Home » » သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ(၄) အမှတ်(၁) ထွက်ရှိ

သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ(၄) အမှတ်(၁) ထွက်ရှိ

Written By နေဇော်လင်း1 on Sunday, May 9, 2010 | 1:48:00 PM



စင်္ကာပူ (မေ ၉)
ပရိသတ်များ စောင့်စားနေကြသည့် သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၄) အမှတ်(၁) ကို ယနေ့ ဖြန့်ချီလိုက်ပြီ ဖြစ်သည်။ ယခုမဂ္ဂဇင်းအတွက် ခေါင်းစဉ်ဖြစ်သော “အဂတိလိုက်စားမှု” နှင့် သက်ဆိုင်သည့် ဆောင်းပါးများ၊ ယခင် ပါဝင်နေကျ ကဏ္ဍများ အပြင် သံလွင်အိပ်မက် အယ်ဒီတာ တစ်ဦး ဖြစ်သူ နေဘုန်းလတ်၏ ကဗျာတစ်ပုဒ်နှင့် ပေးစာတို့အား ဖော်ပြထားသည်။

ဆောင်းပါးကဏ္ဍတွင် သူရိယ၏ အာရှဒေသခြစားမှုများ၊ ဟေမာ၏ လာဘ်ပေးလာဘ်ယူ တို့လည်းကူ၊ ညီညီ(သံလွင်)၏ သုညငွေကြေးပေးရအောင် စသည့် မျက်နှာဖုံး ဆောင်းပါးများ ပါရှိသည်။ ၎င်းအပြင် ပရိသတ်အများ နှစ်ခြိုက် အားပေးကြသည့် မောင်ပွတ်၏ သိထားသင့်သည့် စင်ကာပူ (၇)၊ ဆောင်းပါးရှင် ရဲဝင့်ဦး၏ ဆေးပညာရပ်ဆိုင်ရာ ဆောင်းပါး၊ ကိုငယ်(မန္တလေး)၏ ဘာသာရေးဆောင်းပါး စသဖြင့် စုံလင်စွာ ဖော်ပြထားသည်။

ဝတ္ထုတိုကဏ္ဍတွင်လည်း သံလွင်အိပ်မက်၏ ပင်တိုင်စာရေးဆရာများ၊ မြန်မာ ဘလော့ဂါများနှင့် ကလောင်သစ်များ၏ လက်ရာများကို စုစုပေါင်း ၉ ပုဒ်တိတိ မနားတမ်း ဖတ်ရှုရမည် ဖြစ်သည်။



ထို့အပြင် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ အိုင်ယာလန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဟောင်း မေရီရော်ဘင်ဆင်နှင့် မေးမြန်းထားသည့် ဘာသာပြန်အင်တာဗျူးကိုလည်း စိတ်ဝင်စားစရာ ဖတ်ရမည် ဖြစ်သည်။

သံလွင်အိပ်မက် အတွဲ (၄) အမှတ် (၁) ကို မူလက ဇန်န၀ါရီလတွင် ထွက်ရှိရန် စီစဉ်ခဲ့သော်လည်း မထင်မှတ်ဘဲ ပေါ်ပေါက်လာခဲ့သည့် အကြောင်းအမျိုးမျိုးကြောင့် ယခုလတွင်မှ ထုတ်ဝေနိုင်ခဲ့သည်။

သံလွင်အိပ်မက်၏ Fan Page ကိုလည်း လူသုံးများလာသော Social Network Media တစ်ခုဖြစ်သည့် Facebook တွင် ဖန်တီးထားပြီး အင်တာနက် လိပ်စာ http://go2.vg/tlamfb သို့ သွားရောက်၍ Facebook Account ရှိရုံမျှဖြင့် သံလွင်အိပ်မက် Fan Club တွင် Member ဖြစ်နိုင်သလို နောင်တွင် သံလွင်သတင်းနှင့် သံလွင်အိပ်မက် ဆိုင်ရာ သတင်းများ အသစ်တင်တိုင်း Fan Club ၀င်ထားသူများ၏ Facebook တွင် အလိုအလျောက် ဖော်ပြပေးမည် ဖြစ်သည်။
http://www.thanlwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။