Home » , » မြန်အောင်မြို့နယ် တရားရုံးနှင့် ရဲစခန်းတို့ ဥပဒေအား အလွဲသုံးစားလုပ်

မြန်အောင်မြို့နယ် တရားရုံးနှင့် ရဲစခန်းတို့ ဥပဒေအား အလွဲသုံးစားလုပ်

Written By မောင်စေတနာ on Thursday, August 16, 2012 | 2:22:00 PM



ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ၁၇-၄-၂၀၁၂ ရက်နေ့ မြန်မာသင်္ကြန် အတက်နေ့ တွင်ရေကစားကြရင်း အုပ်စုဖွဲ့ ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။

အုပ်စုဖွဲ့ ရိုက်နှက်သူများမှာ စည်ပင်သာယာ အမှုဆောင် အရာရှိ၏ သားဖြစ်သူ မောင်ပိုင်ဇင်လွင်ဦး (လက်သီးဖြင့် ထိုးကြိတ် တွန်းလှဲသူ) ၊ အိုကေပွဲရုံမှ ဦးဝင်းအောင်ကျော် ၏သား မောင်ဟန်သာ ထက်အောင် (လမ်းခင်း ကျောက်ခဲဖြင့် ထုသူ )၊ မြို့နယ် တရားရုံးမှ ဘိလစ်စာရေး ဒေါ်မော်မော်ညွန့်၏သား မောင်အိဖောင်း (ဆိုင်ကယ် ဘောက်ထဲတွင် အသင့် ယူဆောင်လာသော ရဲဒင်းဖြင့် ခေါင်း နောက်ဖက်အား ခုတ်သူ ) တို့ကြောင့် ဒေါ်ဝင်းမာစိုး (လက်ထောက် ကထိက ၊ ဟသာင်္တ တက္ကသိုလ်) ၏ သားဖြစ်သူ မောင်မင်းကောင်းခန့် မှာ အုပ်စုဖွဲ့၍ ထိုးကြိတ် ခံရခြင်း၊ လမ်းခင်း ကျောက်ခဲဖြင့် ထုသဖြင့် ၀ဲဘက်မျက်ခုံး ကွဲခြင်း၊ ရဲဒင်းဖြင့် ရှေ့တွင် ထိုးကြိတ်နေစဉ် နောက်မှ ခုတ်သဖြင့် ဦးခေါင်း နောက်တွင် လေးချက် ချုပ်ရခြင်း၊ မောင် မင်းကောင်းခန့် စီးနှင်းသော ဆိုင်ကယ် အားလည်း တာအောက်သို့ တွန်းချကာ ဖျက်စီးခြင်းများ ကို အုပ်စုဖွဲ့ကာ ရိုက်နှက်မှု တစ်ခုဖြစ်ခဲ့ပါသည်။

ရဲစခန်းမှ တရားခံများအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၄၊ ၃၂၃၊ ၄၂၇ အရ အမှု ဖွင့်ခဲ့သော်လည်း မြန်အောင်မြို့နယ် ဥပဒေရုံး၏ အကြံပြုချက် အရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ ဖြင့်သာ တရားစွဲတင်ရန် အကြံပြုချက်အရ ရဲအရေး မပိုင်မှု ဖြစ်သည့်အတွက် ရဲစခန်းမှ သက်ဆိုင်ရာ တရားရုံးတွင်သာ အမှုဖွင့် တိုင်ကြားရန် ပြောဆိုပြီး ရဲစခန်းမှ အမှုကို ပိတ်သိမ်း လိုက်သည်ဟု သိရှိ ရပါသည်။

ဥပဒေအားပြောင်းလဲပြီး မိမိတို့ရဲနှင့် တရားရုံးတို့၏ ဆက်စပ်နေသော အမျိုးဖြစ်ခြင်း၊ စည်ပင်သာယာ အမှုဆောင် အရာရှိ၏ သားဖြစ်ခြင်း (စည်ပင်သာယာ အမှုဆောင် အရာ ရှိမှာ ဗိုလ်ကြီးဟောင်း တစ်ဦးဖြစ်ပါသည်) ဆေးရုံတွင် ဆေးစာယူစဉ်ကလည်း ဆရာဝန်နှင့် တရားခံများ၏ ရင်းနှီးမှု လွန်ကဲခြင်း တို့ကြောင့် ရဲစခန်းနှင့် တရားရုံးတို့မှ လာဘ် စားကာ ဥပေ

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။