Home » , » ၆ ဂဏန်းပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်းဗေဒင်

၆ ဂဏန်းပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်းဗေဒင်

Written By မောင်စေတနာ on Monday, September 3, 2012 | 1:10:00 PM




မောင်မောင်မြင့်သန်းမောင် ~

ကမ္ဘာသုံးအင်္ဂလိပ် ပြက္ခဒိန်၏ ဇန်နဝါရီလမှ ဇွန်လအတွင်း ၆၊ ၁၅ နှင့် ၂၄ ရက်များတွင် မွေးဖွားကြသော ၆ ဂဏန်း ပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်းဗေဒင်နည်းလမ်းများ ကို ရေးသားဖော်ပြပါမည်။

ဇန်နဝါရီလ ၆၊ ၁၅ နှင့် ၂၄ ရက်များတွင် မွေးဖွားသူများ
ဇန်နဝါရီလ ၆ ဂဏန်းရက်ဖွား များအတွက် အရေးအကြီးဆုံး ဂဏန်းမှာ ၆ ဂဏန်းဖြစ်သည်။ အရေးကြီးသောကိစ္စများကို ၆ ဂဏန်းရက်များဖြစ်သော ၆၊ ၁၅ နှင့် ၂၄ ရက်များတွင် လုပ်ဆောင်သင့် သည်။ ထီထိုးသင့်သည်။

၎ ဂဏန်းရက်များဖြစ်သော ၄၊ ၁၃၊ ၂၂ နှင့် ၃၁ ရက်များနှင့် ၈ ဂဏန်းရက်များဖြစ်သော ၈၊ ၁၇ နှင့် ၂၆ ရက်များတွင် အထူးသတိပြု ဆင် ခြင်ပြီး အလုပ်လုပ်သင့်သည်။

၎ ဂဏန်းရက်နှင့် ၈ ဂဏန်း ရက်များကို ရှောင်ကြဉ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။
မိမိဘဝတွင်လည်း ၄ ဂဏန်းနှင့် ၈ ဂဏန်းရက်ဖွားများနှင့် မကြာခဏပတ်သက်မှုရှိတတ်သည်။ ၄ နှင့် ၈ ဂဏန်းရက်ဖွားများသည် မိမိ အပေါ်အကျိုးမပေးတတ်ကြဘဲ မိမိ ကသာ သူတို့၏ ပြဿနာများကို ဖြေ ရှင်းပေးနေရမည်ဖြစ်သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်များကို ရွေးချယ်လျှင် ဂဏန်း များအားလုံးပေါင်းရကိန်း ၆ ဂဏန်း ရသော နံပါတ်များကို ရွေးချယ်သင့် သည်။ ထီအက္ခရာစသော အက္ခရာများ ကို ရွေးချယ်လျှင် စ၊ ဏ၊ ဘ အက္ခ ရာများကို ရွေးချယ်သင့်သည်။

ကံနိမိတ်ကောင်းသော အရောင် ဖြစ်သည့် အပြာရောင် အနု၊ အရင့် တို့ကို ရွေးချယ်ဝတ်ဆင်သုံးစွဲသင့် သည်။ မိမိနှင့် ဓာတ်တည့်သော စိမ်း ပြာရောင်ကျောက်(တာကွိုက်ကျောက်)၊ နီလာနှင့် အပြာရောင်ကျောက်တစ်မျိုး မျိုးကို အဆောင်ရတနာအဖြစ် အမြဲ ဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၆၊ ၁၅ နှင့် ၂၄ ရက်များတွင် မွေးဖွားကြ သော ၆ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိသည်။
အရေးကြီးသော အကျိုး၊ အပြစ် ထူးထူးခြားခြားဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၆၊ ၁၅၊ ၂၄၊ ၃၃၊ ၄၂၊ ၅၁၊ ၆ဝ နှင့် ၆၉ နှစ်များဖြစ် ကြသည်။

