အလှည့်ကျတန်းစီသော စနစ် နှင့် ကျွန်တော်တို့ မြန်မာလူမျိုးများ (လိုက်နာ မှတ်သားရန်)
-------------------------- -------------------------- -------------------------- ---------------
ဒီနေ့ ကျွန်တော် အလုပ်နားနေတဲ့ အတွက် စာအုပ်တစ်အုပ်ကို ထိုင်ဖတ်နေရင်းနဲ့ အတွေး တစ်ခု ဝင်လာတယ်။ စာအုပ်ကို ထိုင်ဖတ်နေမှ စာဖတ်တယ်လို့ခေါ်တာ မဟုတ်ပါဘူးတဲ့။ ခရီးထွက်ပြီး ဒေသန္တာရ ဗဟုသုတတွေကို လေ့လာခြင်းဟာလည်း ခြေထောက်နဲ့ စာဖတ်နည်း တစ်မျိုးလို့ ကျွန်တော် အတွေးတစ်ခု ဝင်လာပါတယ်။
အဲဒါကြောင့် ခရီးသွား ရမှာမပျင်းတဲ့ ကျနော်တစ်ယောက် မနေ့ကတော့ ကျနော်နေထိုင်ရာ နေရာကနေပြီး မလေးရှားနိုင်ငံမှ Pudu ၊ Chow Kit ၊ Selayang ၊ Sunway Pyramid ၊ Serdang စတဲ့နယ်မြေတွေကို ကားနဲ့ အဆင်သင့်ရင် သင့်သလို ရထားနဲ့အ ဆင်သင့်ရင်သင့်သလို့ သွားရင်း လာရင်း မလေးရှားနိုင်ငံရဲ့ အလုပ်အကိုင် ၊ လူနေမူပုံစံတွေကို လေ့လာဖြစ်ခဲ့ပါတယ်။
ကားစီးရင်း Sogo ကုန်တိုက်နားရောက်တော့ ဆိုင်တစ်ဆိုင်မှာ လူတွေ တန်းစီနေတာကိုတွေ့ရပါတယ်။ ဘာအတွက်တန်းစီနေကြပါလဲလို့ ကြည့်လိုက်တော့ ထမင်းစားဖို့အတွက် တန်းစီနေကြခြင်းဖြစ်ပါတယ်။ အဲဒါလေးကိုကြည့်ရင်း ပါလာတဲ့ ဖုန်းနဲ့ ဓာတ်ပုံလေးရိုက်ယူခဲ့မိပါတယ်။
ပုံလေးကိုကြည့်ပြီး သူတို့နိုင်ငံသားတွေ စည်းကမ်းရှိစွာ တန်းစီ စောင့်နေကြတာလေးတွေကို သဘောကျမိရင်း တန်းစီတဲ့ အလေ့အကျင့်လေး နှင့် ကျနော်တို့ လူမျိုးတွေအကြောင်းကို စာရေးချင်စိတ်လေးဖြစ်ပေါ်လာလို့ ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
နိုင်ငံခြားတွေမှာ လူအများစုတဲ့ ကားဂိတ်၊ရထားဂိတ်၊စားသောက်ဆိုင် နှင့် အခြား ဘယ်နေရာမျိုးမှာ ပဲဖြစ်ဖြစ် တန်းစီတဲ့စနစ်ကို လိုက်နာကျင့်သုံးရပါတယ်။ နောက်ဆုံး အိမ်သာတက်ချင် တာကအစ တန်းစီကြရပါတယ်။
ကားလက်မှတ်၊ရထားလက်မှတ် ၀ယ်ရင်လည်း လူတွေဘယ်လောက်ပဲများနေပါစေ အများ နည်းတူ တန်းစီကြရပါတယ်။ ကားပေါ် ၊ ရထားပေါ်တက်ရင်လည်း တန်းစီပြီး အလှည့်ကျတက်ရပါတယ်။ သူ့ထက်ငါဦးပြီး တိုးတက်တာမျိုး ၊ ကျော် တက်တာမျိုးတွေ လုံးဝမတွေ့ရပါဘူး။ သူတို့လူမျိုးတွေမှာ ဘယ်နေရာ ဘယ်ဒေသပဲ ရောက်ရောက် တန်းကြရပါတယ်။ နောက်မှ ရောက်လာပြီး ကျော်တက်တယ်ဆိုတာမျိုး မရှိပါဘူး။ နောက်မှရောက်လာတဲ့ သူက နောက်ဆုံးကနေပဲဝင်ပြီး တန်းစီရပါတယ်။
