မန်းကျောက်ဝိုင်း သိန်းရာ ဂဏန်းတန်ကျောက် စိမ်း လက်ကောက်များ အရောင်း အဝယ်ဖြစ် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ကျောက်မျက်
ရောင်း ဝယ်ရေး စခန်းတွင် ကျပ်သိန်းရာဂဏန်းတန် ကျောက်စိမ်းလက်ကောက်များ ယခု ရက်ပိုင်းအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အဆိုပါကျောက်မျက်ရောင်း ဝယ်ရေး စခန်းအခြေစိုက် ဝယ်ရောင်း လုပ်ကိုင် သူများက ပြောကြားသည်။
အဆိုပါကျောက်မျက်ရောင်းဝယ်ရေး စခန်းအခြေစိုက် ဝယ်ရောင်း လုပ်ကိုင် သူများ က ပြောကြားသည်။ နေသည် မှာ နှစ်ပတ် ခန့်ရှိပြီး တရုတ်ရိုးရာ ပွဲတော်နှင့် နီးကပ်ခြင်းကလည်း အကြောင်း တစ်ခုဖြစ်ကြောင်း အဆိုပါရောင်းဝယ် သူများကဆိုသည်။
"လက်ကောက်ပိုင်းက အရည် အသွေးကောင်းရင် သိန်းရာဂဏန်းအထိ အရောင်းအဝယ်ဖြစ်တယ်" ဟု အသက် ၅၀ အရွယ် လုပ်သက် ရင့်ကျောက် ဝယ် ရောင်းတစ်ဦး ကဆိုသည်။
လက်ရှိကျောက်ဝိုင်းတွင် ကျောက် စိမ်းလက်ကောက်များသာ ဈေးကွက် ဖြစ်ပြီး ကျန်ကျောက်များ မှာ ဈေးကွက် အေးလျက်ရှိကြောင်း၊ ယင်းကဲ့သို့ ဈေး ကွက် အရောင်းအဝယ်အေးနေခြင်းမှာ ကချင်ပြည်နယ်တွင် နယ်မြေမအေးချမ်း သည့်အတွက် မှော်ထဲ၌ကျောက်မထွက် သကဲ့သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘက်မှ ဝယ်လက်များလည်း ဆင်းမလာ ခြင်းနှင့် ပြည်တွင်းရှိတရုတ်လူမျိုးအများစု မှာ ဈေးနှိမ်မှုများရှိသည့်အတွက် ယခု ကဲ့သို့ အရောင်းအဝယ်ရပ်တန့်နေခြင်း ဖြစ်ကြောင်း လုပ်သက် နှစ် ၂၀ ခန့် ကျောက်ဝယ်ရောင်းလုပ်ကိုင်သူ ဦးပြည့်စုံ က ပြောကြားသည်။
" ကျွန်တော်တို့က ပြန်သုံးမယ့် ကျောက်သမားကိုပဲ မျှော်နေရတာ။ အခုဟာက ကိုယ့်လိုပဲဝယ်ပြီး ပြန်ရောင်း မယ့်လူပဲရှိတာဆိုတော့ သူတို့ဈေးနှိမ် တာ ထုံးစံပါပဲ။ ငွေလိုတဲ့သူပဲလျှော့ဈေး နဲ့ထုတ်ရောင်းတယ်"ဟု ၄င်းကဆိုသည်။
အထက်ကျောက်များ အရောင်း အဝယ်နည်းပါးမှုကြောင့် ယင်းကျောက် များကို ဖြတ်တောက်ကာ ပြန်လည် ထွက်ရှိလာသည့် ဖြတ်စများကို ပုံပြီး ကျပ်တစ်သောင်းဖိုး၊ နှစ်သောင်းဖိုး ပြန်လည်ရောင်းချသည့် ကျောက်ဖြတ် စဈေးကွက်မှာလည်း အရောင်းအဝယ် အေးသွားကြောင်း အဆိုပါ ရောင်းဝယ် ရေးဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။ " အခုဟာက လာကြည့်၊ ပြန်သွား တာပဲများတယ်။
ဆူပါမားကက်တွေမှာ ဝင်ကြည့်ပြီး ဘာမှမဝယ်ဘဲ ပြန်ထွက် သွားတဲ့လူများလိုပေါ့ဗျာ" ဟု ကျောက် ဖြတ်စများကို အရောင်းအဝယ်လုပ်နေ သည့် မန္တလေးမြို့တော် စိန်ပန်းရပ်မှ ဦးရာဇာက ပြောကြားသည်။
Source by : ဖိုးစမ်းချောင်း (GG)
http://yoyarlay.com/
0 comments:
Post a Comment