ဖေဖော်ဝါရီလ ၆၊ ၁၅ နှင့် ၂၄ ရက်များတွင် မွေးဖွားသူများ
ဖေဖော်ဝါရီလ ၆ ဂဏန်းရက် ဖွားများအတွက် အရေးကြီးသော ကံ ကောင်းသော ဂဏန်းမှာ ၆ ဂဏန်း ဖြစ်သည်။ မည်သည့်လတွင်မဆို ၆၊ ၁၅ နှင့် ၂၄ ရက်များသည် မိမိတို့အတွက် ကံနိမိတ်ကောင်းသော ရက်များဖြစ် သဖြင့် အရေးကြီးသော ကိစ္စရပ်များ ကို အကောင်အထည်ဖော်သင့်သည်။ ထီထိုးသင့်သည်။ နံပါတ်ဂဏန်းအားလုံး ပေါင်း ရကိန်း ၆ ဂဏန်းရသော နံပါတ်များ ကို အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီ နံပါတ်စသဖြင့် ရွေးချယ်သင့်သည်။စ၊ ဏ၊ ဘ အက္ခရာများကို ထီအက္ခရာအဖြစ် ရွေးချယ်သင့်သည်။

အပြာရောင် အနု၊ အရင့်သည် မိမိအတွက် ကံနိမိတ်ကောင်းတတ် သဖြင့် ရွေးချယ်ဝတ်ဆင် သုံးစွဲသင့် သည်။ ဖေဖော်ဝါရီလ ၂၄ ရက်တွင် မွေးဖွားသူဆိုလျှင် အပြာရောင်အပြင် ခရမ်းရောင်၊ ခရမ်းနုရောင်နှင့် မရမ်း ပြာရောင်တို့ကိုလည်းရွေးချယ်ဝတ်ဆင် သုံးစွဲသင့်သည်။အဆောင်ရတနာအဖြစ် ခရမ်း ရောင် သလင်းကျောက်၊ အပြာရောင် ကျောက်မျက်များနှင့် နီလာတို့ကို အမြဲဝတ်ဆင်ထားသင့်သည်။ မည်သည့်လတွင်မဆို ၆ ၁၅ နှင့် ၂၄ ရက်ဖွားများအပေါ် ဆွဲဆောင် မှုရှိမည်။ မိမိဘဝတစ်သက်တာတွင် အရေးကြီးသော အကျိုးအပြစ် ထူး ထူးခြားခြားဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၆၊ ၁၅၊ ၂၄၊ ၃၃၊ ၄၂၊ ၅၁၊ ၆ဝ၊ ၇၈ နှင့် ၈၇ နှစ်များ ဖြစ်ကြသည်။

မတ်လ ၆၊ ၁၅ နှင့် ၂၄ ရက်များ တွင် မွေးဖွားကြသူများ
မတ်လ ၆ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော၊ ကံနိမိတ် ကောင်းသော ဂဏန်းမှာ ၃ ဂဏန်းနှင့် ၆ ဂဏန်းဖြစ်သည်။ မည်သည့်လတွင်မဆို ၃၊ ၆၊ ၁၂၊ ၁၅၊ ၂၁၊ ၂၄ နှင့် ၃ဝ ရက် များသည် မိမိတို့အတွက် ရက် ကောင်း ရက်မြတ်များဖြစ်သဖြင့် အရေးကြီးသော ကိစ္စရပ်များကို ဆောင်ရွက်သင့်သည်။ ထီထိုးသင့် သည်။ နံပါတ်ဂဏန်းများ အားလုံး ပေါင်းရကိန်း ၃ ဂဏန်းသို့မဟုတ် ၆ ဂဏန်းရရှိသော နံပါတ်များကို အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ် စသည်ဖြင့် ရွေးချယ်သင့်သည်။ မိမိတို့အတွက် ကံနိမိတ်ကောင်း သော ဂ၊ စ၊ ဋ္ဌ၊ ဏ၊ ပ၊ ဘ နှင့် သ အက္ခရာများကို ထီအက္ခရာအဖြစ် ရွေး ချယ်သင့်သည်။

