Home » , » ဒုက္ခသည်များ ဂျပန်သွားမလား

ဒုက္ခသည်များ ဂျပန်သွားမလား

Written By မောင်စေတနာ on Thursday, February 23, 2012 | 11:30:00 AM

မြန်မာပြည်သားတွေ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပဂေးဆံအိုက်တိုး၊ သရီးဒီ စသဖြင့် လုပ်ငန်းအဖုံဖုံအတွက် ဂျပန်သွားရောက်ရေးဟာ အင်မတန့် အင်မတန် ခက်ခဲပါတယ်။ သိန်းပေါင်းများစွာ ပုံပေးပြီး ကျိုးစားရတာပါ။

သို့သော် - ထိုင်းနယ်စပ် ဒုက္ခသည်များအတွက်တော့ ပိုက်ဆံမကုန်ဘဲ သွားတဲ့နည်းတခု ရှိနေပါတယ်။ အင်တာဗျူးတခုတော့ အောင်ရမယ်လို့ ဆိုတယ်။

နို့ဖိုးဒုက္ခသည် စခန်းထဲက လာတဲ့ သတင်းက ဒီလိုပါ -

ဂျပန်နိုင်ငံ၏ ဒုက္ခသည်ခေါ်ယူရေး ရှေ့ပြေး ၃ နှစ် စီမံကိန်း နောက်ဆုံးအစီအစဉ် ( Japan Resettlement Program – 3 year Pilot Project )

ဂျပန်နိုင်ငံမှ ဒုက္ခသည်ခေါ်ယူရေး ဆိုင်ရာ တာဝန်ရှိသူများ၊ UNHCR ၀န်ထမ်းများ သည် နို့ဖိုးဒုက္ခသည် စခန်း ကော်မတီနှင့် ယမန်နေ့က တွေ့ဆုံနွေးကြပါသည်။

ထိုနောက် ဂျပန်နိုင်ငံ၏ ဒုက္ခသည် အစီအစဉ်ကို စိတ်ပါဝင်စားသောသူများအား နို့ဖိုး ဒုက္ခသည် စခန်း ခန်းမဆောင်တွင် တွေ့ဆုံပါသည်။

ရှေးဦးစွာ ဂျပန်နိုင်ငံသို့ရောက်ရှိနေပြီးသော ဒုက္ခသည်များအကြောင်း ရိုက်ကူးထားသော Video ပြသပါသည်။ ထို့နောက် ဒုက္ခသည် ခေါ်ယူရေးအစီအစဉ်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပါသည်။

ဂျပန်သွားဖို့ အင်တာဗျူး

ဂျပန်၏ ဒုက္ခသည် ခေါ်ယူရေးအစီအစဉ်အရ ၂၀၁၂ မတ်လ အကုန် နို့ဖိုးဒုက္ခသည် စခန်းမှ လျှောက်ထား လိုသူများသည် UNHCR မှ တဆင့် လျှောက်ထားနိုင်ပြီး ဂျွန်လတွင် လူတွေ့စစ်ဆေးမှု ပြုလုပ်မည် ဖြစ်သည်။

ယခု အစီအစဉ် အရ နို့ဖိုးဒုက္ခသည် စခန်းမှ လူဦးရေ ၃၀ ကို ခေါ်ယူလက်ခံသွားမည်ဖြစ်ပါသည်။

ဂျပန် နိုင်ငံသည် ဒုက္ခသည်များကို ပထမဆုံး လက်ခံသော အာရှတိုက်မှ နိုင်ငံတနိုင်ငံဖြစ်ပြီး မဲလ နှင့် အုန်းပြန့် ဒုက္ခသည် စခန်းများ မှ လည်း ဒုက္ခသည်များကို လက်ခံ ခေါ်ယူခဲ့ပါသည်။

အင်တာဗျူးအောင်ရင် ဘာလုပ်မလဲ

ဖြေဆို အောင်မြင်သူများ သြဂုတ်လတွင် မဲဆောက်၌ ဂျပန်စာ၊ ဂျပန်စကားနှင့် ယဉ်ကျေးမှု သင်တန်း ၃ ပတ် တက်ရောက်ရပါမည်။

၂၀၁၂ စက်တင်ဘာလအကုန်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာရမည်၊ ၂၀၁၃ မတ်လအထိ ၆ လကြာ ဂျပန်စာ၊ စကား သင်ကြားပေးမည်၊ နောက်ထပ် ၆ လ တွင် အလုပ်အကိုင်ရှာဖွေရေး သင်တန်း ထပ်မံသင်ကြား ပေးမည်ဟု သိရသည်။

ဂျပန်ရောက်ပြီး အစီအစဉ်များ

ဂျပန်အစိုးရက နေရေးထိုင်ရေး၊ အစားအသောက်၊ ကျန်းမာရေးအစီအစဉ်များကို ၁ နှစ် ထောက်ပံ့ပေးထားမည်၊ နောက်ပိုင်းတွင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် စီစဉ် ဆောင်ရွက်ပေးမည်၊ ကလေးများကို အထက်တန်းပညာအထိ အခမဲ့ ကျောင်းတက် ခွင့်ပြုလုပ်ပေးသွားမည်၊ ဂျပန် နိုင်ငံတွင် ၅ နှစ်ကြာ နေထိုင်ပြီးနောက် နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ကြပါသည် ဟု ဆိုသည်။

Source by :http://www.irrawaddyblog.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။