Home » , , » မလေးရှားနိုင်ငံ ကွမ်တန်းမြို့တွင် ဆရာတော် ဦးသုမင်္ဂလ ဓမ္မဒါနတရားပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)

မလေးရှားနိုင်ငံ ကွမ်တန်းမြို့တွင် ဆရာတော် ဦးသုမင်္ဂလ ဓမ္မဒါနတရားပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)

Written By မောင်စေတနာ on Thursday, November 22, 2012 | 12:25:00 AM



ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ နေရာများတွင် တရားတော်များကို ဟောကြားခဲ့ပြီး ဆက်လက်၍ အီပို့ ၊ ပီနန် ၊ ကွာလာလမ်ပူမြို့ ၊ မလကာမြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

ဓမ္မဒါန တရားပွဲ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုမြစိုး + မခင်မေကျော်(ရွှေကမ္ဘာ စတိုးနှင့် စားသောက်ဆိုင် ၊ ကိုစည်သူ + မနန္ဒာ (Star Treader Employment Agency) မှ ကြီးမှူးကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ ၂၂.၁၁.၁၂ ဗုဒ္ဓဟူးနေ့တွင် မလေးရှားနိုင်ငံ (ကွမ်တန်းမြို့) Per Satuan Eng Choon Kuantar No.1/68. Jalan Bukit Ubi/25200 Kuantar ခန်းမတွင် ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ ဓမ္မဒါန တရားပွဲအစီအစဉ်ကို ည ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၎င်းနောက် ဆရာတော်ဘုရားထံမှ သီလခံယူကြပြီး ဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူခဲ့ကြပါတယ်။ ဆရာတော် ဟောကြားရာတွင် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များနှင့် ၊ ရတနာ သုံးပါးအကြောင်း လိုက်နာပြုပြင်သင့်သော အရာများကို တရားတော်လာရောက် နာယူကြသော ဗုဒ္ဓဘာသာဝင်များအား ဆုံးမ ဟောပြောခဲ့ပါသည်။ 

ယင်းနောက် တရားနာ ပရိတ်သတ်များအား ၁၅ မီနစ်ခန့် တရားထိုင်စေပြီး ဒုက္ခရောက်နေသော လူသားအားလုံးအတွက် ရည်ရွယ်၍ သစ္စာပြုဂါထာကို တရားနာယူကြသော ပရိတ်သတ်များအား ရွတ်ဆိုစေခဲ့ပြီး (၃၁)ဘုံအား မေတ္တာပို့ အစီအစဉ်ကို ရွတ်ဆိုစေခဲ့ပါတယ်။ မေတ္တာပို့ပြီးစီးသော အချိန်တွင် ဆရာတော်အား လှူဖွယ် ဝတ္ထုကိုဆက်ကပ် လှူဒါန်းရာ မလေးရှားရင်းဂစ် ၂၆၀၁၅ ကို ဆရာတော်၏ တပည့်မှ လက်ခံပေးခဲ့ပါသည်။ 

၎င်းနောက် ပြုပြုသမျှ ကုလိုလ်ကောင်းမှုများကို ရေစက်ချ အမျှတန်းပေးဝေ ခဲ့ပါသည်။ ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါန တရားပွဲအစီအစဉ်ကို မလေးရှားနိုင်ငံ (ကွမ်တန်းမြို့) ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်များမှ ကားအကြိုအပို့များဖြင့် တရားတော် လာရောက်နာယူကြပြီး Per Satuan Eng Choon Kuantar No.1/68. Jalan Bukit Ubi/25200 Kuantar ခန်းမ ပြည့်လျှံသွားခဲ့ပါသည်။ ည ၁၁း၂၁ မီနစ် အချိန်တွင် ဆရာတော်၏ တရားပွဲ အစီအစဉ်ကို ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော် သုံးကြိမ်ရွတ်ဆိုပြီး ရပ်နားခဲ့ပါသည်။ 

 

နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။