Home » , » 24.6.2014 - 11:20 AM - သတိပေးချက် - မလေးရှား သတင်း

24.6.2014 - 11:20 AM - သတိပေးချက် - မလေးရှား သတင်း

Written By မောင်စေတနာ on Tuesday, June 24, 2014 | 9:58:00 AM

 

ဒီနေ့ ကေအယ် ရထားဂိတ် ၊ ကားဂိတ် ၊ ပါဆာစီနီး ၊ မိုင်ဒင်း ကေအယ် မြန်မာဆိုင်တန်း ၊ တရုတ်တန်း ၊ ကိုတာရာယာ စတဲ့နေရာတွေမှာ ရဲတွေအုပ်စုလိုက် လှည်ပတ် သွားလာနေပါတယ်။ ပါဆာစီနီး ရထားဂိတ်နားမှာ ရဲတွေအုပ်စုလိုက် ရှိနေပြီး တရားဝင်မဝင် နိုင်ငံခြားသားတွေကို အဓိက ပစ်မှတ်ထားပြီး စစ်ဆေး ဖမ်းဆီးဖို့ သင်တန်းပေးနေတာကို သိရှိရသည်။

သို့ဖြစ်ပါ၍ အထောက်အထား မရှိသူ ၊ အထောက်အထား မခိုင်လုံသူများ အနေဖြင့် ကေအယ် ရထားဂိတ် ၊ ကားဂိတ် ၊ ပါဆာစီနီး ၊ မိုင်ဒင်း ကေအယ် မြန်မာဆိုင်တန်း ၊ တရုတ်တန်း ၊ ကိုတာရာယာစတဲ့နေရာများကို မဖြစ်မနေသွားလာပါက ဂရုစိုက်နိုင်ရန် အတွက် အရေးပေါ် အသိပေး အပ်ပါသည်။

အထောက်အထား ခိုင်လုံသူသော သူများလည်း ရဲတွေနဲ့ စကားပြောရခြင်း ၊ မေးခွန်းများမေးခြင်း နှင့် အခြား မလိုအပ်သော စကားပြောဆိုမှုများ မဖြစ်စေရန် အတွက် ရှောင်ရှားသွားလာကြပါ။ 

 ==================================== ================

 ကေအယ်မှာ စနေ့နေ့ ၊ တနင်္ဂနွေနေ့တွေဆို လူစည်ကားတဲ့အတွက် ရဲများ နှင့် လုယက်သူများ ၊ ခါးပိုက်နှိုက် သူများ ၊ လမ်းသွားရင် ဖုန်းတွေကိုပြပြီးဖုန်းရောင်းသူများ နေရာ တော်တော်များများမှာ ရှိပါတယ်။ ကေအယ်တွင် ညပိုင်းအချိန် အပြင်သွားလာခြင်းများကို ရှောင်ကြပါ။ 

ညပိုင်းအချိန်ဆို ပိုက်ဆံတောင်းတဲ့ ရဲတွေများပါတယ်။ မလေးရှားမှာ အထောက်အထား မရှိရင် လူစည်ကားတဲ့ နေရာ ရဲတွေများတဲ့ နေရာတွေကို ရှောင်ပြီး သွားလာကြပါ။ ရဲဖမ်းခံရရင် ငွေနဲ့ရှင်းလို့ ရပေမယ့် တစ်ချို့ဆို ငွေနဲ့ ရှင်းလို့ မရပဲ ထောင်ထဲ ထည့်ထားတာတွေ ရှိပါတယ်။ 

မိမိတို့ ရှာဖွေထားတဲ့ ပိုက်ဆံတွေဟာ အချိန်ခဏလေး အတွင်းမှာ ကုန်သွားနိုင်ပါတယ်။ ဒါကြောင့် အထောက်အထား မရှိသူများ သတိထားနိုင်ရန် အတွက် အသိပေးလိုက်ပါသည်။ မလေးရှားရောက် ရွှေမြန်မာများ အားလုံး ဘေးရန်ကင်းဝေးပြီး အလုပ်အကိုင်များ အဆင်ပြေကြပါစေ။ 

 နေဇော်လင်း 

Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin15
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။