ကေအယ် မိုင်ဒင်းရှေ့ (မက်ဒေါနာ ဆိုင်ရှေ့) ကားပါကင်ဝင်း အတွင်း အရပ်ဝတ်ရဲတွေဟာ WMK 7468 ကားနဲ့ စောင့်ဖမ်းနေတယ် ကားပြည့် အောင်စောင့်ပြီး မြန်မာဆိုင်အပေါ်က ဆင်းလာတဲ့ လူတွေကို ပတ်စပိုစ့် အထောက်အထား စစ်ဆေး ဖမ်းဆီးနေပါတယ်။
အထောက်အထား ခိုင်လုံသူသော သူများလည်း ရဲတွေနဲ့ စကားပြောရခြင်း ၊
မေးခွန်းများမေးခြင်း နှင့် အခြား မလိုအပ်သော စကားပြောဆိုမှုများ မဖြစ်စေရန်
အတွက် ရှောင်ရှားသွားလာကြပါ။
ဒါကြောင့် အထောက်အထား မရှိသူများ
သတိထားနိုင်ရန် အတွက် အသိပေးလိုက်ပါသည်။
======================================================
ကေအယ်မှာ စနေ့နေ့ ၊ တနင်္ဂနွေနေ့တွေဆို လူစည်ကားတဲ့အတွက်
ရဲများ နှင့် လုယက်သူများ ၊ ခါးပိုက်နှိုက် သူများ ၊ လမ်းသွားရင်
ဖုန်းတွေကိုပြပြီးဖုန်းရောင်းသူများ နေရာ တော်တော်များများမှာ
ရှိပါတယ်။
ရှာစားနေတဲ့ ရဲတွေဆို ကြောက်စရာ မလိုပါဘူး။
့ပြစရာ တစ်ခုခု မရှိရင် ၅၀ ၊ သို့မဟုတ် ၁၀၀ ပေးရင် ရပါတယ်။
အရပ်ဝတ်နဲ့ ရဲတွေပဲ နည်းနည်း ကြောက်ရပါတယ်။
အရပ်ဝတ်နဲ့ ရဲတွေအဖမ်းခံရရင် မလေးငွေ ၅၀၀ ကနေ ၃၀၀၀ အထိ
တောင်းတတ်ပါတယ်။ အဖမ်းခံရသူ မိသားစု သူငယ်ချင်းတွေမှ
ဒါဝမ်ကီး ရဲစခန်းမှာ သွားထုပ်ရပါတယ်။
ဒီလို ငွေပေးပြီး ထုပ်တဲ့ အချိန်မှာ တစ်ချို့ရဲတွေနဲ့ စကားပြောဆို
အဆင်ပြေမယ့် တစ်ချို့ရဲတွေက မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံတာကို
ခံရပါတယ်။
အဖမ်းခံရသူ မိန်းကလေးဆို ပိုဆိုးပါတယ်။ မခံနိုင်တဲ့
စကားတွေနဲ့ ပြောဆိုတာကို ခံရပါတယ်။
ကေအယ်တွင် ညပိုင်းအချိန် အပြင်သွားလာခြင်းများကို
ရှောင်ကြပါ။ ညပိုင်းအချိန်ဆို ပိုက်ဆံတောင်းတဲ့ ရဲတွေများပါတယ်။
မလေးရှားမှာ အထောက်အထား မရှိရင် လူစည်ကားတဲ့ နေရာ
ရဲတွေများတဲ့ နေရာတွေကို ရှောင်ပြီး သွားလာကြပါ။
ရဲဖမ်းခံရရင် ငွေနဲ့ရှင်းလို့ ရပေမယ့် တစ်ချို့ဆို ငွေနဲ့ ရှင်းလို့ မရပဲ ထောင်ထဲ
ထည့်ထားတာတွေ ရှိပါတယ်။ မိမိတို့ ရှာဖွေထားတဲ့ ပိုက်ဆံတွေဟာ
အချိန်ခဏလေး အတွင်းမှာ ကုန်သွားနိုင်ပါတယ်။
မလေးရှားရောက် ရွှေမြန်မာများ အားလုံး ဘေးရန်ကင်းဝေးပြီး
အလုပ်အကိုင်များ အဆင်ပြေကြပါစေ။
နေဇော်လင်း
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin15





.jpg?width=750)

0 comments:
Post a Comment