Home » , » လတ်တလော မလေးရှား အကြောင်း

လတ်တလော မလေးရှား အကြောင်း

Written By မောင်စေတနာ on Monday, December 1, 2014 | 10:37:00 PM

ကျနော် မနေ့က KL ကို သွားဖြစ်ခဲ့တယ်။ လူတွေက ဖမ်းတယ်ဆီးတယ် ဆိုလို့ သေချာရဲ့လားလို့ သွားကြည့်တဲ့ သဘောပါ။ အဲ့လိုသတင်းတွေ ကြားရင်  အထောက်အထား မရှိတဲ့ မြန်မာ နိုင်ငံသားအချို့က အလိုလိုနေရင်း ကြောက်စိတ်တွေပေါ်လာတတ်ကြပါတယ်။  ချက်ချင်း ထပြန်တော့မဲ့ လူတွေလည်း ရှိနေတတ်ပါတယ်။

ကျနော် အမြင်ကိုပြောရရင်တော့ အဖမ်းအဆီးရှိတာတော့ ဟုတ်ပါတယ် ။ သို့သော် နေရာတိုင်းမှာ မဟုတ်ပါဘူး။  ကျနော်နေတဲ့ Comeron Highlands နယ်တစ်ခုပဲ အဖမ်းအဆီးရှိတာပါ။ ဒီဓာတ်ပုံတွေက ကင်မရွန်း ဟိုက်လန်း တောင်ပေါ်တစ်နေရာမှ ကားပေါ်တက်စစ်တုန်း ရိုက်ထားတာ။

အထောက်အထား စာရွက်စာတမ်း၊ လဝက ထောက်ခံစာ ပါမစ်မိတ္တူ ၊ UN ကဒ် ၊ တစ်ခုခု ပြနိုင်ရင် လွတ်ပါတယ်။  ဘာမှ မပြနိုင်ရင်တော့ အောက်ဆင်းကျန်ခဲ့ရပါတယ်။ သို့သော် အဲ့လိုစစ်လည်း အချည်းအနှီးပါပဲ။

ဘာလို့လဲ ဆိုတော့ လက်မှတ်ရောင်းတဲ့ ကောင်တာတွေက အထောက်အထားမရှိတဲ့သူ ၊ passport  မရှိတဲ့သူ တွေကို မသွားပါနဲ့ လို့ တားမြစ်ကြလို့ပါ။ ဘယ်ရဲတွေ ဘယ်လောက်စစ်စစ် စီးပွားရေး လုပ်ငန်းရှင်တွေက  သူ့တို့ customers တွေအတွက် အမြဲ ကာကွယ်ပြီးသားပါ။

KL ကပြန်လာရင်တော့ KL မှာက လက်မှတ်ကို လုရောင်းကြတာဆိုတော့ ဘာမှမပြောကြပါဘူး။  သို့သော် တောင်ပေါ်တက်ခါနီး ကားနားတဲ့ နေရာရောက်ရင်တော့ ကားသမားက ပါမစ်မရှိတဲ့သူတွေ  ဆက်မလိုက်ဖို့ သတိပေးပါတယ်။

စစ်ဆေးတာတွေ လုပ်တာကတော့ စစ်တပ်၊ ရဲ ၊ ပြည်သူ့စစ် သုံးဖွဲ့ပေါင်းပြီးစစ်တာပါ။ ကျနော်တို့ တောင်ပေါ် ကတော့ တစ်နှစ် စီမံချက် လို့ သိရပါတယ်။

ပြောချင်တာက တစ်နိုင်ငံလုံး ဖမ်းဆီးနေတာ မဟုတ်ပါဘူး။ ဖေ့ဘုပ်က သတင်းတွေဖတ်ပြီး  ကျီးလန့်တစား ဖြစ်နေတဲ့ ရွှေမြန်မာတွေအတွက် ဒီပို့စ်ကိုေ၇းတာပါ။

တချို့လူတွေကတော့ သတိထားဖို့ေ၇းကြတာပါ။ သတိထားဖို့ရေးတဲ့ အတွက် သတိရှိဖို့ပဲ လိုပါတယ်။ ကြောက်လန့်နေဖို့ မလိုပါဘူး။

TPS ဂိတ်မှာ စောင့်ဖမ်းတဲ့ ရဲတွေက စားဘဲတွေပါ။ အထိုက်အလျောက် ကျွေးရင် လွတ်ပါတယ်။ ကုန်တိုက်တွေမှာ ဖမ်းတဲ့ ရဲတွေ ကလည်း ထိုနည်းလည်းကောင်းပါပဲ။

အော်ပရာစီ(ရှောင်တခင်) ဝင်ဖမ်းစီးတယ်ဆိုတာကတော့ ဆူဆူပူပူ ဖြစ်တဲ့နေရာတွေ မှာ တိုင်ချက်ရှိလို့ ဖမ်းကြတာပါ။ ကံမကောင်းရင်တော့ အုတ်ရောရော ကျောက်ရောေ၇ာ ပါသွားမှာပါ။

ကိုယ်နေတဲ့ ဒေသမှာ အတတ်နိုင်ဆုံး တိတ်ဆိတ်စွာနေပါ။ အကြောင်းမဲ့ သွားလာခြင်း မလုပ်ပါနဲ့။

ဆူဆူညံညံ ဖြစ်တတ်တဲ့နေရာတွေဆို အမြန်ဆုံးရှောင်ထွက်ပါ။

နိဂုံး အနေနဲ့ကတော့ ကျနော်တို့ ခင်ဗျားတို့ ထင်နေသလောက် ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးနေတာ မဟုတ်ပါဘူး။  အကြောင်းကိစ္စ ရှိပါက ရဲရဲဝံ့ဝံ့ သွားလာနိုင်ပါတယ်။ KL မှာ ကျနော်မြင်ခဲ့တာတော့ အားလုံးရှင်းပါတယ်။

စိုးရိမ်စိတ်တွေ ကင်းဝေးနိုင်ကြပါစေ။

ကိုထက်

Sky Blue
https://www.facebook.com/kyawkyaw.tun.904

NAY ZAW LIN1 @ နေဇော်လင်း1
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook ACC - https://www.facebook.com/nay.zawlin1
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

1 comments:

Anonymous said...

6Pသမားတွေသက်တမ်းတိုးမပေးတော့ဘူးဆိုတာဟုတ်လားဆရာ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။