အဝတ်အထည် အသုံးအဆောင် ပစ္စည်းအရောင်များကို ရွေးချယ်လျှင် ခရမ်းရောင်၊ ခရမ်းနုရောင်၊ မရမ်းပြာ ရောင်၊ အပြာရောင် အနု၊ အရင့် တို့ကို ရွေးချယ်သင့်သည်။ ကံနိမိတ်ကောင်းသော၊ ဓာတ် တည့်သော နီလာ၊ အပြာရောင် ကျောက်၊ ခရမ်းရောင် သလင်း ကျောက်နှင့် ခရမ်းရောင် ကျောက် တစ်မျိုးမျိုးကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၃၊ ၆၊ ၁၂၊ ၁၅၊ ၂၁၊ ၂၄ နှင့် ၃ဝ ရက် များတွင် မွေးဖွားသော ၃ နှင့် ၆ ဂဏန်း ရက်ဖွားများနှင့် သင့်မြတ် မည်။ ရွေးချယ်ပေါင်းသင်းဆက်ဆံ လုပ်ကိုင်ကြံစည်သင့်သည်။ မိမိဘဝ တစ်သက်တာတွင် အရေးကြီးသော အကျိုးအပြစ် ထူး ထူးခြားခြားဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၆ ၁၅၊ ၂၄၊ ၃၃၊ ၄၂၊ ၅၁၊ ၆ဝ နှင့် ၇၈ နှစ်များဖြစ် ကြသည်။

ဧပြီလ ၆၊ ၁၅ နှင့် ၂၄ ရက်များ တွင် မွေးဖွားသူများ
ဧပြီလ ၆ ဂဏန်း ရက်ဖွားများ အတွက် အရေးကြီးသော၊ ကံနိမိတ် ကောင်းသော ဂဏန်းများမှာ ၃၊ ၆ နှင့် ၉ ဂဏန်းများဖြစ်ကြသည်။ မည်သည့်လတွင်မဆို ၃၊ ၆၊ ၉၊ ၁၂၊ ၁၅ ၁၈၊ ၂၁ ၂၄၊ ၂၇ ၃ဝ ရက်များသည် ရက်ကောင်းရက်မြတ် များဖြစ်သဖြင့် အရေးကြီးသော ကိစ္စ ရပ်များကို အကောင်အထည် ဖော် သင့်သည်။ ထီထိုးသင့်သည်။ နံပါတ်ဂဏန်းများအာလုံး ပေါင်း ရကိန်း ၃ သို့မဟုတ် ၆ သို့မဟုတ် ၉ ဂဏန်းရရှိသော နံပါတ် များကို အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီ နံပါတ်စသည်ဖြင့် ရွေးချယ်သင့် သည်။ မိမိတို့အတွက် ကံနိမိတ်ကောင်း သော က၊ စ၊ ရ၊ ဋ္ဌ၊ ဏ၊ ဒ၊ ပ၊ ဘနှင့် ရ အက္ခရာများကို ထီ အက္ခ ရာအဖြစ် ရွေးချယ်သင့်သည်။

အပြာရောင် အနု၊ အရင့်မျိုးစုံ မရမ်းပြာရောင်၊ အနီရောင်၊ ကြက် သွေးရောင်တို့သည် ကံနိမိတ်ကောင်း စေတတ်သဖြင့် ရွေးချယ်ဝတ်ဆင် သုံးစွဲသင့်သည်။ အဆောင်ရတနာအဖြစ် နီလာနှင့် အပြာရောင် ကျောက်မျက်၊ ခရမ်းရောင် သလင်းကျောက်နှင့် ခရမ်းရောင် ကျောက်မျက် ပတ္တမြား၊ ကျောက်နီနှင့် အနီရောင် ကျောက် မျက်တစ်မျိုးမျိုးကို အမြဲဝတ်ဆင် ထားသင့်သည်။

မည်သည့်လတွင်မဆို ၃၊ ၆ နှင့် ၉ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိသည်။ မိမိဘဝတစ်သက်တာတွင် အရေးကြီးသော အကျိုး၊ အပြစ် ထူးထူးခြားခြား ဖြစ်ပျက်တတ်သော အသက်အရွယ်များမှာ ၆၊ ၉၊ ၁၅၊ ၁၈၊ ၂၄၊ ၂၇၊ ၃၃၊ ၃၆၊ ၄၂၊ ၄၅၊ ၅၁၊ ၅၄၊ ၆ဝ၊ ၆၃၊ ၆၉ နှင့် ၇၂ နှစ်များဖြစ်သည်။

