Home » , , » စင်ကာပူပညာရေး ကမ္ဘာ့အဆင့် ၅ တွင်ရှိ

စင်ကာပူပညာရေး ကမ္ဘာ့အဆင့် ၅ တွင်ရှိ

Written By မောင်စေတနာ on Friday, December 28, 2012 | 10:38:00 AM



စင်ကာပူနိုင်ငံသည် ဖင်လန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံတို့ပြီးလျှင် ကမ္ဘာ့ပညာရေးအဆင့် တွင် နံပါတ် ၅ နေရာ၌ရှိကြောင်း သတင်းထုတ်ပြန် ထားသည်။ စင်ကာပူနိုင်ငံတွင် သင်ကြားနေကြသည့် ပညာအရည်အသွေးနှင့် ပညာရေးကို လေးစားကျိုးနွံစွာ သင်ယူတတ် သည့် ဓလေ့ကြောင့် ထိုသို့ အာရှတွင် ဂုဏ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Pearson Group အဖွဲ့ကထုတ်ပြန်ခဲ့ သည်။ သုတေသီများသည် နိုင်ငံပေါင်း ၅၀ ရှိ ကလေးများ၏ ပညာရေးအဆင့်ကို အကဲဖြတ်ကာ ထိုသို့ နိုင်ငံအလိုက် အဆင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

 ဗြိတိန်သည် အဆင့် ၆ တွင်ရှိပြီး၊ သူ့နောက်မှ နယ်သာလန်၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ကနေဒါနိုင်ငံများလိုက်သည်။ ထိုင်းနိုင်ငံ၊ မက္ကဆီကိုနှင့် ဘရာဇီးလ်နိုင်ငံများသည် အောက်ဆုံး ၄ နိုင်ငံစာရင်းတွင် ပါဝင်နေသည်။ သုတေသနအဖွဲ့၏ လေ့လာသုံးသပ်ချက်အရ စီးပွားရေးကောင်း သည့်နိုင်ငံများ၊ ဆရာအလုပ်ကို လခကောင်း ကောင်းပေးပြီး ပညာတတ်များဖြင့် လေ့ကျင့်သင်ကြားထား သူများကိုသာ ခန့်အပ်ထားနိုင်သည့်နိုင်ငံများသည် သာ ပညာရေးအဆင့် အတန်း မြင့်မားသည့် နိုင်ငံများဖြစ်နေကြောင်းတွေ့ရသည်ဟုဆိုသည်။ စ


 စင်ကာပူနိုင်ငံသည် ပညာရေးကို အလေးထားသည့်နိုင်ငံဖြစ်ရုံမက၊ ပညာရှင်များကိုပါလေးစားပြီး၊ ဆရာ ဆရာမ များအပေါ်တွင် ကျောင်းသားများ လေးစားတတ်သည့်နိုင်ငံ ဖြစ်နေခြင်းကလည်း ပညာရေးတွင် ထိပ်တန်း ရောက်လာစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမျိုးသား ပညာရေးအဖွဲ့ ဒါရိုက်တာ လီ ဆင်ကောင်းက အစိုးရအနေဖြင့် ဆရာတစ်ယောက်၏ စတင်လစာမှာ အင်ဂျင်နီယာတစ်ယောက်လစာနှင့် တစ်ပြေးတည်းဖြစ်အောင် စီစဉ်ထားကြောင်း ပြောကြားသည်။ 

Source by :မောက္ခပညာရေးမဂ္ဂင်းဇင်း
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။