တန်းစီတယ်ဆိုတာ တကယ့်ကို သိက္ခာလည်း ရှိလှပါတယ်။ လက်မှတ်ရောင်းတဲ့သူ ဒါမှမဟုတ် စားသောက်ဆိုင်မှ အလုပ်သမားတွေမှာလည်း စိတ်ရှုပ် စိတ်ညစ်စရာမလိုပဲ အလုပ်ကို ပိုမိုပြီးမြောက်စေပါတယ်။
ခရီးသည်အချင်းချင်း၊ဈေးဝယ် သူအချင်းချင်းလည်း လုနေစရာ၊တိုးနေစရာလည်း မလိုပါဘူး။ ခုဆိုရင် ကျနော်တို့တွေတောင် တန်းစီတဲ့အလေ့အကျင့်နဲ့နေသားကျနေပါပြီ။ ဘယ်နေရာ ရောက်ရောက် စိတ်ကသူ့အလိုလိုတန်းစီပြီးသားပဲ။
လူတန်းစီတဲ့နေရာမှာ ရာထူးတွေ ဘယ်လောက်ပဲကြီးကြီး၊ပိုက်ဆံ တွေဘယ်လောက်ပဲ ချမ်းသာပါစေ လုံးဝမခွဲခြားပါဘူး။ သူဌေး မို့၊အရာရှိသားမို့ အမြန်လုပ်ပေးတယ်ဆိုတာမရှိပါ ဘူး။ အယုတ်အလတ်အမြတ်မရွေး နောက်မှရောက်ရင် နောက်ကနေပဲ တန်းစီရပါတယ်။ ကိုယ့်အလှည့်ရောက်မှ ကိုယ်လိုချင်တဲ့လက်မှတ် ဒါမှမဟုတ် ထမင်းဆိုတာမျိုးကို ၀ယ်ကြရပါတယ်။ ဒီစနစ်ဟာ အင်မတန်ကိုဂုဏ်သိက္ခာရှိပြီး မျက်နှာမလိုက်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
ဓာတ်ပုံထဲကလူတွေဟာ ထမင်းစားဖို့အတွက် တန်းစီပြီးစောင့်နေကြတာဖြစ် ပါတယ်။ ပိုက်ဆံပေးဝယ်စား ရတာဆိုပြီး အမြန်လိုချင်လို့ မရပါဘူး။ ကိုယ့် အလှည့်ရောက်အောင် စည်းကမ်း ရှိစွာနဲ့စောင့်ကြရပါတယ်။ မြန်မြန်စားချင်လို့ လူကိုကျော်တကတ်တယ်ဆိုတာမျိုးလည်း မရှိပါဘူး။ တန်းစီရတာကြာလို့ ဈေးရောင်းသူကိုလည်း ပြသနာရှာလို့ မရပါဘူး။
မစောင့်နိုင်ဘူးဆိုရင် နောက်အခြားဆိုင်မှာ ၀ယ်ရုံပဲရှိပါတယ်။ အခြားဆိုင်မှာလည်း ထိုနည်းတူစွာတန်းစီရမှာပါပဲ ။ ဒီစနစ်ဟာ ရောင်းသူနဲ့ဝယ်သူကြားမှာ အမှားအယွင်းမှရှိအောင် လူကြီးလူကောင်း ဆန်ဆန်ဖြင့် ၀ ယ်ယူနိုင်အောင် ကူညီပေးပါတယ်။
ကျနော်တို့လူမျိုးတွေလည်း ဒီစနစ်ကို လက်ခံကျင့်သုံးသင့်ပါတယ်။ အားလုံးကိုလည်း တန်းစီပြီး ဈေးဝယ်ရတဲ့၊လက်မှတ်ဝယ်ရတဲ့ စိတ်ချမ်းသာခြင်းမျိုးကိုခံ စားစေချင်တယ်။ တန်းစီပြီးဝယ်ရတာ စိတ်ပေါ့ပါးတယ်။ လွတ်လပ်တယ်။ တန်းစီနေတဲ့အချိန် ကိုယ့်အလှည့်မရောက်ခင်မှာ အင်တာနက် သုံးကြတယ်။