မေလ ၆၊ ၁၅ နှင့် ၂၄ ရက်များ တွင် မွေးဖွားသူများ
မေလ ၆ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော၊ ကံနိမိတ် ကောင်းသော ဂဏန်းများမှာ ၂၊ ၃ နှင့် ၆ ဂဏန်းများဖြစ်ကြသည်။ မည်သည့်လတွင်မဆို ၂၊ ၃၊ ၆၊ ၁၁၊ ၁၂၊ ၁၅၊ ၂ဝ၊ ၂၁၊ ၂၄၊ ၂၉ နှင့် ၃ဝ ရက်များသည် ရက်ကောင်း ရက် မြတ်များဖြစ်သဖြင့် အရေးကြီးသော ကိစ္စရပ်များကို လုပ်ဆောင်သင့် သည်။ ထီထိုးသင့်သည်။
နံပါတ် ဂဏန်းများအားလုံး ပေါင်းရကိန်း ၂ သို့မဟုတ် ၃ သို့မဟုတ် ၆ ဂဏန်းရရှိသော နံပါတ် များကို အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီ နံပါတ်စသည်ဖြင့် ရွေးချယ်သင့်သည်။
မိမိတို့အတွက် ခ၊ ဂ၊ စ၊ ဋ၊ ဋ္ဌ၊ ဏ၊ န၊ ပ၊ ဘ၊ ဝနှင့် သ အက္ခ ရာများသည် ကံနိမိတ်ကောင်းတတ်သဖြင့် ထီ အက္ခရာအဖြစ် ရွေးချယ် သင့်သည်။

အဖြူ၊ နို့နှစ်ရောင်၊ အစိမ်း၊ အပြာ၊ ခရမ်းနုရောင်၊ ခရမ်းရောင် နှင့် မရမ်းပြာရောင်များမှာ မိမိနှင့် ဓာတ် တည့်ပြီး ကံနိမိတ်ကောင်းစေတတ် သဖြင့် အဝတ်အထည်၊ အသုံး အဆောင်ပစ္စည်းအရောင်များအဖြစ် ရွေးချယ်သင့်သည်။
လကျောက်(အပြာ)၊ ကြောင် မျက်လုံးကျောက်၊ ကျောက်စိမ်း၊ မြ၊ ခရမ်းရောင်သလင်း၊ ကျောက်မျက် တစ်မျိုးမျိုးကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၂၊ ၃ နှင့် ၆ ဂဏန်းရက်ဖွားများအပေါ် ဆွဲ ဆောင်မှုရှိသည်။ မိမိဘဝသက်တမ်းတွင် အရေး ကြီးသော အကျိုး၊ အပြစ် ထူးထူး ခြားခြား ဖြစ်ပျက်တတ်သော အသက် အရွယ်များမှာ ၂၊ ၆၊ ၁၅၊ ၂ဝ၊ ၂၄၊ ၂၉၊ ၃၃၊ ၃၈၊ ၄၂၊ ၅၁၊ ၅၆၊ ၆၅၊ ၆၉ နှင့် ၇၈ နှစ်များဖြစ်သည်။

ဇွန်လ ၆၊ ၁၅ နှင့် ၂၄ ရက်များ တွင် မွေးဖွားသူများ
ဇွန်လ ၆ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ကံနိမိတ် ကောင်းသော ဂဏန်းများမှာ ၅ နှင့် ၆ ဂဏန်းများဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၅၊ ၆၊ ၁၄၊ ၁၅၊ ၂၃ နှင့် ၂၄ ရက်များသည် ရက်ကောင်းရက်မြတ်၊ အရေးကြီး သော ရက်များဖြစ်သဖြင့် ထီထိုးခြင်း၊ အရေးကြီးသော လုပ်ငန်းကိစ္စများ ဆောင်ရွက်ခြင်းပြုသင့်သည်။ နံပါတ် ဂဏန်းများအားလုံး ပေါင်းရကိန်း ၅ သို့မဟုတ် ၆ ဂဏန်း ရှိသော နံပါတ်များသည် ကံနိ မိတ်ကောင်းတတ်သဖြင့် အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်စသည်ဖြင့် ရွေးချယ်သင့်သည်။

