Home » , » ကလေးတွေကို သတ်ဖြတ်စားသောက်တယ်လို့ ချင်းမိုင်ကမိခင်တဦး စွပ်စွဲခံရ

ကလေးတွေကို သတ်ဖြတ်စားသောက်တယ်လို့ ချင်းမိုင်ကမိခင်တဦး စွပ်စွဲခံရ

Written By မောင်စေတနာ on Tuesday, August 21, 2012 | 10:13:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIu_QQXbg3AKQAcmG7bhS5nPTEcdF5M-w4htsfujplQvxlVltWUYd3dzmcnSmlMtSvvXXUp22_EzBcNlXNpP0dIXqXPgBdAEMO1kbKYBPezh_kCfQBHYfDIUjs0RQ7kXNaX1i9YtGnmjCL/s400/mental-illness-the-brain.jpg

သတင်းများ အဆိုအရ ကိုယ့်သား ကလေးငယ် ၂ ဦးကို သတ်ပြီး ချက်ပြုတ်စားတယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးကို ရဲက ဖမ်းဆီးထားတယ်လို့ သြဂုတ်လ ၂၀ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် ညနေ ကြားဖြတ်သတင်းမှာ ဖော်ပြ ထားပါတယ်။

ချင်းမိုင်နဲ့ မလှမ်းမကမ်း မဲအိုင် ခရိုင်မှာ လွန်ခဲ့တဲ့ သတင်းပတ်က အသက် ၁ နှစ်နဲ့ ၅ နှစ်သား သားယောင်္ကျား လေး ၂ ဦး ကို မိခင်အရင်းဖြစ်သူက သတ်ဖြတ်ပြီး ချက်ပြုတ်စားသောက်တဲ့ တိုင်တန်း သတင်းပို့ချက်တွေကို ရဲက လက်ခံ ရခဲ့ပြီးနောက် တရားခံ အမျိုးသမီးကို ဖမ်းဖို့ ဖြစ်လာရတာပါ တဲ့။

ဒီ ကိစ္စဟာ ထိုင်းသတင်းလောကကို တောမီးလို ပြန့်နှံ့ သွားပါတယ်။

တရားခံဖြစ်သူ အမျိုးသမီးကို သူ့နေအိမ်မှာ အိပ်ပျော်နေစဉ် သူ့ဘေးမှာလည်း ပြန့်ကျဲနေတဲ့ သူ့သားလေးတွေရဲ့ ခန္ဓာကိုယ် အစိပ်အပိုင်း တွေနဲ့ အတူ တွေ့ခဲ့ရတာလို့ ထိုင်းရဲတွေက ပြောပါတယ်။ ရဲတွေက ဒါနဲ့ အဲဒီအမျိုးသမီးကို ခေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လို့ ရဲတွေ မေးသမျှ ဘာမေးခွန်းကို မဆို အဲဒီ အမျိုးသမီးက တခွန်းတပါဒမှ ပြန်မဖြေပါဘူးတဲ့။

ဒါနဲ့ အမျိုးသမီးရဲ့ နောက်ကြောင်း ရာဇ၀င်ကိုလိုက်တဲ့အခါမှာ ဒီအမျိုးသမီးဟာ ၂၀၀၇ ခုနှစ် စိတ်ရောဂါ ဖြစ်ခဲ့ လို့ ဆေး ကုသမှု ခံယူနေခဲ့ရတာပါ တဲ့။

သတင်းတွေအဆိုအရ တရားခံ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ပြောတာကတော့ လွန်ခဲ့တဲ့ ၁ လ၊ ၂ လလောက်က အဆိုပါ အမျိုးသမီးဟာ ဆေးမသောက်ပဲ ရပ်ထားခဲ့တယ်၊ ဆေးမရပ်ခင်ကတော့ သူ့ဇနီးက နေကောင်း တယ်လို့ ပြောခဲ့ပါတယ်တဲ့။

“ကျနော် မြို့ကို ၂ ရက်လောက် တက်သွားခဲ့တယ်။ သူ လိုတဲ့ ဆေးဝယ်ပြီးပြန်လာမယ်လို့ သူ့ကို ကျနော်ပြော ခဲ့တယ်။ အခု လို ဖြစ်လိမ့်မယ်လို့ ကျနော်ဘယ်တုန်းကမှ တွေးတောင် မထားခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။

ကောလဟာလတွေနဲ့ တချို့ သတင်းတွေအဆိုအရ ဒီအမျိုးသမီးသား ကိုယ့်သားတွေကို သတ်ပြီး ချက်စား လိုက်တယ်လို့ ပြောဆိုနေကြပေမယ့် ရဲကတော့ ဒီကိစ္စ အထောက်အထား မတွေ့ခဲ့ရပါဘူး တဲ့။

ရဲကပြောတာကတော့ ဆေးရုံမှတ်တမ်းတွေအရ ဒီအမျိုးသမီးဟာ တယောက်ယောက်က သူ့ကို ဒုက္ခ တခုခု လာပေးမှာပဲ ဆိုတဲ့ အကြောက်လွန်စိတ်ဝေဒနာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲတွေကတော့ ဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး မဟုတ်မမှန် ကောလဟာလ ဖြန့်တာတွေ ဆက်မလုပ်ကြဖို့ ဒီအမျိုးသမီးကို သနားစိတ်ထားကြဖို့ လူတွေကို တိုက်တွန်းထားပါတယ်။

ဒါပေမယ့် အဆိုပါ အမျိုးသမီးကို လူသတ်မှုနဲ့တော့ တရားစွဲလိုက်ပါတယ်။ သူ့အနေနဲ့ တရားရင်ဆိုင်ဖို့အတွက် စိတ်ပိုင်း ဆိုင်ရာ မကျန်းမာသေးဘူးဆိုရင်တော့ Suan Prung စိတ္တဇ ဆေးရုံကို ပို့ပြီး ဆေးကုသမှုတွေတော့ ခံယူရမယ့် အနေ အထား ရှိပါတယ်လို့ ဆိုပါတယ်။

ဘန်ကောက်ပို့စ် ညနေ ကြားဖြတ်သတင်း
http://www.bangkokpost.com/breakingnews/308526/woman-arrested-for-eating-her-own-children


Source by :blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။