Home » , » မြန်မာများအတွက် ပါမစ်ပေးမည့် အခမ်းအနား စတင်ဖွင့်လှစ် (အထူး)

မြန်မာများအတွက် ပါမစ်ပေးမည့် အခမ်းအနား စတင်ဖွင့်လှစ် (အထူး)

Written By မောင်စေတနာ on Wednesday, June 25, 2014 | 2:23:00 PM

 

သတင်း - မလေးရှား (24.6.2014) 

 မြန်မာနိုင်ငံသားများအတွက် ပါမစ် ပေးမည့် အစီအစဉ် ဟုကြော်ငြာထားသော OSC အစီအစဉ် (သို့) G to G (အစိုးရ ၂ ဘက်သဘောတူမှု) အစီအစဉ်သည် ၂ ဘက်အစိုးရ ကြော်ငြာထားသည့်အတိုင်း ယနေ့ ၂၄.၆.၂၀၁၄ တွင် ကလနားဂျာရာ အင်မီဂရေးရှင်း ရုံးအပေါ်ထပ်ရှိ ONE STOP CENTRE (OSC) တွင် ၂ ဘက်အစိုးရ တာဝန် ရှိသူများ ၊ သက်ဆိုင်ရာ အစိုးရ အသိမှတ်ပြုကုမ္မဏီများ မှ တာဝန်ရှိ သူများ ၊ ပါမစ်လာရောက်လျှောက်ထားသော မြန်မာနိုင်ငံ သားများဖြင့် စည်ကားစွာ ကျင်းပသွားခဲ့သည် ။ 

 မြန်မာအစိုး၏ တရား မဝင်နိုင်ငံသားများ မလေးရှားတွင် ပါမစ်ရရှိစေရန် ဆောင်ရွက်မှုဖြစ်ကြောင်း တာဝန်ရှိသူများ ကပြောသလို ၊ မလေးရှားဘက်မှလည်း မလေးရှားနိုင်ငံ နိုင်ငံလုံခြုံရေး နှင့် မြန်မာနိုင်ငံ တွင်ဖြစ်ပွားခဲ့သော ပြဿနျာားကြောင့် ပြည်တွင်းလုံခြုံရေး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် တရားမဝင် ဖြစ်နေသာ မြန်မာနိုင်ငံသားများကို စစ်တမ်းကောက်ယူကာ ပါမစ်ရရှိရန် လိုအပ်သူများအတွက် ပါမစ်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ယနေ့ဖြေကြားသွားခဲ့သည် ။ 

ပါမစ်လျှောက်ထားမည့် မြန်မာနိုင်ငံသားများသည် အောက်ပါအချက်အလက်မျာကို ဆောင်ရွက်ရမည် ။ မည်သည့် တရားမဝင် မြန်မာနိုင်ငံသားမဆို မည်သည့်အတွက်ကြောင့် တရားမဝင်ဖြစ်နေသည့်သူမဆို လျှောက်ထားခွင့်ရှိကြောင်း သိရသည် ။ 

  ဆောင်ရွက်ရန် များ 
***************** 

၁. ပတ်စပို့ လက်ဝယ် မရှိသေးသောသူများသည် မြန်မာသံရုံးတွင် (သို့) EVERFINE ကုမ္မဏီ တွင် စာအုပ်လျှောက်ထားပါ ။ ထို့နောက်ပါမစ်လျှောက်ထားရန် စီစဉ်ပါ ။ 

၂. စာအုပ်လျှောက်ပြီး လက်ဝယ်မရရှိသေးပါကလည်း ယခုစတင်သော G TO G အစီအစဉ်တွင်ပါဝင် လျှောက်ထားနိုင်သည် ။ စာအုပ်မရမီစပ်ကြား အထောက်အထား စာရွက်ရရှိမည်ဖြစ်ကြောင်းသိရသည် ။ 

၃. လျှောက်ထားသူတွင် အလုပ်ရှင်ရှိပါက OSC တွင် ချက်ချင်း လက်ဗွေ နှိပ်ကာ မလေးရှားလဝက မှထုတ်ပေးသော ပစ်မှု့ကင်းရှင်းကြောင်း နှင့် ပါမစ်ဆက်လျှောက်ရန် အတွက် ထောက်ခံစာ တစ်ရွက်ရရှိမည်ဖြစ်သည် ။ 

၎. အလုပ်ရှင်မရှိပါက မြန်မာအစိုးရ မှ တရားဝင် သတ်မှတ်ထားသော EVERFINE တွင်သွားရောက် အကူညီတောင်းခံ ညှိနှိုင်းပါ ။ အလုပ်ရှင်နေရာတွင် သင့်တော်သော လုပ်ငန်းရှင် ဖြည့်ရန် ညှိနှိုင်းဆောင်ရွက်ပါ ။ 