င၊ စ၊ လ၊ ဏ၊ ဗ၊ ဘ အက္ခ ရာများသည် ကံနိမိတ်ကောင်းစေ သဖြင့် ထီအက္ခရာအဖြစ် ရွေးချယ် သင့်သည်။ နုဖျော့သော အရောင်များ၊ တောက်ပသော အရောင်အသွေးနှင့် အနုဖြစ်စေ၊ အရင့်ဖြစ်စေ အပြာရောင် ရှိသော အဝတ်အထည်၊ အသုံး အဆောင်ပစ္စည်းများကို ရွေးချယ် ဝတ် ဆင်အသုံးပြုသင့်သည်။ အမျိုးသမီးဖြစ်ပါက တောက်ပ ပြောင်လက်သော အဝတ်အထည်များ ကို ဝတ်ဆင်သင့်သည်။

ကံနိမိတ်ကောင်းသော ရတနာ များမှာ စိန်၊ ပုလဲ၊ မြ၊ စိမ်းပြာရောင် တာကွိုက်ကျောက်၊ နီလာနှင့် အပြာ ရောင် ကျောက်မျက်များဖြစ်သဖြင့် တစ်မျိုးမျိုးကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၅ နှင့် ၆ ဂဏန်းရက်ဖွားများအပေါ် ဆွဲ ဆောင်မှုရှိသည်။ ၅၊ ၆၊ ၁၄၊ ၁၅၊ ၂၃၊ ၂၄၊ ၃၂ ၃၃၊ ၄၁၊ ၄၂ ၅ဝ၊ ၅၁၊ ၆ဝ၊ ၆၈ နှင့် ၇၈ နှစ်များတွင် အရေးကြီးသော အကျိုးအပြစ် ထူးထူးခြားခြားအဖြစ် အပျက်တစ်ခုခုဖြစ်တတ်သည်။

ဇူလိုင်လ ၆၊ ၁၅နှင့် ၂၄ ရက်များ တွင် မွေးဖွားသူများ
ဇူလိုင်လ ၆ဂဏန်းရက်ဖွားများအတွက် အရေးကြီးသောဂဏန်းများမှာ ၂ ဂဏန်း၊ ၆ ဂဏန်းနှင့် ၇ ဂဏန်းများ ဖြစ်ကြသည်။

မည်သည့်လတွင်မဆို ၂၊ ၆၊ ၇၊ ၁၁၊ ၁၅၊ ၁၆၊ ၂ဝ၊ ၂၄၊ ၂၅ နှင့် ၂၉ ရက်များတွင် အရေးကြီးသောကိစ္စ များကိုဆောင်ရွက်သင့်သည်။ ထီကံစမ်းသင့်သည်။ အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်စသည့်နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၂ သို့ မဟုတ် ၆ သို့မဟုတ် ၇ ဂဏန်းရသောနံပါတ်များကို ရွေးချယ်သင့်သည်။ ထီအက္ခရာအဖြစ် ခ၊ စ၊ ဆ၊ ဋ၊ ဏ၊ တ၊ န၊ ဘ၊ မ နှင့် ဝ အက္ခရာများကို ရွေးချယ်သင့်သည်။