သတင်းစာဖတ်နေတာကိုတွေ့ရပါတယ်။ အရမ်းကို အကျိုးရှိပါတယ်။ ကျနော်တို့ လူမျိုးအချို့ က တိုးဝှေ့ပြီးဝယ်ရမှ မြန်တယ်ထင်ကြတယ်။ အဲဒီအတွေးဟာ လုံးဝကိုမှားပါတယ်။ လူတွေကတိုးဝှေ့ပြီးဝယ်ကြတော့  ဈေးရောင်းသူကလည်း စိတ်ညစ်ရတယ်။ အမှားအယွင်း တွေလည်း များတယ်။
အမှားများတော့ ပိုပြီးအချိန်ကြာတယ်။ ဈေးဝယ်သူတွေကလည်း ၀တ်ကောင်းစားလှတွေ ၀တ်ထားပေမယ့် ကလေးတွေလို တိုးဝှေ့နေတော့ ဂုဏ်သိက္ခာမဲ့ပြီး အရမ်းကိုရှက်ဖို့ကောင်းပါတယ်။ နိုင်ငံတကာနဲ့ယှဉ်ရင်လည်း စိတ်ကမ်းမရှိတဲ့နိုင်ငံမှန်း ပေါ်လွင်လွန်းလှပါတယ်။ နိုင်ငံရဲ့ ပုံရိပ်ကိုလည်း ကျဆင်းစေပါတယ်။
ကျနော်ဆိုရင် တစ်လတစ်ခါ ကေအယ်မြို့ ထဲ ပိုက်ဆံသွားလွှဲရင် အမြဲတမ်းစိတ်ညစ်ရပါတယ်။ မြန်မာဆိုင် ၂ ဆိုင် ၃ ဆိုင်မှာ ပိုက်ဆံလွှဲဖူးပါတယ်။ အားလုံးအတူတူပါပဲ။ ကောင်တာရှေ့ မှာ လူတွေက၀ိုင်းအုံပြီး ပိုက်ဆံရှင်းနေကြတော့ ရွာဘက်က ကြက်ဝိုင်းလား အောက်မေ့ရတယ်။
Cashier သမားကလည်း ဘယ်သူ့ဟာကို အရင်ရှင်းပေးလို့ ရှင်းပေးရမှန်းမသိဘူး။ ဈေးဝယ်သူတွေကလည်း ကိုယ့်အလှည့်မြန်မြန် ရောက်အောင် တိုးနေရတယ်။
ဒါဟာကျနော်တို့ မြန်မာလူမျိုးတွေ တန်းစီတတ်တဲ့ အလေ့အကျင့်မရှိဘူးဆိုတာကို သက်သေပြနေတာပဲ။ တစ်ချို့ ကျတော့လည်း ဒီနိုင်ငံပိုင် ကုန်တိုက်တွေမှာဈေးဝယ်ရင် တန်းစီပေမယ့် (မစီလို့လည်း မရဘူးလေ) မြန်မာဆိုင်တွေမှာရောက်ရင် တန်းမစီကြတော့ဘူး။
တစ်ယောက်က တန်းမစီတော့ နောက်တစ်ယောက်ကလည်း သူတောင်မှတန်းမစီသေးတာပဲ ငါလည်းစီစရာမလိုပါဘူး ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ထားလာကြတယ်။ စာရေးဆရာတစ်ယောက်ပြောသလို တစ်ဦးချင်းစီကောင်းမှ တစ်နိုင်ငံလုံးကောင်းမယ်ဆို တာကို သွားသတိရမိတယ်။
အခုတော့ မဟုတ်ပါဘူးဗျာ မြန်မာဆိုင်မှာ ဈေးဝယ်ရတာ၊ ပိုက်ဆံလွှဲရတာ စောနကကျနော်ပြောသလို ရွာဘက်ကကြက်ဝိုင်းများ ရောက်နေသလား အောက်မေ့ရတယ်။ တကယ်ပါ ကြုံဖူးတဲ့သူတွေရှိပါလိမ့်မ ယ်။ ကျနော့် လက်တွေ့တွေပါ ချဲ့ ကားရေးတာ တစ်ခုမှ မပါပါဘူး။ မြန်မာဆိုင်တွေကိုလည်း အပြုသဘောနဲ့
အကြံပြုစာတွေ ပို့ပေးအုံးမှာပါ။
