Home » , , » Bridges ဆိုတာဘာလဲ?

Bridges ဆိုတာဘာလဲ?

Written By မောင်စေတနာ on Sunday, January 8, 2012 | 8:30:00 PM



Bridges ဆိုတာဘာလဲ?

Bridge ဆိုတာဘာလဲ.......... တံတားပေါ့...... အဲဒီလိုတော့ မပြောနဲ့နော်။ Bridge ဆိုတာ Computer အခေါ်အဝေါ်အရ တံတားလို့ ခေါ်လို့မရဘူး။ Bridge ကို Computer အခေါ်အဝေါ် အရ ပေါင်းစပ်ပေးတဲ့ အရာတစ်ခုလို့ နားလည်ထားရမယ်။

သူကဘာကိုပေါင်းစပ်ပေးမှာလဲ ဆိုရင် ကွဲပြားနေတဲ့ Networks တွေကို Network တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်ပေးတာကို Bridge လို့ခေါ်တယ်။ Bridge မှာ Software Bridge နဲ့ Hardware Bridge ဆိုပြီး (၂) မျိုး ရှိပါတယ်။ Bridge က Networks တွေကို Network တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်ပေးတယ်ဆိုတာက ဒီလိုရှိ ပါတယ်။

ဥပမာအနေနဲ့ပြောရရင် Building A နဲ့ B ဆိုပြီး (၂) ခုရှိမယ်ပေါ့ဗျာ။ Building A မှာ Computer အလုံး (၁၀၀) ရှိမယ်။ Building B မှာ Computer အလုံး (၁၀၀) ရှိမယ်။ အဲဒီတော့ Building A ရဲ့ Network နဲ့ Building B ရဲ့ Network က Network (၂) ခုကွဲနေတယ်။ ဒီတော့ ကျွန်တော်တို့က အဲဒီလို ကွဲနေတဲ့ Network (၂) ခုကို Network တစ်ခုတည်းဖြစ်သွားအောင် Bridge ကိုအသုံးပြုပြီးတော့ ပေါင်းစပ်ပေးလိုက်လို့ရပါတယ်။

အောက်မှာ ကျွန်တော် ဥပမာ အနေနဲ့ Bridge အသုံးပြုပုံ ကိုဆွဲပြပေးထားပါတယ်။ အခု ကျွန်တော်အထက်မှာ ဖေါ်ပြထားတဲ့ ပုံအတိုင်း Bridge ခံပြီး Building A နဲ့ Building B ကိုချိတ်ဆက်ထားပါတယ်။ Building A မှာရှိတဲ့ Computer တွေရဲ့ IP Address သည် 192.168.0.x/24 လို့ပေးထားပါတယ်။

Building B မှာရှိတဲ့ Computer တွေရဲ့ IP Address သည်လည်း 192.168.0.x/24 လို့ပေးထားတယ်။ Building A နဲ့ Building B ကြားမှာတော့ Bridge ကိုခံပြီး Network ချိတ်ဆက်ထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်နော်။ .......... Building A ရဲ့ Network နဲ့ Building B ရဲ့ Network (၂) ခု အစက အတူတကွ မချိတ်ဆက် ရသေးဘူး။



သီးခြားစီဖြစ်နေတယ်။ အဲဒီ သီးခြားစီ ဖြစ်နေတဲ့ Network (၂) ခုကို Network တစ်ခုတည်း ဖြစ်အောင် Bridge ခံပြီးတော့ ကွဲထွက်နေတဲ့ Network (၂) ခုကို Network တစ်ခုတည်းဖြစ်အောင်ပေါင်းစပ်ပေးလိုက် ပါတယ်။ အဲဒီတော့ Building A ရဲ့ Network နဲ့ Building B ရဲ့ Network သည် Bridge ခံလိုက်တဲ့ အတွက်ကြောင့် Network တစ်ခုတည်း ဖြစ်သွားပြီး Computer တစ်လုံး နဲ့ တစ်လုံး Data များကို ဖလှယ်လို့ရ သွားပြီဖြစ်ပါတယ်။

ကဲ... ဒါဆိုရင်တော့ Bridge ဆိုတာ ဘာလဲလို့ နားလည်သွားပြီပေါ့။ ဒီတော့ ထပ်ပြီးမှတ်ထား လိုက်ပါနော်။ Bridge ဆိုတာ Networks တွေကို Network တစ်ခုတည်း ဖြစ်အောင်ပေါင်းစပ်ပေးတဲ့ Hardware device (သို့) Software ကို Bridge လို့ခေါ်ပါတယ်။

Source by :http://www.onlineictreader.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။