ကံနိမိတ်ကောင်းသော အရောင်များမှာ အနုဖြစ်စေ၊ အရင့်ဖြစ်စေ၊ အပြာရောင်၊ အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင်နှင့် ခိုပြာရောင်တို့ဖြစ်သဖြင့် အဝတ်အထည်၊ ယာဉ်၊ ကားအသုံးအဆောင်ပစ္စည်း အရောင်များအဖြစ် ရွေးချယ်အသုံးပြုသင့်သည်။ မိမိအတွက် ဓာတ်တည့်သော ကံနိမိတ်ကောင်းသော စိမ်းပြာရောင်ရှိသည့် ကျောက်မျက်များ၊ မြ၊ နီလာနှင့် အပြာရောင်ရှိသော ကျောက်မျက် များကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၆ ၊ ၁၅၊ ၂၄ ရက်နေ့တွင် မွေးဖွားသော ၆ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိသည်။ ထို့အပြင် ၃၊ ၁၂၊ ၂၁၊ ၃ဝ ရက်ဖွားများနှင့် ၈၊ ၁၈၊ ၂၇ ရက်ဖွား များနှင့်လည်း သင့်မြတ်မည်။ ၉ ဂဏန်းရက်ဖွားများမှာ မိမိအပေါ် အသင့်အတင့်သာ အကျိုးပြုလိမ့်မည်။ မိမိဘဝ သက်တမ်းတွင် အရေးကြီးသော အကျိုးအဖြစ် ထူးထူးခြားခြားဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၆၊ ၁၅၊ ၂၄၊ ၃၃၊ ၄၂၊ ၅၁၊ ၆ဝ၊ ၆၉ နှင့် ၇၈ နှစ်များဖြစ်ကြသည်။

သြဂုတ်လ ၆၊ ၁၅ နှင့် ၂၄ ရက်များ တွင်မွေးဖွားသူများ
သြဂုတ်လ ၆ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသောဂဏန်း များမှာ ၁၊ ၄ နှင့် ၆ ဂဏန်းများဖြစ်ကြသည်။ မည်သည့်လတွင်မဆို ၁၊ ၄၊ ၆၊ ၁ဝ၊ ၁၃၊ ၁၅၊ ၁၉၊ ၂၂၊ ၂၄၊ ၂၈ နှင့် ၃၁ ရက်များသည် မိမိအတွက် အရေးကြီးသည်။

အိမ်၊ ခြံ၊ ကား ထီနံပါတ်စသည့် နံပါတ်များကို ဂဏန်းများအားလုံး ပေါင်းရကိန်း ၁ သို့မဟုတ် ၆ ဂဏန်းရသော နံပါတ်များကိုသာ ရွေးချယ်သင့်သည်။ ၄ ဂဏန်းနံပါတ်များ ကိုမရွေးချယ်သင့်ပေ။ ၄ ဂဏန်းသည် မိမိအတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ပေးတတ်သောကြောင့် ဖြစ်သည်။ မိမိကမရွေးချယ်ပဲ အလိုအလျောက်ဆုံဆည်းရပါက အထူးသတိထားသင့်သည်။ ထီအက္ခရာအဖြစ် က၊ စ၊ ည၊ ဏ၊ ဓ၊ ဘ နှင့် လအက္ခရာများကို ရွေးချယ်သင့်သည်။

အဝတ်အထည်၊ ယာဉ်ကား အသုံးအဆောင်ပစ္စည်းများကို မိမိအတွက် ကံနိမိတ်ကောင်းစေသော အပြာရောင်၊ ရွှေရောင်၊ အဝါရောင် လိမ္မော်ရောင်နှင့် ညိုရွှေရောင်များကို ရွေးချယ်ဝတ်ဆင်အသုံးပြုသင့်သည်။ ကံနိမိတ်ကောင်းသော ရတနာများမှာ စိန်၊ ဥဿဖယား၊ ပယင်း၊ စိမ်းပြာရောင် တာကွိုက်ကျောက်၊ နီလာနှင့် အပြာရောင် ကျောက်များဖြစ်သဖြင့် အဆောင်ရတနာအဖြစ် တစ်မျိုးမျိုးကို အမြဲဝတ်ဆင်ထားသင့်သည်။ မည်သည့်လတွင်မဆို ၁၊ ၃၊ ၄၊ ၆ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။

မိမိဘဝသက်တမ်းတွင် အရေး ကြီးသော အကျိုးအဖြစ် ထူးထူးခြား ခြား ဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၁၊ ၆၊ ၁ဝ၊ ၁၅၊ ၁၉၊ ၂၄၊ ၂၈၊ ၃၃၊ ၃၇၊ ၄၂၊ ၄၆၊ ၅၁၊ ၅၅၊ ၆ဝ၊ ၆၄ နှင့် ၆၉ နှစ်များဖြစ်ကြသည်။