၅. ယခု အစီအစဉ်သည် လုပ်ငန်းရှင်မရှိပါက လုံးဝ ပါမစ်ပေးမည်မဟုတ်ကြောင်း မလေးရှား အစိုးရက တရားဝင်ကြော်ငြာထားသောကြောင့် ယခင် သို့မဟုတ်ကြောင်း သိရှိရန်လိုအပ်သည် ။ 

၆. လုပ်ငန်းရှင်ရှိသူများအဖို့ မိမိလုပ်ငန်းရှင် နိုင်ငံသားအား ယခု OSC သို့ဆက်သွယ်ရန် တိုက်တွန်းကာ ဆောင်ရွက်ရမည့် အချက်များ နှင့် လိုအပ်သော စာရွက်စာတမ်းများကို မေးမြန်း စုံစမ်းပြီး ဆောင်ရွက်ပါ ။ 

၇။ ထိုစာရွက်ရရှိပြီးနောက် ပါမစ်လျှောက်ထားခွင့် ရရှိရန် လဝက သက်ဆိုင်ရာ ၂ ဘက်ကုမ္မဏီ ၏ အစီအစဉ်ဖြင့် ပါမစ်ဆက်လက်လျှောက်ထားပေးမည်ဖြစ်ကြောင်းသိရသည် ။ 

၈။ ပါမစ်ရရှိရန် လဝက မှ အတည်ပြုပြီးပါက ပါမစ်ပြန်လည်ရရှိမည်ဖြစ်ကြောင်းသိရသည် ။ 

 ၉. ပါမစ်လျှောက်ထားပေးမည့် လုပ်ငန်းရှင်သည် ယခု အစီစဉ်ကြောင့်တရားဝင်အလုပ်သမား အတွက်မည်သည့်ပစ်ဒဏ် နှင့် မည်သည့် ဒဏ်ကြေးမှ ပေးဆောင်ရန်မလိုကြောင်းသိရသည် ။ 

၁၀။ ပါမစ်ဖိုးကုန်ကျစရိတ်များကို မလေးအစိုးရသတ်မှတ်ထားသော OSC (ONE STOP CENTRE (သို့) EVERFINE SERVICE (M) SDN BHD သို့ တိုက်ရိုက်မေးမြန်းနိုင်သည် ။ 

 ကေအယ်ရှိ ဆောင်ရွက်နိုင်သာနေရာများ ။ 

 G2G (ONE STOP CENTRE) 
******************************* 
LRT KALANA JAYA ဘူတာတွင်ဆင်းပြီး KALANA JAYA IMMIGRATION , Kelana Center point (PLAZA GLOMAC ) သို့ တက္ကစီစီးပါ (သို့) T624 Bus ကားစီးပါ။ သင့်လုပ်ငန်းရှင် စုံစမ်းရန်ရှိပါက ဖုန်း - 0378874724 မြန်မာများစုံစမ်းလိုပါက -01114925836 (ရုံးချိန်အတွင်းသာ ဆက်သွယ်ပါရန်) 

 EVERFINE SERVICE COMPANY 
************************************ 
MASJID JAMEK LRT ဘူတာအနီး ၊ အမှတ် ၁၉ - ၂၁ ၊ JALAN TUN PERAK , KL. 032064075 , 0320264076 0183559540 (ရုံးချိန်အတွင်းသာ ဆက်သွယ်ပါရန်) သို့စုံစမ်းနိုင်ပါသည် ။ 

ယနေ့လာရောက် လျှောက်ထားသူ များအားလုံး မြန်မာနိုင်ငံသားများချည်းဖြစ်ပြီး ပထမနေ့ဖြစ်သည့်အလျှောက် လူများနေသည်ကိုတွေ့ရသည်။ ကွာလာလမ်ပူအပြင် ၊ ၁. ဂျိုဟိုး ၂. ပီနန်း ၃. မွား ၄. မြန်မာနိုင်ငံ တို့တွင်ပါ HOMME ခေါ် မြန်မာနိုင်ငံသားများ မလေးရှားတွင်ပါမစ်ရရှိရန်ဆောင်ရွက်သည့်နေရာများ ဖွင့်လှစ်ထားကြောင်းလဲသိရသည် ။ 

Credit By ; #မလေးရှားရောက်မြန်မာများ Official Facebook မှတင်ဆက်သည် ။ 

 PHOTO : #မလေးရှားရောက်မြန်မာများ OFFICIAL PAGE www.facebook.com/mmrinmy
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။