ကိုယ်ကတော့ စည်းကမ်းရှိရှိတန်းစီနေပေမယ့် နောက်ကလူ၊ဘေးကလူရဲ့ ကျော်တက်ပြီး ကိုယ့်အရင် ပိုက်ဆံရှင်းသွားတာမျိုး ပိုက်ဆံလွှဲသွားတာမျိုးတွေကို အမြဲတမ်းခံရပါတယ်။ ကောင်တာက Cashier သမားတွေကလည်း ကျော်တက်လာတဲ့ လူကို နောက်မှာသွားတန်းစီပါဆိုပြီး ပြောဆိုတာမျိုးမရှိပါဘူး။
ကောင်တာကလူကလည်း ကျော်တက်လာတဲ့လူမှန်းသိလျက် နဲ့ ရှင်းပေးတာမျိုးတွေကိုလည် မြင်ခဲ့ဖူးပါတယ်။ ပြီးတော့ မြန်မာဆိုင်တွေရဲ့ ကောင်တာတည်ဆောက်ထားပုံ စနစ်တွေဟာလည်း မှားနေပါတယ်။
မြန်မာဆိုင်က တစ်ချို့ကောင်တာတွေဆိုရင် ရှေ့ မှာ သုံးယောက်လောက်တန်းစီလိုက်တာနဲ့ နောက်ထပ် လူတန်းစီလို့ မရတော့ပါဘူး။
ကျနော်ကိုကျော်တက်သွားလို့ စိတ်မဆိုးပါဘူး။ ကျနော်တို့လူမျိုးတွေ တန်းစီခြင်းရဲ့ အရသာကို မသိသေးလို့လိုပဲ မြင်ပေးပါတယ်။ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် တန်းစီတတ်တဲ့ အလေ့အကျင့်လေး ရှိစေချင်တာပါ။
--------------------------
ဒီနေ့ ကျွန်တော် အလုပ်နားနေတဲ့ အတွက် စာအုပ်တစ်အုပ်ကို ထိုင်ဖတ်နေရင်းနဲ့ အတွေး တစ်ခု ဝင်လာတယ်။ စာအုပ်ကို ထိုင်ဖတ်နေမှ စာဖတ်တယ်လို့ခေါ်တာ မဟုတ်ပါဘူးတဲ့။ ခရီးထွက်ပြီး ဒေသန္တာရ ဗဟုသုတတွေကို လေ့လာခြင်းဟာလည်း ခြေထောက်နဲ့ စာဖတ်နည်း တစ်မျိုးလို့ ကျွန်တော် အတွေးတစ်ခု ဝင်လာပါတယ်။
အဲဒါကြောင့် ခရီးသွား ရမှာမပျင်းတဲ့ ကျနော်တစ်ယောက် မနေ့ကတော့ ကျနော်နေထိုင်ရာ နေရာကနေပြီး မလေးရှားနိုင်ငံမှ Pudu ၊ Chow Kit ၊ Selayang ၊ Sunway Pyramid ၊ Serdang စတဲ့နယ်မြေတွေကို ကားနဲ့ အဆင်သင့်ရင် သင့်သလို ရထားနဲ့အ ဆင်သင့်ရင်သင့်သလို့ သွားရင်း လာရင်း မလေးရှားနိုင်ငံရဲ့ အလုပ်အကိုင် ၊ လူနေမူပုံစံတွေကို လေ့လာဖြစ်ခဲ့ပါတယ်။
ကားစီးရင်း Sogo ကုန်တိုက်နားရောက်တော့ ဆိုင်တစ်ဆိုင်မှာ လူတွေ တန်းစီနေတာကိုတွေ့ရပါတယ်။ ဘာအတွက်တန်းစီနေကြပါလဲလို့ ကြည့်လိုက်တော့ ထမင်းစားဖို့အတွက် တန်းစီနေကြခြင်းဖြစ်ပါတယ်။ အဲဒါလေးကိုကြည့်ရင်း ပါလာတဲ့ ဖုန်းနဲ့ ဓာတ်ပုံလေးရိုက်ယူခဲ့မိပါတယ
ပုံလေးကိုကြည့်ပြီး သူတို့နိုင်ငံသားတွေ စည်းကမ်းရှိစွာ တန်းစီ စောင့်နေကြတာလေးတွေကိ
နိုင်ငံခြားတွေမှာ လူအများစုတဲ့ ကားဂိတ်၊ရထားဂိတ်၊စားသောက်ဆ