စက်တင်ဘာလ ၆၊ ၁၅ နှင့် ၂၄ ရက်များတွင် မွေးဖွားသူများ
စက်တင်ဘာလ ၆ ဂဏန်းရက်ဖွားများအတွက် အရေးကြီးသော ဂဏန်းများမှာ ၅ ဂဏန်းနှင့် ၆ ဂဏန်းများဖြစ်ကြသည်။

မည်သည့်လတွင်မဆို ၅၊ ၆၊ ၁၄၊ ၁၅၊ ၂၃ နှင့် ၂၄ ရက်များတွင် အရေးကြီးသော လုပ်ငန်းကိစ္စများကို လုပ်ဆောင်သင့်သည်။ ထီထိုးသင့်သည်။ အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ် စသည့်နံပါတ်များကို ဂဏန်းများအားလုံးပေါင်းရကိန်း ၅ သို့ မဟုတ် ၆ ဂဏန်းရသော နံပါတ်များကို ရွေးချယ်သင့်သည်။ ထီအက္ခရာအဖြစ် င၊ စ၊ ဎ၊ ဏ၊ ဗ နှင့် ဘ အက္ခရာများကို ရွေး ချယ်သင့်သည်။

မိမိအတွက် ကံနိမိတ်ကောင်း သော အရောင်များဖြစ်သည့် အပြာ ရောင်(အနု၊ အရင့်)၊ အဖြူရောင်၊ နို့နှစ်ရောင်ရှိသည့် အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံးအဆောင်ပစ္စည်း များကို ရွေးချယ်ဝတ်ဆင်အသုံးပြု သင့်သည်။

မိမိနှင့်ဓာတ်တည့်သော မိမိအတွက် ကံနိမိတ်ကောင်းစေသော ရတနာများဖြစ်သည့် စိန်၊ ပုလဲ၊ အဖြူ ရောင်ရှိသော ကျောက်မျက်များ၊ နီလာ၊ အပြာရောင်ရှိသော ကျောက်မျက်များနှင့် စိမ်းပြာရောင်ရှိသော ကျောက်မျက်တစ်မျိုးမျိုးကို အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့် သည်။ မည်သည့်လတွင်မဆို ၅၊ ၆၊ ၁၄၊ ၁၅၊ ၂၃ နှင့် ၂၄ ရက်တွင် မွေးဖွားသော ၅ ဂဏန်းနှင့် ၆ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။

မိမိဘဝသက်တမ်းတွင် အရေး ကြီးသော အကျိုးအဖြစ် ထူးထူးခြား ခြားဖြစ်ပျက်တတ်သော အသက်နှစ် များမှာ ၅၊ ၆၊ ၁၄၊ ၁၅၊ ၂၃၊ ၂၄၊ ၃၂၊ ၃၃၊ ၄၁၊ ၄၂၊ ၅ဝ၊ ၅၁၊ ၅၉ နှင့် ၆ဝ နှစ်များဖြစ်ကြသည်။

အောက်တိုဘာလ ၆၊ ၁၅ နှင့် ၂၄ ရက်များတွင်မွေးဖွားသူများ
အောက်တိုဘာလ ၆ ဂဏန်း ရက်ဖွားများအတွက် အရေးကြီးသော ဂဏန်းမှာ ၆ဂဏန်းများဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၆၊ ၁၅ နှင့် ၂၄ ရက်များတွင် အရေးကြီးသော လုပ်ငန်းကိစ္စများကို ဆောင်ရွက်သင့်သည်။ ထီထိုးသင့်သည်။ အထူးသဖြင့် မေလနှင့် အောက် တိုဘာလ၏ ၆ ဂဏန်းရက်များတွင် ပို၍အရေးကြီးသည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီ နံပါတ် စသည့်နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၆ ဂဏန်း ရသောနံပါတ်များကို ရွေးချယ်သင့် သည်။ ထီအက္ခရာအဖြစ် စ၊ ဏ နှင့် ဘ အက္ခရာများကို ရွေးချယ်သင့်သည်။ မိမိအတွက်ကံနိမိတ်ကောင်းသော အရောင်များဖြစ်သည့် ရွှေရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ ညိုရွှေရောင်နှင့် အပြာအနု-အရင့်ရောင်ရှိသည့် အဝတ်အထည် ယာဉ်၊ ကား၊ အသုံး အဆောင်ပစ္စည်းများကို ရွေးချယ်တပ်ဆင် အသုံးပြုသင့်သည်။

