Home » » မလေးရှားရောက် ရွှေမြန်မာများ သတိထားနိုင်ရန် ...

မလေးရှားရောက် ရွှေမြန်မာများ သတိထားနိုင်ရန် ...

Written By မောင်စေတနာ on Tuesday, July 26, 2011 | 11:37:00 AM



မလေးရှားမှာ ဖုန်းလုတယ် ပိုက်ဆံတောင်းတယ်ဆိုတာ အိန္ဒိယတွေ အင်ဒိုနီးရှားတွေဖြစ်ပေမဲ့ အခုဆိုရင် တော်တော်ဆိုးနေပြီး အသားထဲက လောက်ထွတ်တဲ့ ကိုရွှေ ကိုတွေများနေပါပြီ သူငယ်ချင်းတို့ ..... တကယ်ကိုရင်နာစရာကောင်းပါတယ်။ မြန်မာလူမျိုးဆိုတဲ့ ဂုဏ်ကို ညစ်နွမ်းအောင်ပြုလုပ်နေတဲ့ ကိုရွှေတစ်စု ကေအယ်လ်မှာ အရမ်းကို သောင်းကျန်းနေတယ်ဗျာ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ ဇာတ်လမ်းလေး ပြောပြပါရစေဗျာ ဖြစ်ပုံကတော့ဒီလိုဗျ။ ကျွန်တော့်ညီလေးတစ်ယောက်နဲ့ ညီလေးရဲ့သူငယ်ချင်း တစ်ယောက်ပေါ့ဗျာ။ ပြီးခဲ့တဲ့အပတ်က နီလိုင်းမှာ သူငယ်ချင်းတစ်ယောက်ရဲ့မင်္ဂလာဆောင် လာကြတယ်။မင်္ဂလာဆောင်ပြီးလို့ ညီလေးကသူနေတဲ့ ကပ်ပုန်း ကို အပြန်ကေအယ်လ် ကားဂိတ်အရောက်မှာ သူ့နားလေးကို မြန်မာတစ်ယောက် ရောက်လာပြီး ညီလေးအကို ကိုဖုန်းခဏငှားပါလားလို့ပြောတယ်။

ညီလေးကလဲ ဖုန်းမပါဘူးလို့လိမ်ပြောလိုက်တယ်။ဖုန်းတောင်းမရပြန်တော့ ပြန်စရာလမ်းစရိတ်ပြတ်နေလို့ ၁၀ လောက်တောင်းပြန်ရောညီလေးကလဲ သူ့မှာ ၁၅ကျပ်ပဲပါကြောင်းပြောလိုက် တယ်။ ဒါနဲ့ဟိုလူကသူ့ကောင်တွေ ပြောတယ် နောက်မြန်မာ လိုပြောပြန်ရော။ ကျန်တဲ့ကောင်တစ်ယောက်က ကိုဖုန်းဆက်လိုက်တယ်။ မပေးရင်ဖိုက်တင်ချမလား။ ဘာလားပေါ့ ပထမပိုင်းတော့ မလေးလိုတွေ သူနဲ့မနီးမဝေးမှာ ရှိတဲ့သူ့အဖွဲ့ကလဲရောက်လာတယ် ပေါင်းလိုက်တော့ သူတို့ ၅ ယောက်ဖြစ်သွားတယ်။

ညီလေးကို ပြောတယ် ဖုန်းနဲ့ပါတဲ့ ပိုက်ဆံသူတို့ကိုပေးလို့ တောင်းတယ်။ ဘောင်းဘီထဲက ဖုန်းကိုယူပြီးပြေးသွားတယ်။ ညီလေး သူငယ်ချင်း နဲ့ကေအယ်လ်မှာ လမ်းခွဲအပြီးမှာ ဖြစ်တာပါဒါနဲ့ အိမ်ပြန်ရောက် လို့ညီလေးက သူ့သူငယ်ချင်း အိမ်ပြန်ရောက်ပြီလား သိချင်တာနဲ့ အတူနေတဲ့အဖော် သူငယ်ချင်းရဲ့ဖုန်းကို ခဏ ငှားဆက်တယ်။

ဒါပေမဲ့ဖုန်းက ဆက်မရ နောက်ထက် သူငယ်ချင်းနဲ့ အတူနေသူကို ဆက်လိုက်မှရတယ်။ မင်းဖုန်းကိုဘာလို့ ဆက်မရတာလဲလို့ အကျိုးအကြောင်းမေးကြည့် တော့ သူလဲ ညီလေးနဲ့ လမ်းခွဲပြီးအပြန် လမ်းကြားလေးတစ်ခုမှာ ဖုန်းနဲ့ပိုက်ဆံတွေ အလုခံရကြောင်းပြောတယ် စီးလာတဲ့ဖိနပ်ကို တောင်ချွတ်ပေးလိုက်ရကြောင်းပြောပြတယ်။

