
မလေးရှားနိုင်ငံသို့ ဓမ္မ ခရီးစဉ်နဲ့ ပက်သက်ပြီး ရောက်ရှိလာသော ဆရာတော် ဦးသုမင်္ဂသည် ယနေ့နံနက် ၉ နာရီအချိန်တွင် မလေးရှားနိုင်ငံ ဂျို့ဟိုးမြို
သာသနာ့ရောင်ခြည် အသင်းမှ ဆရာတော် ဦးသုမင်္ဂလ နှင့် အတူ နောက်ပါ သံဃာတော် ၈ ပါးတို့ အာရုံဆွမ်း ကပ်လှူဒါန်းခဲ့ပြီး နံနက် ၁၀ နာရီအချိန်တွင် မလေးရှားနိုင်ငံ ကွမ်တန်းမြို့
သို့ ခရီးထွက်ခွာခဲ့ပါသည်။
နေ့လည် ၁၂ နာရီအချိန် RESTORAN SANGAT BALK ဆိုင်တွင် နေ့လည်ဆွမ်းကို ဓမ္မဒါနတရား အလှူရှင်ဖြစ်တဲ့
ကိုမြတ်စိုး မခင်မေကျော် မိသားစုမှ ဆက်ကပ်ခဲ့ပါသည်။ နေ့ဆွမ်း ဘုန်းပေးအပြီး ကွမ်တန်းမြို့သို့
ဆက်လက် ခရီးထွက်ခွာခဲ့ပါသည်။
ညနေ ၄း၃၀ ခွဲအချိန် ကွမ်းတန်းသို့ ရောက်ရှိပြီး ယနေ့ညနေ ၈နာရီအချိန်တွင် ကွမ်တန်းမြို့တွင်
ဆရာတော် ဦးသုမင်္ဂလမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို မလေးရှားနိုင်ငံရောက် ရွှေမြန်မာ များအား
ဟောကြားသွားမှာ ဖြစ်ပါသည်။
ယနေ့ ဓမ္မဒါန တရားပွဲအတွက် ၂၁.၁၁.၂၀၁၂ ဗုဒ္ဓဟူးနေ့ ည ၇ နာရီမှ ၁၀ နာရီအထိ (ကွမ်တန်းမြို့)
Per Satuan Eng Choon Kuantar No.1/68. Jalan Bukit Ubi/25200 Kuantar
၊ ကိုသက် (ကြယ်သုံးစင်း စတိုး) ၀၁၆ ၉၄၀၉ ၀၄၆ ၊ မဥမ္မာ ၀၁၇ ၃၉၂၈ ၃၂၅ ၊ ကိုဇော်ဇော် ၊ ၀၁၇ ၉၈၉၄ ၂၆၀ ကိုဆက်သွယ်နိုင်ပါသည်။





ဆရာတော် ဦးသုမင်္ဂလ ၏ မလေးရှားနိုင်ငံအတွင်း ဓမ္မဒါနတရားပွဲ ခရီးစဉ်များကို အချိန်နှင့် တပြေးညီ တင်ပေးသွားပါမည်။
နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
0 comments:
Post a Comment