Home » , » ကျန်းမာရေးအတွက် ကြက်သွန်နီ

ကျန်းမာရေးအတွက် ကြက်သွန်နီ

Written By မောင်စေတနာ on Friday, December 28, 2012 | 10:54:00 AM



ကြက်သွန်နီသည် သွေးခဲစေမှု မဖြစ်အောင် ကာကွယ်ပေး သောကြောင့် အစား အစာများတွင် ပုံမှန် ထည့်သွင်း အသုံးပြုသင့်ကြောင်း ကျန်းမာရေး ဆရာဝန် တစ်ဦးက ပြောသည်။ 

ယင်းအတွက်ကြောင့် ပုံမှန် စားသုံးသင့်ကြောင်း၊ ဆိုဒီယမ် သတ္တုဓာတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များနှင့် အင်ဆူလင် တုံ့ပြန် နိုင်စွမ်းအား ကို ကောင်းမွန်စေတာ ကြောင့် သကြားဓာတ်ကို ထိန်းပေး နိုင်ပြီး နှလုံးရောဂါ အားလျှော့ချပေး နိုင်ကြောင်း သိရှိရသည်။ 

မျိုးဆက်ပွား အင်္ဂါကို သန်စွမ်း စေကြောင်း၊ ဆီးလမ်းကြောင်း ဝေဒနာများ၊ ဝမ်းကိုက်ခြင်းများကို ကုသရာတွင် အထူး ကောင်းမွန်သည့် သဘာဝဆေး တစ်ခုဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ကွာစီတင်ဟု ခေါ်သည့် အပင်ထွက် ဖလေဗိုးနျွိက် ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအား ကိုမြှင့်ပေးပြီး ကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ် ပေးနိုင်ကြောင်းလည်း သိရှိရသည်။ 

Source by :မြဝတီ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။