Home » , , » မလေးရှားနိုင်ငံ အီပို့မြို့တွင် ဆရာတော် ဦးသုမင်္ဂလ ဓမ္မဒါနတရားပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)

မလေးရှားနိုင်ငံ အီပို့မြို့တွင် ဆရာတော် ဦးသုမင်္ဂလ ဓမ္မဒါနတရားပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)

Written By မောင်စေတနာ on Thursday, November 22, 2012 | 11:53:00 PM



ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ အီပို့ စတဲ့နေရာများတွင် တရားတော်များကို ဟောကြားခဲ့ပြီး ဆက်လက်၍ ဘာတာဝပ် ၊ ပီနန် ၊ ကွာလာလမ်ပူမြို့ ၊ မလ္လကာမြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

ဓမ္မဒါန တရားပွဲ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုမြစိုး + မခင်မေကျော်(ရွှေကမ္ဘာ စတိုးနှင့် စားသောက်ဆိုင် ၊ ကိုစည်သူ + မနန္ဒာ (Star Treader Employment Agency) မှ ကြီးမှူးကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ ၂၂.၁၁.၁၂ ကြာသပတေးနေ့တွင် မလေးရှားနိုင်ငံ (အီပို့မြို့) နယူးဝေါလ်ကုန်တိုက် ၊ ပထမထပ် THE STORE ကုန်တိုက်ရှေ့ ခန်းမတွင် ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ ဓမ္မဒါန တရားပွဲ အစီအစဉ်ကို ည ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၎င်းနောက် ဆရာတော်ဘုရားထံမှ သီလခံယူကြပြီး ဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူခဲ့ကြပါတယ်။ 

ဆရာတော် ဟောကြားရာတွင် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များနှင့် ၊ ရတနာ သုံးပါးအကြောင်း လိုက်နာပြုပြင်သင့်သော အရာများကို တရားတော်လာရောက် နာယူကြသော ဗုဒ္ဓဘာသာဝင်များအား ဆုံးမဟောပြောခဲ့ပါသည်။ ယင်းနောက် တရားနာ ပရိတ်သတ်များအား ၁၅ မီနစ်ခန့် တရားထိုင်စေပြီး ဒုက္ခရောက်နေသော လူသားအားလုံးအတွက် ရည်ရွယ်၍ သစ္စာပြုဂါထာကို တရားနာယူကြသော ပရိတ်သတ်များအား ရွတ်ဆိုစေခဲ့ပြီး (၃၁)ဘုံအား မေတ္တာပို့ အစီအစဉ်ကို ရွတ်ဆိုခဲ့ပါတယ်။

မေတ္တာပို့ပြီးစီးသော အချိန်တွင် ဆရာတော်အား လှူဖွယ် ဝတ္ထုကိုဆက်ကပ် လှူဒါန်းရာ ဆရာတော်၏ အကျိုးတော်ဆောင်မှ လက်ခံခဲ့ပါသည်။ ၎င်းနောက် ပြုပြုသမျှ ကုလိုလ်ကောင်းမှုများကို ရေစက်ချ အမျှတန်းပေးဝေ ခဲ့ပါသည်။ 

ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါန တရားပွဲအစီအစဉ်ကို မလေးရှားနိုင်ငံ (အီပို့မြို့) ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်များမှ ကားအကြိုအပို့များဖြင့် တရားတော် လာရောက်နာယူကြပြီး နယူးဝေါလ်ကုန်တိုက် ခန်းမ ပြည့်လျှံသွားခဲ့ပါသည်။ ဆရာတော် တရားပွဲ အစီအစဉ်ကို " ဗုဒ္ဓသာသနံ စိရံ တိဌာတု " ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော် သုံးကြိမ်ရွတ်ဆိုပြီး ည ၁၁း၀၀ အချိန်တွင် ရပ်နားခဲ့ပါသည်။ 



နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။