ကားလက်မှတ်၊ရထားလက်မှတ် ၀ယ်ရင်လည်း လူတွေဘယ်လောက်ပဲများနေပါစေ အများ နည်းတူ တန်းစီကြရပါတယ်။ ကားပေါ် ၊ ရထားပေါ်တက်ရင်လည်း တန်းစီပြီး အလှည့်ကျတက်ရပါတယ်။ သူ့ထက်ငါဦးပြီး တိုးတက်တာမျိုး ၊ ကျော် တက်တာမျိုးတွေ လုံးဝမတွေ့ရပါဘူး။ သူတို့လူမျိုးတွေမှာ ဘယ်နေရာ ဘယ်ဒေသပဲ ရောက်ရောက် တန်းကြရပါတယ်။ နောက်မှ ရောက်လာပြီး ကျော်တက်တယ်ဆိုတာမျိုး မရှိပ
တန်းစီတယ်ဆိုတာ တကယ့်ကို သိက္ခာလည်း ရှိလှပါတယ်။ လက်မှတ်ရောင်းတဲ့သူ ဒါမှမဟုတ် စားသောက်ဆိုင်မှ အလုပ်သမားတွေမှာလည်း စိတ်ရှုပ် စိတ်ညစ်စရာမလိုပဲ အလုပ်ကို ပိုမိုပြီးမြောက်စေပါတယ်။
ခရီးသည်အချင်းချင်း၊ဈေးဝယ်
လူတန်းစီတဲ့နေရာမှာ ရာထူးတွေ ဘယ်လောက်ပဲကြီးကြီး၊ပိုက်ဆံ
ဓာတ်ပုံထဲကလူတွေဟာ ထမင်းစားဖို့အတွက် တန်းစီပြီးစောင့်နေကြတာဖြစ်
မစောင့်နိုင်ဘူးဆိုရင် နောက်အခြားဆိုင်မှာ ၀ယ်ရုံပဲရှိပါတယ်။ အခြားဆိုင်မှာလည်း ထိုနည်းတူစွာတန်းစီရမှာပါပဲ
ကျနော်တို့လူမျိုးတွေလည်း ဒီစနစ်ကို လက်ခံကျင့်သုံးသင့်ပါတယ်။ အားလုံးကိုလည်း တန်းစီပြီး ဈေးဝယ်ရတဲ့၊လက်မှတ်ဝယ်ရတဲ့
သတင်းစာဖတ်နေတာကိုတွေ့ရပါတယ
အမှားများတော့ ပိုပြီးအချိန်ကြာတယ်။ ဈေးဝယ်သူတွေကလည်း ၀တ်ကောင်းစားလှတွေ ၀တ်ထားပေမယ့် ကလေးတွေလို တိုးဝှေ့နေတော့ ဂုဏ်သိက္ခာမဲ့ပြီး အရမ်းကိုရှက်ဖို့ကောင်းပါတယ
ကျနော်ဆိုရင် တစ်လတစ်ခါ ကေအယ်မြို့ ထဲ ပိုက်ဆံသွားလွှဲရင် အမြဲတမ်းစိတ်ညစ်ရပါတယ်။ မြန်မာဆိုင် ၂ ဆိုင် ၃ ဆိုင်မှာ ပိုက်ဆံလွှဲဖူးပါတယ်။ အားလုံးအတူတူပါပဲ။ ကောင်တာရှေ့ မှာ လူတွေက၀ိုင်းအုံပြီး ပိုက်ဆံရှင်းနေကြတော့ ရွာဘက်က ကြက်ဝိုင်းလား အောက်မေ့ရတယ်။
Cashier သမားကလည်း ဘယ်သူ့ဟာကို အရင်ရှင်းပေးလို့ ရှင်းပေးရမှန်းမသိဘူး။ ဈေးဝယ်သူတွေကလည်း ကိုယ့်အလှည့်မြန်မြန် ရောက်အောင် တိုးနေရတယ်။
ဒါဟာကျနော်တို့ မြန်မာလူမျိုးတွေ တန်းစီတတ်တဲ့ အလေ့အကျင့်မရှိဘူးဆိုတာကို သက်သေပြနေတာပဲ။ တစ်ချို့ ကျတော့လည်း ဒီနိုင်ငံပိုင် ကုန်တိုက်တွေမှာဈေးဝယ်ရင် တန်းစီပေမယ့် (မစီလို့လည်း မရဘူးလေ) မြန်မာဆိုင်တွေမှာရောက်ရင် တန်းမစီကြတော့ဘူး။
တစ်ယောက်က တန်းမစီတော့ နောက်တစ်ယောက်ကလည်း သူတောင်မှတန်းမစီသေးတာပဲ ငါလည်းစီစရာမလိုပါဘူး ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ထားလာကြတယ်။ စာရေးဆရာတစ်ယောက်ပြောသလို တစ်ဦးချင်းစီကောင်းမှ တစ်နိုင်ငံလုံးကောင်းမယ်ဆို