ဒါနဲ့ ညီလေးက မင်းကိုလုတဲ့ ကောင်တွေရဲ့ပုံဆန်ကိုပြောပါလားဆိုတော့ ညီလေးကို လုလိုက်တဲ့ ကိုရွှေတွေပဲဖြစ်နေကြောင်းသိရပြန်ရော ဘယ်လောက်တောင် မိုက်ရိုင်းလိုက်တဲ့ေ ကာင်တွေလဲဆိုတာ သူငယ်ချင်းတို့ တွေးကြည့်ပါတော့ဗျာ... ကဲ ... ဒီလိုအဖြစ်အပျက်တွေကြားရ ပြန်တော့ရှက်လဲ ရှက်မိပါတယ်ဗျာ။

မြန်မာလူမျိုးတွေ လုနေကြပြီ ဆိုတာ မလေးရှားရောက်သူငယ်ချင်းတွေ အနည်းနှင့် အများတော့ သိကြမှာပါ။

မလေးရောက် ရွှေမြန်မာများ ဆင်ခြင်ရစေရန်အတွက် ကျွန်တော်ရဲ့ကိုယ်တွေ့လေးကို ရေးသားခြင်းဖြစ်ပါသည်။


http://forverfriends.ning.com/

အထက်က ရေးထားသလိုပါပဲ ကေအယ်လိုနေရာမျိုးမှာ ကိုယ်နဲ့ မသိတဲ့သူတွေ မိမိကို လာခေါ် လာမေးတဲ့အခါမှာ တတ်နိုင်လောက် လူများနဲ့နေရာတွေမှာပဲ ပြန်ပြောပြပါ။ လူမရှိသော လမ်းကြားလိုနေရာမျိုးမှာ နာမည်မေးသလိုလိုနဲ့ ဓားပြတိုက်တာ ခံရတတ်ပါတယ်။ တတ်နိုင်ရင် အပြင်သွားလာပါက တစ်ယောက်တည်း မသွားပဲ သူငယ်ချင်းများ အဖော်များနှင့် သွားသင့်ပါသည်။

တစ်နေ့ကပဲ ကေအယ်ကို ကျွန်တော်ရောက်တော့ ည ၇ နာရီလောက်အိမ်ပြန်ဖို့ ကျွန်တော်ကားစောင့်နေတုန်း သူစိမ်းတစ်ယောက် ကျွန်တော့်အနားကို လာပြီး မင်းက မြန်မာလားတဲ့ ကျွန်တော်ကိုလာမေးပါတယ်။ ကျွန်တော်က သူပြေတာ နားမလည်သလို လုပ်ပြီး နေလိုက်တယ်။ နောက်တစ်ယောက် ထပ်ပြီးသွားမေးနေ့ နောက်ထပ်တစ်ယောက်က မြန်မာပါလို့ပြောလိုက်တော့ အဲဒီလူက အစ်ကိုရယ် ကျွန်တော်ကို နည်းနည်းလောက်ကူညီပေးပါ။

ကျွန်တော် အိမ်ပြန်ဖို့ ဘတ်စ်ကားခ လိုနေလို့ ကူညီပေးပါလို့ပြောနေတော့ အပြောခံရသူက ငွေတစ်ဆယ် ထုပ်ပေးနေတုန်း ပိုက်ဆံအိမ်ကို လုပြီး ထွက်ပြေးသွားပါတယ်။ အလုခံရသူကလည်း သူကတကယ် ကူညီပေးတာ အဲဒီလို လုပ်သွားတယ်လို့ ပြောမဆုံးတော့ဘူး ဒါနဲ့ ကျွန်တော်ကပဲ အိမ်ပြန်ဖို့ ဘတ်စ်ကားခ ပေးပြီးကူညီလိုက်ပါတယ်။ မလေးရှားမှာ အပြင်သွားရင် သတိထား သွားလာကြပါဗျာ။


အဝေးရောက်မြန်မာများ အနေဖြင့် မိမိတို၏ ဗဟုသုတများ အတွေ့အကြုံများကို မသိရှိသေးသော အဝေးရောက် မြန်မာများအား အသိပေး မျှဝေလိုပါက nayzawlin1@gmail.com သို့ ကျေးဇူးပြ၍ ပို့ ပေးကြပါခင်ဗျား။

