ပေါင် ၄၀,ဝ၀ဝ တန်ကြေးရှိနိုင်တဲ့ ရှားပါးဝေလ ငါးအန်ဖတ်မအန်ဖူးတဲ့ နို့တိုက်သတ္တ ဝါ လောကမှာ မရှိပေမယ့် အဲဒီသတ္တဝါ တွေရဲ့ အန်ဖတ်တွေ ထဲမှာ တန်ဖိုးအရှိ ဆုံးကတော့ ဝေလငါးအန်ဖတ်ပါပဲ။ ဒါကို တော်တော်များများ သိကြမယ် မထင်ပါဘူး။ အခုလည်း ကြည့်ပါ။
ဘော်နီမောက်သ်မြို့အနီးHengistb ury Head ကမ်းခြေတလျှောက် လမ်း လျှောက်ထွက်လာခိုက် အလေးချိန် (၆၀ဝ) ဂရမ်ရှိ အစိုင်အခဲတစ်ခုကို ချာ လီနေးစမစ် (၈)နှစ်တွေ့ရှိခဲ့ပါတယ်။ အစတုန်းက တန်ဖိုးရှိတဲ့ဝေလငါး အန် ဖတ်မှန်းသူ မသိခဲ့ပါဘူး။ ဖယောင်း သုတ်လိမ်းထားတဲ့ ဝါဖန်ဖန့်နီညိုရောင် ကျောက်ခဲ တစ်လုံး ဖြစ်မယ်ဆိုပြီး ကောက်ယူလာခဲ့တာပါ။
အိမ်ရောက် လို့ မိဘတွေကို သွားပြတော့မှ ကျောက်ခဲမဟုတ်ဘဲ ရှားပါးဝေလငါး တစ်မျိုးဖြစ်တဲ့Sperm Whales တွေရဲ့ အန်ဖတ်ဖြစ်မှန်း သိခဲ့ရပါတယ်။ ဆယ်စုနှစ်များစွာ ရေထဲမျှောနေပြီး နေနဲ့ဆား ထိတွေ့မှုတွေကြောင့် အခုလို အမာခံအစိုင်အခဲအဖြစ် အသွင်ပြောင်း သွားတာပါ။ ဒီဝေလငါးအညစ်အ ကြေး အန်ဖတ်တွေဟာ သင်းပျံ့တဲ့ ရနံ့ရှိပါသတဲ့။ အလေးချိန်တစ်ပေါင် ကို တန်ဖိုးပေါင် ၆၃.ဝ၀ ရှိပြီး ဒီအန် ဖတ်ဟာလည်း ပေါင် ၄၀,ဝ၀ဝ လောက် တန်ကြေးရှိမယ်လို့ သိရပါ တယ်။
Source by :http://www.yoyarlay.com/

0 comments:
Post a Comment