အခုတော့ မဟုတ်ပါဘူးဗျာ မြန်မာဆိုင်မှာ ဈေးဝယ်ရတာ၊ ပိုက်ဆံလွှဲရတာ စောနကကျနော်ပြောသလို ရွာဘက်ကကြက်ဝိုင်းများ ရောက်နေသလား အောက်မေ့ရတယ်။ တကယ်ပါ ကြုံဖူးတဲ့သူတွေရှိပါလိမ့်မ
အကြံပြုစာတွေ ပို့ပေးအုံးမှာပါ။
ကိုယ်ကတော့ စည်းကမ်းရှိရှိတန်းစီနေပေမယ
ကောင်တာကလူကလည်း ကျော်တက်လာတဲ့လူမှန်းသိလျက်
မြန်မာဆိုင်က တစ်ချို့ကောင်တာတွေဆိုရင် ရှေ့ မှာ သုံးယောက်လောက်တန်းစီလိုက်တ
ကျနော်ကိုကျော်တက်သွားလို့ စိတ်မဆိုးပါဘူး။ ကျနော်တို့လူမျိုးတွေ တန်းစီခြင်းရဲ့ အရသာကို မသိသေးလို့လိုပဲ မြင်ပေးပါတယ်။ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် တန်းစီတတ်တဲ့ အလေ့အကျင့်လေး ရှိစေချင်တာပါ။
အဲဒါတကယ့်ကိုဖြူစင်တဲ့ ကျနော့်ရင်ထဲက စကားပါ။ ကျနော်တို့လူမျိုးတွေအခုလို အသိအမြင်တွေ နောက်ကျနေခြင်းဟာလည်း ကျနော်တို့လူမျိုးတွေရဲ့အပြ စ်မဟုတ်ပါဘူး။ နိုင်ငံကို ဆင်းရဲတွင်းနက်အောင် သူများနိုင်ငံတွေမှာသုံးတဲ့ စည်းစနစ်တွေကိုလေ့လာခွင့်မရ အောင်လုပ်ခဲ့တဲ့ စေတနာမဲ့တဲ့ ခေါင်းဆောင် တွေရဲ့အပြစ်သာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် နိုင်ငံခြားရောက်နေပြီဆိုတော့ ကောင်းတဲ့အလေ့အကျင့်ဆိုရင် ကျနော်တို့တွေ လက်ခံကျင့်သုံးကြရမှာပဲ။ ကောင်းတဲ့အလုပ် အများအတွက် အကျိုးပြုမယ့် အလုပ်ဆိုရင် ကျနော်တို့တွေ လက်ခံကျင့် သုံးတက်ကြရမယ်။ အခုအလှည့်ကျတန်းစီတဲ့ စနစ်ဆိုတာ အရမ်းကောင်းတဲ့ စနစ်တစ်ခုပါ။
ကျနော်တို့လူမျိုးတိုင်း အလှည့်ကျတန်းစီတဲ့ စနစ်ကို ပြောစရာမလိုပဲ စိတ်ကအလိုလိုသိပြီး လိုက်နာတတ်ကြရမယ်။ တန်းစီတဲ့စနစ်ကို ကျင့်သုံးခြင်းအားဖြင့် လူကြီးလူကောင်းဆန်ခြင်း အများအမြင်မှာ တင့်တယ်ခြင်း ၊ သူ့ထက်ငါတိုးဝှေ့နေစရာ မလိုခြင်း၊ စိတ်ချမ်းသာရခြင်း ၊ အချိန်ကုန်သက်သာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ခံစားရပါတယ်။
ဒါကြောင့်ကျနော်အရမ်းချစ်တဲ့  ကျနော်တို့မြန်မာလူမျိုးအား လုံး ဘယ်နေရာ ဘယ်ဒေသရောက်ရောက် လူကြီးလူကောင်းဆန်ဆန်၊နိုင် ငံကြီးသားပီသစွာနဲ့ အလှည့်ကျ တန်းစီတဲ့စနစ်ကို ကျင်သုံးကြပါစို့။
