Home » , , » Mouse ကို ဘယ်ဘက်လက်နဲ့ သုံးချင်တယ်ဆိုတဲ့ သူများ အတွက်ပါ

Mouse ကို ဘယ်ဘက်လက်နဲ့ သုံးချင်တယ်ဆိုတဲ့ သူများ အတွက်ပါ

Written By မောင်စေတနာ on Tuesday, August 21, 2012 | 5:47:00 PM

လူတွေက မိမိတို့ အားသန်ရာ ကို ပဲ အသုံးပြုချင်ပါတယ်။ မွေးကတည်းက ဘယ်လက်ကိုပဲ သုံးတတ်တဲ့သူဟာ Computer Mouse ကို ညာနဲ့ ကိုင်ရတယ်ဆိုရင် အတော်လေး ကသိက အောင့်နိုင်မယ် ထင်ပါတယ်။

ကျွန်တော် တင်ပြတဲ့ နည်းလေးက Mouse Function တွေ Landscape တွေပါ အားလုံး ဘယ်ကို ပြောင်းသွားမှာပါ။ စမ်းကြည့်လိုက်ပါ။ ညာလက်နဲ့မောက် ကို right click ပေးတဲ့အခါမှာ User ရဲ့ ညာဘက်မှာ ပေါ်ပါတယ် ။ ဒါကိုလည်း ဘယ်အသုံးပြုရဲ့ ဘယ်ဘယ် မှပေါ်အောင် ထပ်လုပ်လိုက်ပါ့မယ်။ အောက်ပါ အတိုင်းလုပ်ဆောင်ကြည့်ပါ။

အဆင့်၁ ။ Start menu မှတဆင့် Control panel ကိုသွားပါ။ အောက်ကပုံ အတိုင်းလေးပါဗျာ။



အဆင့်၂ ။ Control panel မှတဆင့် Mouse Setting ကိုဝင်လိုက်ပါ။ အောက်ကပုံလေး အတိုင်းပါဗျာ။



အဆင့်၃ ။ Bottons Tab က Switch Primary and Secondary Buttons ဆိုတဲ့နေရာလေးမှာ အမှန်ခြစ်လေး ပေးလိုက်ပါ ။ အဲဒါ ဆိုရင်တော့ အားလုံး အဆင်ပြေ သွားပါပြီ။ Mouse ကို ဘယ်နဲ့ ကိုင်လို့ရသလို ညာဘက်မှာကိုင် အသုံးပြုတဲ့ အတိုင်း အားလုံးက ပုံစံတူသွားပါပြီ။

ညာဘက်လက်နဲ့ပဲ သုံးချင်ပါတယ်ဆိုရင်တော့ ခုန ကျွန်တော်ပြောတဲ့ နေရာအဆင့် 3 ကိုပြန်သွားပြီး Switch Primary and Secondary Buttons ဆိုတဲ့နေရာလေးက အမှန်ခြစ်လေးကို ပြန်ဖြုတ်ပေးလိုက်ပါ။ဒါဆို ညာဘက်လက်နဲ့ ပြန်လည် အသုံးပြုလို့ ရမှာဖြစ်ပါတယ်ဗျာ။ အဆင်ပြေပါစေလို့မျှော်လင့်ပါတယ်။

ရဲကျော်ဖြိုး
(Yekyawphyo)
9FEB2012-006
Technique & Software
www.nayzawlin.com/
baby.blacklay4@gmail.com
yekyawphyo@nayzawlin.com
http://welcometoitbank.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။