Home » , , » လူ၏ နားနှင့် အသံကြားရခြင်း သိမှတ်ဖွယ်

လူ၏ နားနှင့် အသံကြားရခြင်း သိမှတ်ဖွယ်

Written By မောင်စေတနာ on Tuesday, December 13, 2011 | 11:00:00 AM



အသံဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းဟာ အလွန်လွယ်ကူတဲ့ မေးခွန်းပါ။ လူတိုင်းဟာ အဲဒီမေးခွန်းအတွက် အဖြေတစ်ခုစီတော့ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီလို အဖြေတိုင်းဟာတော့ တိကျခိုင်လုံမှု ရှိချင်ရှိမှာပေါ့။ အသံဆိုတာဟာ အလွယ်ဆုံး ပြောရရင်တော့ လေထုထဲမှာ ပါဝင်တဲ့ လှိုင်းတွေပါပဲ။

တကယ်လို့ လေသာမရှိခဲ့ ရင် အသံဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် လေဟာနယ်ထဲမှာ အသံဆိုတာ မရှိနိုင်ပါဘူး။ ဒါဆိုရင် အသံကို ဘာကြောင့် ကြားရသလဲဆိုတဲ့ မေးခွန်းအတွက်ရော။ ကျွန်တော်တို့ရဲ့နားစည်ဟာ ဒီလိုမျိုး လေထုဖိအားကြောင့် တုန်ခါသွားတဲ့လှိုင်းတွေကို ကြားနိုင်စွမ်း ရှိပါတယ်။

ဥပမာအနေနဲ့ကတော့ ခင်ဗျားအနေနဲ့ လက်ခုပ်တီးကြည့်လိုက်ပါ။ ဒီလို လက်ခုပ်တီးကြည့်လိုက်မယ်ဆိုရင် သင့်ရဲ့ ဘယ်ဘက်လက်နဲ့ ညာဘက်လက် ကြားမှာ တည်ရှိတဲ့ လေထုဟာ တစ်ခုနဲ့တစ်ခု တွန်းကန်မှု ဖြစ်လာပါမယ်။ ထို့နောက် လေထုဟာ လက်နှစ် ဘက် နီးလာတာနဲ့အမျှ လေထုဖိအားတိုးလာပါတယ်။ လေထုထဲမှာ ပါဝင်တဲ့ Molecules တွေဟာ တစ်ခုနဲ့တစ်ခု ဖိအားကြောင့် ကျစ်လစ်ပြီး Pressure ဖြစ်လာတာပေါ့။

ဒီလိုမျိုး Pressure က များလာပြီးတဲ့အလျောက်မှာတော့ အသံဆိုတာ ဖြစ်ပေါ်လာတာပါ။ ခဏတာအတွင်းလောက်မှာ မြည်လာတဲ့အသံ ဥပမာ လက်ခုပ်တစ်ချက်တီးသံ တစ်ခုဟာ လေထုထဲသို့ တစ်စက္ကန့်အတွင်း မီတာပေါင်း ၁၄၀ လောက်အထိ ပျံ့နှံ့သွားပါတယ်။ အဲဒီလို ပျံ့နှံ့သွားတဲ့ Pressure Wave တွေဟာ နားစည်သို့ ရောက်သွားသောအခါ ကျွန်တော်တို့ဟာ အသံအနေနဲ့ ကြားရခြင်း ဖြစ်ပါတယ်။

ဒီလို လက်ခုပ်တီးလိုက်တဲ့ အသံဟာ ခဏတာလေးပဲ ဖြစ်ပေါ်သွားပြီး မကြာခင်မှာပဲ လေထုထဲမှာတင် ပျောက်ပျက်သွားပါတယ်။ နောက်ထပ် အသံတစ်မျိုးရှိပါတယ်။ သူ့ကိုတော့ Periodic wave လို့ ခေါ်ပါတယ်။ အသံထွက်ပေါ်ပြီးပေမယ့် အသံဟာ ဆက်လက်ကြားရနိုင်တဲ့ အသံမျိုးပေါ့။ ဥပမာ ခေါင်းလောင်းသံလိုဟာမျိုးကို ခေါ်တာပါ။

ခေါင်းလောင်းတစ်ခုကို တီးလိုက်ရင် ပထမဆုံး ထွက်ပေါ်လာတဲ့အသံတွေကို ကြားရနိုင်ပါသေးတယ်။ ဒီလိုအသံမျိုးကတော့ တုန်ခါမှုကြောင့် ဖြစ်ပေါ်လာတဲ့ အသံတွေပေါ့။ ခေါင်းလောင်းတစ်လုံးရဲ့ ပုံသဏ္ဍာန်၊ အရွယ်အစား၊ တီးခတ်မှုပေါ် မူတည်ပြီး အသံရှိန်တွေက တစ်ကြိမ်နဲ့တစ်ကြိမ် ကွဲပြား ခြားနားပါတယ်။

ဒါပေမယ့် သူ့ရဲ့ ဆိုလိုရင်းကတော့ ခေါင်းလောင်းတွေဟာ အနီးအနားရှိ လေထုကို ဆက်တိုက်တုန်ခါစေပြီး Vibration ဖြစ်ပေါ်လာတဲ့အသံတွေပါ။ အဲဒါကြောင့် အသံတွေကို ဖြစ်ပေါ်ရာမှာ Simple Wave နဲ့ Periodic Wave ဆိုပြီး နှစ်မျိုးကွဲပြားစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။

Mic တွေမှာ တုန်ခါမှု ဖြစ်ပေါ်စေနိုင်တဲ့ အလွန်သေးငယ်တဲ့ Membrance အမွှေးပါးလေးတွေ ပါဝင်ပါတယ်။ အဲဒီအမွေးပါးလေးတွေကို Mechanism နဲ့ တွဲထားပြီး အမွေးပါးလေးတွေရဲ့ တုန်ခါမှု၊ ရွှေ့လျားမှုအပေါ် မှုတည်ပြီး Electrical လှိုင်းတွေကို ထုတ်လုပ်ပေးပါတယ်။ ဒီလိုမျိုး ထုတ်လုပ်ပေးမှုဟာ Microphone

အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားခြားနားမှု ရှိပါတယ်။ သဘာဝအသံတစ်ခုကို Electrical waves အဖြစ် ပြောင်းလဲပေးပါတယ်။ Mic ဟာ တုန်ခါမှုများတဲ့အခါမှာ Higher voltage ကို ထုတ်ပေးပါတယ်။ ရှေးယခင်တုန်းက အသံဖမ်းယူရာမှာ Tape Recorder များကို အသုံးပြုကြပါတယ်။ ဒီလို Tape Recorder တွေဟာ Mic မှ တစ်ဆင့် ထွက်ပေါ်လာတဲ့ Electrical Signal တွေကို Wire ပေါ်မှာ Megnetic Signal အနေနဲ့ မှတ်သားထားပါတယ်။

ဒါပေမဲ့ ၎င်းရဲ့ ပြန်လည် ထုတ်လုပ်ပေးနိုင်ခြင်းကတော့ Ekectrical signal အပြင် Electromagnetic အရ Speaker ကို တုန်ခါမှု ဖြစ်ပေါ်စေပါတယ်။ ထို့နောက် အသံကို ပြန်လည် ကြားရပါတယ်။ ဒီလိုမျိုး Tape နဲ့ ဖမ်းယူမှုကို Analog Record လို့ ခေါ်ပါတယ်။

Source by :http://www.onlineictreader.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။