အထောက် အထားမဲ့ မြန်မာများ အတွက် မြန်မာပြည်သို့ ပြန်လိုပါက
တနလာင်္မှ သောကြာအတွင်း မြန်မာ သံရုံးသို့
ကိုယ်တိုင် သွားရောက် လျှောက်ထား နိုင်ပါသည်။
အထောက်အထား လုံးဝမရှိသူများနှင့် 6P စာအုပ်လက်ဝယ်ရှိသူများအနေဖြင့်
မှတ်ပုံတင်မူရင်း လိုအပ်ပြီး ၊ မြန်မာပြည်မှထုတ်ပေးခဲ့သော စာအုပ်ရှိလျှင်
မှတ်ပုံတင် မလိုအပ်ပါဘူး ၊ အားလုံး အတွက် ဓါတ်ပုံ ၂ ပုံ(သို့) ၄ ပုံလိုအပ်ပါတယ်။
အချိန်အကြာကြီးစောင့်ဆိုင်းရန် မလိုပဲ
အနည်းဆုံး မနက် (၁၁) နာရီ နောက် ဆုံးထား လျှောက်ထားခြင်းဖြင့်
နေ့လည် ၁ နာရီမှ ၂ နာရီအတွင်း နေ့ချင်းပြီး ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
အပတ်စဉ် ကြာသပတေးနေ့တိုင်းတွင် လက်ဗွေနှိပ်ရပါတယ်
လက်ဗွေနှိပ်ဖို့အတွက် သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) မှ
ကူညီဆောင်ရွက်ပေးနေပြီး
လက်ဗွေနှိပ်မည့်သူများအနေခြင့် ကြာသအတေးနေ့နံနက် ၉ နာရီအရောက်
သံရုံးသို့ လာရမှာဖြစ်ပါတယ်။ ထိုမှတဆင့် အင်မီဂရေးရှင်းသို့သွားရမှာပါ ။
လက်ဗွေနှိပ်ပြီး ၂ ပတ် အကြာမှာ ပြန်လည်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်သို့
ဆက်သွယ်မေးမြန်း၍ ပြန်ရမည့်ရက်ကို သိရှိနိုင်ပြီး
အပတ်စဉ် စနေနေ့နှင့် တနလာင်္နေ့များတွင် ပို့ဆောင်ပေးနေပါတယ် ။
C I အတွက် အပြီးအစီး ရင်းဂစ် ၁၁၅၀ ကုန်ကျမှာဖြစ်ပြီး
လေဆိပ်သို့ မိမိအစီအစဉ်ဖြင့်သာ သွားရောက်ရမှာဖြစ်ပြီး
လေယာဉ်အချိန်နှင့် အနည်းဆုံး ၃ နာရီ ကြိုတင်ရောက်ရှိရပါမယ်။
ယင်း ရင်းဂစ် ၁၁၅၀ ဆိုသည်မှာ
အထူးလျှော့ပေါ့ဒဏ်ကြေးနှင့် လေယာဉ်လက်မှတ်ခသာဖြစ်ပြီး
သီတဂူအထောက် အကူပြုအဖွဲ့(မလေးရှား)မှ
အကျိုးပြုဆောင်ရွက်ပေးနေခြင်းကြောင့်သာ ဖြစ်ပါတယ် ။
ပြစ်မှုတစုံတရာ ကျူးလွန်ထားခြင်း မရှိသူမှန်သမျှ
မြန်မာပြည်အ၀င်တွင် မည်သည့်အခက်အခဲတစုံတရာမျှ မရှိပါဘူး။
ထပ်မံ၍ မေးမြန်းသိရှိလိုပါက ဦးသီဟမောင်မောင် ၊ ဖုန်းနံပါတ် ၀၁၂၃၈၈၈၄၈၀ သို့
ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
ကျွန်တော်သိရှိလိုသော အကြောင်းအရာများအား အသေးစိပ်ရှင်းပြပေးခဲ့သော
ဦးသီဟမောင်မောင် သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) အား
အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ။
မလေးရှားရောက် ရွှေမြန်မာများ အားလုံး ဘေးရန်ကင်းဝေး၍
အလုပ်အကိုင်များအဆင်ပြေပြီး အမိမြေသို့ အမြန်ဆုံးပြန်နိုင်ကြပါစေ ။
မသိရှိသေးသူများ သိရှိစေရန် ထပ်မံကူညီ၍ SHARE ပေးစေချင်ပါတယ်ခင်ဗျာ ။
လေးစားစွာဖြင့်
NaN WiN AunG (လမ်းပြကြယ်)
နေဇော်လင်း
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin17
0 comments:
Post a Comment