ရုပ်ရှင်အစည်းအရုံးကလူတွေအားလုံး တက်ညီလက်ညီ ကြိုးစားနေကြ ပါတယ်လို့ ပြောတဲ့ ဝါဝါအောင်ဒီဇာတ်ကားမှာ မဝါက ဆုပန်ထွာ ရဲ့အမေပါ။ ဇာတ်လေး ကတော့ ရိုးရိုးဖန်စီ ဇာတ်လေးပါပဲ။ ပေါ့ပေါးပါးပါးပဲလုပ်ရတာ ပါ။ အစ်မကတော့ အခုနောက်ပိုင်း ရိုက်နေ ရတာ အမေနေရာ၊ ဇာတ်ပို့နေရာတွေပဲ ရိုက်နေရတာပါ။ ဆင်ဆာလွတ်လပ်ခွင့်နဲ့ပတ်သက် ပြီးပြောရရင်လည်း ရှိသင့်ရှိထိုက်တဲ့ဆင်ဆာ ဆိုတာတော့ရှိရမှာပါ။ လုပ်ပြသင့်၊ လုပ်ပြ ထိုက်တဲ့ဟာဆိုရင် လုပ်ပြရမှာပဲ။
တချို့ဇာတ် လမ်းတွေမှာ တကယ်လိုအပ်ပြီး ဇာတ်လမ်း ကိုပေါ်နိုင်တဲ့ဟာမျိုးကိုတော့ ရိုက်ပြချင်တာ ပေါ့။ အဲဒီအတွက်လည်း အစ်မတို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အားလုံးကလည်း တက်ညီလက်ညီနဲ့ ကြိုးစားနေကြပါတယ်။ အခုနောက်ပိုင်း အကယ်ဒမီနဲ့ပတ်သက်ရင် လည်း ကိုယ့်အနုပညာရှင်တွေပဲပြန်ပြီး ရွေး မှာဆိုတော့ ကောင်းပါတယ်။
အစ်မအနေနဲ့ ကတော့ လောလောဆယ်ဘာမှ သေချာမသိရ သေးပါဘူး။ တကယ်လုပ်ပြီဆိုရင်တော့ ကောင်းပါတယ်”လို့ ဆိုသွားတဲ့ အကယ်ဒမီ ဝါဝါအောင်ကလက်ရှိ မျိုးဆက်သစ် အငယ် လေးတွေနဲ့သရုပ်ဆောင်တဲ့အခါမှာ ဘယ်လို အခက်အခဲလေးတွေရှိလဲဆိုတော့ “အခက် အခဲကတော့ မရှိပါဘူးသမီးရယ်။
တချို့ လည်း တကယ်ဂါရဝထားပြီး ရိုသေတဲ့သူ တွေလည်းရှိပါတယ်။ သူတို့ရဲ့ အတွင်းစိတ် ကလေးတွေကိုတော့ မခန့်မှန်းတတ်ဘူးပေါ့။ တချို့လည်း နားမထောင်ချင်တဲ့ပုံစံမျိုးလေး တွေ တွေ့ရတယ်။ မဝါကတော့ ပြောလည်း ပြောခဲ့ပါတယ်။ သူတို့ရဲ့အပေါ်မှာပဲ သူတို့ ဆက်ဆံတဲ့အပေါ်မူတည်ပြီး အဆင်ပြေအောင် ဆက်ဆံလိုက်တာပါပဲ။
မဝါကတော့ ရှုတင် ပြီးတာနဲ့ အိမ်အတွက်ရယ်၊ ဦးအောင်ခိုင် အတွက်ရယ်ကို အမြဲတမ်းစီစဉ်ပေးရတယ်။ မနက်မိုးလင်း အိပ်ရာထဘုရားရှိခိုး ပြီးတာနဲ့ ရှုတင်သွားဖို့ပြင်ဆင်ရတာဆိုတော့ သူ့အတွက် မနက်စာစားဖို့လေးပဲ စီစဉ်ပေးနိုင်တာ။ သူ လည်း သူ့အလုပ်သူသွား၊ ကိုယ်လည်းကိုယ့် အလုပ်ကိုယ်သွား၊ နားတဲ့ရက်ဆိုရင်တော့ မိသားစုစုစုစည်းစည်းထမင်းစားနိုင်ဖို့ ကြိုး စားပါတယ်”လို့ဆိုသွားပါတယ်။
Source by :http://www.yoyarlay.com/

0 comments:
Post a Comment