင်ငံ ပီနန်း ၊ ကူဘန်း ဆယ်မန်း၊ ကန်ပုန် ဘယ်ရပစ် ရှိ လူငယ်လက်မှု
ပညာသင်ကြောင်း (IKBN) အနီးတွင် လူငယ်တစ်ဦးမှာ မှောက်လျှက် အနေထားဖြင့်
သေဆုံးနေကြောင်း တနင်္ဂနွေနေ့ နေ့လယ် ၂း၀၀ အချိန်တွင်တွေ့ရှိရကြောင်း သိရှိရသည်။
အသက် ၂၀ နှစ်ဟုခန့်ရှိ မြန်မာအမျိုးသား ဟုထင်ရပြီး တွေ့ရှိသူက ရဲဌာနသို့ သတင်းပို့ပါသည်။
မျက်နာတွင်ဒဏ်ရာ ရကာ ဝမ်းဗိုက်သည် ဓါးဒဏ်ရာများကြောင့်ပေါက်ပြဲနေ ကြောင်း တွေ့ရပြီး ၊
အနီးတွင်မည်သည့် လက်နက်မှ မတွေ့ရဘဲ သေဆုံးသူ ပိုင်ဆိုင်သည့် အိတ်ဟု ထင်ရသည့်
အိတ်တစ်လုံးကောက်ရထားကြောင်းကို myMetro (Malaysia) သတင်းတွင် ဖော်ပြထားပါသည်။
Tuangpu siyin (Malaysia) မှ သာသာပြန် တင်ဆက်သည်။
နေဇော်လင်း
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin15





.jpg?width=750)

0 comments:
Post a Comment