ကျွန်တော် ဆိုက်လေးကလည်း အဝေးရောက် မြန်မာအများအစု အတွက် အရေးကြီးသော သတင်းများ ဗဟုသုတများ ဆောင်ရန်ဆောင်ရန်လေးတွေကို ဖော်ပြပေးလျှက် ရှိပါတယ်ခင်ဗျား။ မလေးရှားသတင်း ၊ ထိုင်းသတင်း ၊ စင်္ကာပူသတင်း စသည့်များကိုပေးပို့လိုပါက nayzawlin1@gmail.com သို့ကျေးဇူးပြ၍ ပို့ပေးကြပါခင်ဗျား။

အဝေးရောက်မြန်မာများ ဘေးရန်ကင်း အဆင်ပြေဖို့ရည်ရွှယ်ရင်း တင်ပြအပ်ပါသည်။

လေးစားလျှက်



နေဇော်လင်း
www.nayzawlin1.org
www.nayzawlin1.com
admin@nayzawlin1.org
Share this article :

10 comments:

ခိုင်နုငယ် said...

အဲလိုသတင်းတွေ..မကြာခဏကြားရတတ်တယ်။
ကိုယ့်မြန်မာအချင်းချင်း..
ပြန်ပေးမူ့တောင်ရှိတယ်လို့
ကြားတယ်။
ဘာပဲဖြစ်ဖြစ်..ခုလိုမျှဝေအသိပေးတာ.
.ကျေးဇူးပါ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

တောင်ငူသား said...

အမှန်တွေဘဲဗျို့....စိတ်ပျက်စရာတော့ တော်တော်ကောင်းနေပြီဗျ...ရဲရှောင်ရ၊ကုလားရှောင်ရနဲ့ အခုတော့ မြန်မာပါတိုးနေပါလားဗျိုး....

min ko ko said...

ဟုတ်ပါတယ် ...
မလေးရှားမှာ ဒိလိုတွေမကြာခဏ
ကြားနေရပါတယ်
သတိထားသွားလာတာ
အကောင်းဆုံးပါပဲဗျာ

Anonymous said...

ကျေးဇူးတင်ပါတယ်။ အခုလို မျှဝေပေးတဲ့အတွက်.. ကြားရတာတော့ စိတ်မကောင်းပါဘူး..

အင်္ဂါသား said...

ကျေးဇူးတင်ပါတယ်။ အခုလို မျှဝေပေးတဲ့အတွက်.. ကြားရတာတော့ စိတ်မကောင်းပါဘူး..

အင်္ဂါသား said...

ကျေးဇူးတင်ပါတယ်။ အခုလို မျှဝေပေးတဲ့အတွက်.. ကြားရတာတော့ စိတ်မကောင်းပါဘူး..

ဧဒင်အချစ်ပုံပြင် said...

ကျွှန်တော်တို့စက်ရုံကလူသစ်လေးတယောက်လည်းဒီလိုဘဲအလုခံခဲ့ရတယ် သူအလုခံခဲ့ရပုံက ရွှေနဲ့အိန္ဒိယ ပေါင်းလုတာ ဗျ။ ညီလေးပါလာတွေ အေးအေးဆေးဆေးပေးလိုက်ပါကွာတဲ့။

Anonymous said...

အင်းမြန်မာတွေရဲ့အခြေအနေကတော့တော်တော်ဆိုးနေပြီ..ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိတော့ဘူး..အစိုးရကိုလား.. လူမျိုးကိုလား.. ဒီလိုကြားရတာ မြန်မာတယောက်အနေနဲ့ တကယ်ဝမ်းနည်းမိတယ်

tkm said...

နီလိုင်းဆိုတာအကိုတို့နေရာပဲဟ
၀၃.၀၇.၁၁နေ့ကမင်္ဂလာဆောင်လေ
မလေးမှာတော့ မြန်မာအချင်းချင်း
ခေါင်းပုံဖြတ်နေတာတွေအများကြီးဟ
နောက်မှ အကိုတင်ပေးမယ်ညီလေး
နေဇော်လင်း......

tkm said...

နီလိုင်းဆိုတာအကိုတို့နေရာပဲဟ
၀၃.၀၇.၁၁နေ့ကမင်္ဂလာဆောင်လေ
မလေးမှာတော့ မြန်မာအချင်းချင်း
ခေါင်းပုံဖြတ်နေတာတွေအများကြီးဟ
နောက်မှ အကိုတင်ပေးမယ်ညီလေး
နေဇော်လင်း......မုန်တိုင်း

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။