
မလေးရှားနိုင်ငံသို့ ဓမ္မ ခရီးစဉ်နဲ့ ပက်သက်ပြီး ရောက်ရှိနေသော ဆရာတော် ဦးသုမင်္ဂလနှင့် နောက်ပါသံဃာတော်များ ၉ ပါးသည် ယနေ့နံနက် ၈ နာရီခွဲ အချိန်တွင် မလေးရှားနိုင်ငံ ကွမ်တန်းမြို့ ကိုသက် မဥမ္မာ (ကြယ်သုံးစင်း မြန်မာစတိုးနှင့် စားသောက်ဆိုင်) မိသားစုတို့မှ ဆရာတော် ဦးသုမင်္ဂလ နှင့် အတူ နောက်ပါ သံဃာတော် ၉ ပါးတို့အား အာရုံဆွမ်း ကပ်လှူဒါန်းခဲ့ပြီး နံနက် ၁၀ နာရီအချိန်တွင် ကွမ်းတန်းမြို့ အနီးရှိ Gua Charas တောင်ပေါ်လှိုင်ဂူတွင် တည်ရှိသော ဗုဒ္ဓရုပ်ပွားတော်များ ဖူးမြှော်ရန်အတွက် ခရီးထွက်ခွာခဲ့ပါသည်။
ဘုရားဖူးအပြီး နေ့လည် ၁၂ နာရီအချိန် အဝေးယာဉ်ရပ်နားစခန်းတွင် နေ့လည်ဆွမ်းကို ဓမ္မဒါနတရား အလှူရှင်ဖြစ်တဲ့ ကိုမြတ်စိုး မခင်မေကျော် မိသားစုနှင့် နောက်ပါ ဒါယိကာများမှ နေ့ဆွမ်း ဆက်ကပ်ခဲ့ပါသည်။ နေ့ဆွမ်း ဘုန်းပေးအပြီး အီပို့မြို့သို့ ဆက်လက် ခရီးထွက်ခွာခဲ့ပါသည်။
ညနေပိုင်းအချိန် အီပို့မြို့သို့ ရောက်ရှိပြီး ယနေ့ညနေ ၈နာရီ အချိန်တွင် အီပို့မြို့တွင် ဆရာတော် ဦးသုမင်္ဂလမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို
မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား ဟောကြားသွားမှာ ဖြစ်ပါသည်။
ယနေ့ ဓမ္မဒါန တရားပွဲအတွက်၂၂.၁၁.၂၀၁၂ ကြာသပတေးနေ့ ညနေ ၆ နာရီမှ ၉ နာရီအထိ (အီပို့မြို့)
နယူးဝေါလ်ကုန်တိုက် ၊ ပထမထပ် THE STORE ကုန်တိုက်ရှေ့ တွင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ၊ ကိုနေမျိုး (အောင်မန္တာလာ စတိုး) ၀၁၂ ၄၆၄၇ ၈၇၅ ၊ မယုယုကျော် ၀၁၇ ၅၇၄၀ ၇၆၇ကို ဆက်သွယ်နိုင်ပါသည်။



ဆရာတော် ဦးသုမင်္ဂလ ၏ မလေးရှားနိုင်ငံအတွင်း ဓမ္မဒါနတရားပွဲ ခရီးစဉ်များကို ဝဘ်ဆိုဒ်နှင့် ဖွေ့ဘုတ် စာမျက်နှာများတွင် အချိန်နှင့် တပြေးညီ တင်ပေးသွားပါမည်။
နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia
0 comments:
Post a Comment