Home » , , » ထိုင်းအကြီးစား စက်မှု လုပ်ငန်းစုကြီး တစ်ခုက မြန်မာနှင့် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမည်

ထိုင်းအကြီးစား စက်မှု လုပ်ငန်းစုကြီး တစ်ခုက မြန်မာနှင့် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမည်

Written By မောင်စေတနာ on Monday, September 3, 2012 | 6:01:00 PM



ထိုင်းအကြီးစား စက်မှု လုပ်ငန်းစုကြီး တစ်ခုက မြန်မာနှင့် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမည် ထိုင်းနိုင်ငံ၏ အကြီးစား လျှပ်စစ်နှင့် စက်မှု လက်မှု ကုမ္ပဏီကြီး တစ်ခု ဖြစ်သော Hana Microelectronics PCL (HANA) အနေဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘော ဒီးယားနိုင်ငံ တို့တွင် လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ Hana အုပ်စု အနေဖြင့် မြန်မာနိုင်ငံတွင် General Electric ကဲ့သို့သော အမေရိကန် အကြီးစား လုပ်ငန်းစုများ လာရောက်ရင်းနှီးမြှုပ်နှံရန် တာစူနေသည်ကို သိရှိထားပြီး ၄င်းတို့နှင့်အပြိုင် ရင်းနှီးမြှုပ်နှံ သွားရန် လေ့လာမှု များပြုလုပ်နေသည်ဟု ဆိုသည်။

" ကမ္ဘောဒီးယားကိုတော့ ပိုကောင်းတဲ့နေရာတစ်ခုလို့ သတ်မှတ်ထားပေမယ့် အဲဒီမှာ ရင်းနှီးမြှုပ်နှံမယ်လို့တော့ ဆုံးဖြတ်ချက်မချရသေးပါဘူး။ မြန်မာနိုင်ငံကိုတော့ သူတို့ရဲ့ ပွင့်လင်းလာမှုကြောင့် စိတ်ဝင်စားနေသလို သူတို့ရဲ့ မတည်ငြိမ်သေးတဲ့ အနေအထားကို လေ့လာနေပါတယ်: ဟု Hana ၏ အမှုဆောင်အရာရှိချုပ် Richard Han ပြောကြားသည။်ံHana အုပ်စု၏ အယုဒ္ဓယမြို့ဟောင်းတွင် တည်ရှိသော နည်းပညာ ထုတ်လုပ်ရေး စက်မှုဇုန်များ ရေလွှမ်းမိုး မှု အခြေအနေတို့ကြောင့် ပိတ်ထားရမှု ဖြစ်ပေါ်ခဲ့ ပြီးနောက် မြန်မာနှင့် ကမ္ဘောဒီးယားတွင် အလားတူ စက်ရုံများ တည်ဆောက် ရန် စီစဉ်နေကြောင်း သိရသည်။

လုပ်သားဈေးနှုန်းတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံထက် ၆၀% ဈေးသက်သာ နေသဖြင့် ထုတ်လုပ်မှု စရိတ်လျော့ကျ နိုင်သောကြောင့် Hana က ရွှေ့ ပြောင်း လုပ်ကိုင်နေလိုခြင်းဖြစ် နေပြီး Coca-Cola အစရှိသောလုပ်ငန်းစုများကလည်း ယင်းအတွက်ကြောင့်ပင်ဖြစ် သည်ဟုဆိုသည်။

" မြန်မာနိုင်ငံကစွမ်းအင်ကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆက်သွယ် ရေးနဲ့ ကဏ္ဍအတော်များများမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးလိုနေသေးတယ်။ အစိုးရ ပိုင်းကလည်း တည်ငြိမ်အောင်လုပ်ဆောင်နေပြီဆိုပေမယ့် သူတို့အနေနဲ့ အချိန်တိုင်း အတာတစ်ခုတော့ စောင့်ဆိုင်းနေရဦးမှာပါပဲ" ဟု မစ္စတာRichard Hanက ပြောကြားသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။