ကျနော်တို့ နိုင်ငံတော်ကြီး ကမ္ဘာ့ အလယ်မှာတင့်တယ်စေဖို့ ကျရာနေရာကနေ အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ကြပါစို့။
တန်းစီတဲ့စနစ်ကို လိုက်နာကျင့်သုံးတတ်ပြီးအသားကျနေသူကလည်း မကျင့်သုံးတတ်သေးတဲ့ သူကို အပြုသဘောဖြင့်လက်တွဲခေါ်ယူခြ င်း ၊ တန်းစီတဲ့စနစ်ကိုမကျင့်သုံးရသေးတဲ့သူကလည်း ကြိုးစားပြီး ကျင့်သုံးရင်းဖြင့် ကမ္ဘာမှာမြန်မာဆိုတာ စည်းကမ်းရှိ ပါတယ်ဆိုတဲ့ အကြောင်း နိုင်ငံကြီးသား ပီသပါတယ် ဆိုတဲ့ အကြောင်းကိုပြသကြပါစို့လို့ တိုက်တွန်းရင်း အလှည့်ကျ တန်းစီတဲ့ စနစ်ရဲ့အရသာကို ခံစားနိုင်ကြပါစေ။
စိုးလွင် (ရွှေကြာမြေ)
https://www.facebook.com/ soelwinkk
NAY ZAW LIN1 @ နေဇော်လင်း1
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed ia.com
Free Facebook ACC - https://www.facebook.com/ nay.zawlin1
Free 4D Facebook Page - https://www.facebook.com/ nayzawlin18
Free Health Facebook Page - https://www.facebook.com/ nayzawlin4
ဘာပဲဖြစ်ဖြစ် နိုင်ငံခြားရောက်နေပြီဆိုတေ
ကျနော်တို့လူမျိုးတိုင်း အလှည့်ကျတန်းစီတဲ့ စနစ်ကို ပြောစရာမလိုပဲ စိတ်ကအလိုလိုသိပြီး လိုက်နာတတ်ကြရမယ်။ တန်းစီတဲ့စနစ်ကို ကျင့်သုံးခြင်းအားဖြင့် လူကြီးလူကောင်းဆန်ခြင်း အများအမြင်မှာ တင့်တယ်ခြင်း ၊ သူ့ထက်ငါတိုးဝှေ့နေစရာ မလိုခြင်း၊ စိတ်ချမ်းသာရခြင်း ၊ အချိန်ကုန်သက်သာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ခံစားရပါတယ်။
ဒါကြောင့်ကျနော်အရမ်းချစ်တဲ
ကျနော်တို့ နိုင်ငံတော်ကြီး ကမ္ဘာ့ အလယ်မှာတင့်တယ်စေဖို့ ကျရာနေရာကနေ အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ်
တန်းစီတဲ့စနစ်ကို လိုက်နာကျင့်သုံးတတ်ပြီးအသာ
စိုးလွင် (ရွှေကြာမြေ)
https://www.facebook.com/
NAY ZAW LIN1 @ နေဇော်လင်း1
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed
Free Facebook ACC - https://www.facebook.com/
Free 4D Facebook Page - https://www.facebook.com/
Free Health Facebook Page - https://www.facebook.com/




.jpg?width=750)

0 comments:
Post a Comment