မိမိနှင့် ဓာတ်တည့်သော မိမိအတွက် ကံနိမိတ်ကောင်းစေသော ကျောက်မျက်ရတနာများဖြစ်သည့် စိန်၊ ဥဿဖယား၊ ပယင်းနှင့် စိမ်းပြာရောင် ကျောက်မျက်တစ်မျိုးမျိုးကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၆၊ ၁၅နှင့် ၂၄ ရက်များတွင် မွေးဖွားသော ၆ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိသည်။ မိမိဘဝ သက်တမ်းတွင် အရေး ကြီးသော အကျိုးအဖြစ် ထူးထူးခြားခြား ဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၆၊ ၁၅၊ ၂၄၊ ၃၃၊ ၄၂၊ ၅၁၊ ၆ဝ နှင့် ၆၉ နှစ်များဖြစ်ကြသည်။

နိုဝင်ဘာလ ၆၊ ၁၅ နှင့် ၂၄ ရက်များတွင်မွေးဖွားသူများ
နိုဝင်ဘာလ ၆ ဂဏန်းရက်ဖွား များအတွက်အရေးကြီးသော ဂဏန်းများမှာ ၆ ဂဏန်းနှင့် ၉ ဂဏန်းတို့ဖြစ်ကြသည်။

မည်သည့်လတွင်မဆို ၆၊ ၉၊ ၁၅၊ ၁၈၊ ၂၄ နှင့် ၂၇ ရက်များတွင် အရေးကြီးသော လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပါက ကံနိမိတ်ကောင်းမည်။ ထီထိုးသင့်သည်။ အထူးသဖြင့် ဧပြီလ၊ မေလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများ၏ ၆ ဂဏန်းနှင့် ၉ ဂဏန်းရက်များတွင် ပိုမိုကံကောင်းတတ်သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ် စသည့်နံပါတ်များကို ဂဏန်းများ အားလုံးပေါင်းရကိန်း ၆ ဂဏန်း သို့မဟုတ် ၉ ဂဏန်းရသော နံပါတ် များကို ရွေးချယ်သင့်သည်။ ထီအက္ခရာအဖြစ် စ၊ ဈ၊ ဏ၊ ဒ၊ ဘ နှင့် ရ အက္ခရာများကို ရွေးချယ်သင့်သည်။

မိမိအတွက် ကံနိမိတ်ကောင်းသော အရောင်များဖြစ်သည့် အပြာရောင်၊ အနီရောင်၊ ကြက်သွေးရောင်နှင့် ပန်းရောင်ရှိသည့် အဝတ်အထည်၊ ယာဉ်၊ ကား အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်ဝတ်ဆင်အသုံးပြုသင့်သည်။ မိမိနှင့်ဓာတ်တည့်သော ကံနိမိတ်ကောင်းစေသော ကျောက်မျက်ရတနာများဖြစ်သည့် စိမ်းပြာရောင် ကျောက်၊ နီလာကဲ့သို့သော အပြာရောင်ကျောက်၊ ပတ္တမြား၊ ကျောက်နီ တစ်မျိုးမျိုးကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၆၊ ၉၊ ၁၅၊ ၁၈၊ ၂၄ နှင့် ၂၇ ရက်များတွင် မွေးဖွားသော ၆ ဂဏန်းနှင့် ၉ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။ မိမိဘဝ သက်တမ်းတွင် အရေး ကြီးသော အကျိုးအဖြစ် ထူးထူးခြား ခြား ဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၆၊ ၉၊ ၁၅၊ ၁၈၊ ၂၄၊ ၁၇၊ ၃၃၊ ၃၆၊ ၄၂၊ ၄၅၊ ၅၁၊ ၆ဝ၊ ၆၃ နှင့် ၆၉ နှစ်များဖြစ်ကြသည်။

ဈေးကွက်ဂျာနယ် - zaygwet.com

Source by :blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။