Home » » မန္တလေး သံဃာတော် များနှင့်လူမှုရေး အဖွဲ့ အစည်းများ Bi Weekly Eleven ဂျာနယ်ကို ကန့်ကွက်

မန္တလေး သံဃာတော် များနှင့်လူမှုရေး အဖွဲ့ အစည်းများ Bi Weekly Eleven ဂျာနယ်ကို ကန့်ကွက်

Written By မောင်စေတနာ on Wednesday, October 17, 2012 | 10:40:00 AM


မန္တလေး သံဃာတော် များနှင့်လူမှုရေး အဖွဲ့ အစည်းများ Bi Weekly Eleven ဂျာနယ်ကို ကန့်ကွက်မန္တလေး နှင့် နယ်အလွတ် သတင်းထောက် များကြားတွင် လက်ဆောင် ယူမှုရှိနေဆဲ ဖော်ပြခဲ့မှုဖြင့် Bi Weekly Eleven ဂျာနယ်ကို မန္တလေးမြို့ခံ သံဃာတော်များ၊ လူမှုရေးအဖွဲ့အစည်းများ ကန့်ကွက် မှုများပြုလုပ် သွားရန် ဆောင် ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း (မန္တလေး) ဒုတိယဥက္ကဋ္ဌ ဦးထွန်းဝင်း က ပြောကြားသည်။ 

ကန့်ကွက်မှုများ ပြုလုပ်သည့်ကန့်ကွက်မှုများ ပြုလုပ်သည့် သံဃာတော် များတွင် ရွှေကျင်သာသနာသံဃာတော်များတွင် ရွှေကျင်သာသနာ ပိုင်ဆရာတော်၊ မစိုးရိမ်တိုက်သစ်ဆရာပိုင်ဆရာတော်၊ မစိုးရိမ်တိုက်သစ်ဆရာ တော်၊ မြတောင်ဆရာတော် အရှင်ဝီရသူတော်၊ မြတောင်ဆရာတော် အရှင်ဝီရသူ စသော ပုဂ္ဂိုလ်များပါဝင်ပြီး လူမှုရေးစသော ပုဂ္ဂိုလ်များပါဝင်ပြီး လူမှုရေး အဖွဲ့အစည်းများတွင် ဗြဟ္မစိုရ်၊ စိမ်းရောင်စိအဖွဲ့အစည်းများတွင် ဗြဟ္မစိုရ်၊ စိမ်းရောင်စို နှင့် နိဗ္ဗာန်သုခစသော အဖွဲ့များပါဝင်နှင့် နိဗ္ဗာန်သုခစသော အဖွဲ့များပါဝင် ကြောင်း ၄င်းကထပ်မံပြောကြားသည်ကြောင်း ၄င်းကထပ်မံပြောကြားသည်။

 အောက်တိုဘာလ ၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်က ပြုလုပ်သော လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်း ပွဲ၌ သတင်းထောက်များကို ကင်မရာ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်း များ ပျံ့နှံဟူသော သတင်းဖော်ပြချက်တွင် " အထူးသဖြင့် မန္တလေးနှင့် နယ်အလွတ်တန်း သတင်းထောက်များအကြား လက်ဆောင် ရယူခြင်းများက ရှိနေဆဲဖြစ်ကြောင်း သိရ ပါသည်"ဟု ရေးသားဖော်ပြချက်နှင့် ပတ်သက်ပြီး ခိုင်လုံတိကျမှန်ကန်သော သတင်းများကို ဖော်ပြရခြင်းတည်းဟူ သော မီဒီယာတစ်ခု၏တန်ဖိုးနှင့် ဂုဏ်သိက္ခာ ကို မျက်ကွယ်ပြုကာ တစ်ဖက်သတ်စွပ်စွဲ ရေးသားဖော်ပြခြင်းဟု သဘောတူဆုံး ဖြတ်၍ ယင်းရေးသားချက်ကို မြန်မာ နိုင်ငံသတင်းစာဆရာများအသင်း (မန္တလေး) က အလေးအနက် ကန့်ကွက်ကြောင်း ကို အောက်တိုဘာလ ၆ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။ 

ယင်း မန္တလေးတိုင်းဒေသကြီး သတင်းစာဆရာများအသင်း ဖော်ပြချက် တွင် မန္တလေးနှင့် နယ်အလွတ်တန်း သတင်းထောက်အားလုံးကို မျက်ကန်း တစ္ဆေမကြောက် ဂုဏ်သိက္ခာမဲ့စွာပုတ်ခတ် စော်ကားသော အရေးအသားဖြစ်သဖြင့် ဝါးလုံးသိမ်း ပြောဆိုစွပ်စွဲရေးသားမှုများ ကို ထင်သာမြင်သာရှိသော တောင်းပန်မှုဖြင့် Bi Weekly Elevenသတင်းဂျာနယ်က မန္တလေးနှင့်နယ်များရှိ အနေမှန် သတင်း သမားများကို ပြန်လည်တောင်းပန်ရန် ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ 

