Home » , , » ထိုင်းမြန်မာ ချစ်ကြည်ရေး တံတား ၁၅ နှစ်ပြည့် မယ်ရွေးပွဲ

ထိုင်းမြန်မာ ချစ်ကြည်ရေး တံတား ၁၅ နှစ်ပြည့် မယ်ရွေးပွဲ

Written By မောင်စေတနာ on Thursday, August 16, 2012 | 2:25:00 PM



ထိုင်းမြန်မာ ချစ်ကြည်ရေး တံတား ၁၅ နှစ်ပြည့် မယ်ရွေးပွဲမဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတား ၁၅ နှစ်ပြည့် အထိမ်း အမှတ် မြန်မာ မယ်ရွေးပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ယမန်နေ့ညက ကျင်းပရာ မြ၀တီခရိုင် မှမယ် ၁၅ ဦးဝင်ရောက် ယဉ်ပြိုင် ခဲ့ကြသည်။

ပြိုင်ပွဲဝင်များအနက် မသဲစုစုအောင်(ပထမ)မမိုးသူဇာ(ဒုတိယ)မယုဇနခိုင် (တတိယ)တို့ရရှိခဲ့ကြပြီး ဆုများကို မြ၀တီ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်နှင့် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်ဆူရိယ ပရဆာဗန်ဒစ်တို့ ကပေးအပ် ချီးမြှင့်ခဲ့ ကြသည်။ မယ်ရွေးပွဲကို ထိုင်းနှင့်မြန်မာပရိသတ် ၂၀၀၀ ကျော်လာရောက်အားပေးခဲ့ကြပြီး ပွဲတော် လာရောက်မည့်မြန်မာများအတွက် မြ၀တီခရိုင်အုပ်ချုပ်ရေးအဖွဲ့ တံတားကို ည ၁၀ နာရီအထိဖွင့်လှစ်ပေးခဲ့သည်။

ပွဲတော် ကျင်းပရေးကော်မတီက ချစ်ကြည်ရေးအထိမ်းအမှတ် ထိုင်းမယ်ရွေးပွဲကိုလည်း တနင်္လာနေ့ညက ကျင်းပခဲ့ပြီး ဆုရရှိသည့်မြန်မာနှင့် ထိုင်းအလှမယ်များကို ပထမငွေသားဘတ် ၂၀၀၀၀၊ဒုတိယငွေသားဘတ် ၁၀၀၀၀၊တတိယငွေသားဘတ် ၅၀၀၀ ကိုပေးအပ်ခဲ့သည်။ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ်သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၏ အဓိကကုန်သွယ်ရေး လမ်းကြောဖြစ်သည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။