မန္တလေးသတင်းထောက်များ လက်ဆောင်ယူခြင်း အလျှင်းမရှိကြောင်း သက်သေပြရမည့်တာဝန်မှာ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (မန္တလေး တိုင်းဒေသကြီး) တာဝန်ဖြစ်ပြီး လက် ဆောင်ရယူခဲ့ကြောင်း သက်သေပြရမည် မှာ Bi Weekly Eleven ဂျာနယ်၏ တာဝန်ဖြစ်ကြောင်း၊ သက်သေအထောက် အထားနှင့်တကွ အများပြည်သူကို သတင်းထုတ်ပြန်ခြင်း၊ တရားရုံး၌ သက် သေအထောက်အထား တင်ပြခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ဂျာနယ် တွင် ရေးသားချက် မမှန်ကန်ပါက မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (မန္တလေးတိုင်းဒေသကြီး)က တရားစွဲ ဆိုနိုင်သကဲ့သို့ Bi Weekly Eleven ဂျာနယ်အလုပ် အမှုဆောင်အဖွဲ့က လည်း ဥပဒေကြောင်းအရ အရေးယူ တုံ့ပြန်သွားမည်ဖြစ်ကြောင်း Bi Weekly Eleven ဂျာနယ်၏ အကြောင်း ပြန်ချက်အရ သိရသည်။ 

ယင်းထုတ်ပြန်ချက်တွင် အခမ်း အနားများ၌ လက်ဆောင်ပစ္စည်းများ ပေးနေသည့်အပေါ် မန္တလေး သတင်းသမား အချို့ ကျင့်ဝတ်ဖောက်ဖျက်မှုများရှိနိုင်ပြီး မန္တလေးဟူသော အသုံးအနှုန်းဖြင့် အားလုံးကိုခြုံပြီး အထင်သေးစွာ စွပ်စွဲ ပြစ်တင်သော မည်သည့်ရေးသား ဟောပြောထုတ်လွှင့်ခြင်းကိုမဆို အလေး အနက်ကန့်ကွက်ကြောင်း၊ သတင်းမီဒီယာ သမားများအနေဖြင့် ကျင့်ဝတ်ဖောက်ဖျက် ခြင်း၊ တံစိုးလက်ဆောင်ရယူပြီး သတင်း မှားများကို ဘက်လိုက်ရေးသားခြင်းများ ရှိက ရှုတ်ချပါကြောင်း၊ မီဒီယာသမား အချင်းချင်း အထင်အမြင်သေးစွပ်စွဲခြင်း၊ အင်အားချည့်နဲ့အောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်ခြင်း၊ မီဒီယာများ အချင်းချင်း ညီညွတ်မျှတပြီး သဘောထားကြီးစွာ အပြုသဘော ဆောင်ရွက်ရန်စသည့် အချက်များပါဝင်ကြောင်း ယင်းထုတ်ပြန် ချက်အရ သိရသည်။ " 

မန္တလေးမှာ ဘယ်အရေးကိစ္စ မဆို ဆရာတော်၊ မြို့မိမြို့ဖတွေနဲ့ မန္တလေးစာနယ်ဇင်းအဖွဲ့တွေ ပူးပေါင်း ပြီး ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာတွေရှိတယ်၊ ဒီလို အစဉ်အလာကောင်းတွေရှိပါလျက် မျက်ကွယ်ပြုပြီး တစ်ဦးတစ်ယောက် တစ်ဖွဲ့ တစ်စည်းတည်းပေါ်မှာ သီးခြားပြောဆို တာမဟုတ်ဘဲ " မန္တလေး"လို့သုံးနှုန်း ထားတာ ကန့်ကွက်တယ်။ အပြန်အလှန် စွပ်စွဲရေးသားတာတွေ၊ စာမျက်နှာဖြုန်းတီး တာတွေ၊ တရားစွဲဆိုတာတွေကို ရှုတ်ချ ပါတယ်၊ အားကြီးတဲ့သူက ရှေ့ဆောင် လမ်းပြတဲ့ အပြုအမူမျိုး၊ ဖေးမကူညီတဲ့ အပြုအမူမျိုးကို လိုလားတယ်" ဟု မန္တလေးစာရေးဆရာဆူးငှက်က ပြော ကြားသည်။ 

အထက်ပါကိစ္စနှင့် ပတ်သက်၍ The Voice Weekly ကBi Weekly Eleven ဂျာနယ်တာဝန်ခံအယ်ဒီတာ ဦးမြတ်သစ် ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဂျာနယ်တွင် ဖော်ပြခဲ့သောအကြောင်း အရာမှာ မန္တလေးနှင့် နယ်သတင်းထောက် များကို ရည်ညွှန်းခြင်းမရှိဘဲ သတင်း ကျင့်ဝတ်ဖောက်ဖျက်သော သတင်း ထောက်အချို့ကိုသာ ဆိုလိုခြင်းဖြစ် ကြောင်း၊ ဂျာနယ်၏သဘောထား ထုတ်ပြန်ချက် တွင် ဖော်ပြထား ပြီးဖြစ်ပါ ကြောင်း ဖြေကြားသည်။ 

Source by :http://yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။